Preview

မင်းပြားဖလောင်းပြင်မှ လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် ညီအစ်မနှစ်ဦးထဲကအစ်မဖြစ်သူသေဆုံး

အောက်တိုဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :1116
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၁၇/၂၀၂၂

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် မင်းပြားမြို့နယ် ဖလောင်းပြင်ကျေးရွာမှ ညီအစ်မနှစ်ဦးအထဲကမလှဆန်းယဉ်(၂၃)နှစ်မှာ ေဆုံးသွားပြီဖြစ်ကြောင်းသတင်းရရှိသည်။

မလှဆန်းယဉ်ကို တစ်ခြားဒဏ်ရာရရှိသူတစ်ဦးဖြစ်သည့် ဒေါ်ဦးညွန့်စိန်(၆၅)နှစ်နှင့် အတူပေါက်တောဆေးရုံသို့ ယူဆောင်သွားစဉ် မလှဆန်းယဉ်မှာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း  လိုက်ပါဆောင်၇ွက်ပေးသူ ကျေးရွာသား တစ်ဦးက ပြောသည်။

"မင်းပြား ဖုရားမတောင်ကပစ်တဲ့လက်နက်ကြီးကြောင့် ဒဏ်ရာရသူတွေအထဲက ပေါက်တောဆေးရုံကိုဆေးကုဖို့ နှစ်ယောက်လာတာပါ။ ဆေးရုံကိုရောက်တော့ မလှဆန်းယဉ်ဟာ အသက်မရှိတော့ပါဘူး"ဟုပြောသည်။

ယနေ့ နေ့လယ် ၁၂နာရီ ခန့်တွင် မင်းပြားမြို့နယ်ဖုရားမတောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်သည် လောင်းပြင်ကျေးရွာထဲတွင် ကျရောက်ပေါက်ကွဲခဲ့ပြီးမလှဆန်းယဉ်(၂၃)၊ ဒေါ်ဦးညွန့်စိန်(၆၅) နှင့် မခင်နွယ်စိုး(၁၀)တို့ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယနေ့ နံနက် ၁၁ နာရီကျော်ခန့်က ရက္ခိုင့်တပ်တော် (AA)မှ စစ်ကောင်စီစစ်ကြာင်းတစ်ခုကို  မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက်မင်းပြား အခြေစိုက်တပ်ရင်းများက လူနေကျေးရွာများထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့  ပစ်ခတ်နေမှုကြောင့် ဒေသခံအရပ်သား  (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိကာ ယင်းအထဲမှ ညီအစ်မနှစ်ဦးမှာဒဏ်ရာပြင်းထန်ရရှိခဲ့သည်။  (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.