Preview

လက်နက်ကြီးကျည်ကျ၍ မင်းပြားထောင့်ချောင်းကျေးရွာတွင် ကျောင်းဆရာမတစ်ဦး ပွဲချင်းပြီးသေဆုံး

အောက်တိုဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :4859
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၁၇/၂၀၂၂

မင်းပြားမြို့နယ် ထောင့်ချောင်းကြီး ကျေးရွာတွင် တာဝန်ကျနေသည့်ကျောင်းဆရာမ ဒေါ်မမမြစောသည် ယနေ့ ညနေက စစ်ကောင်စီတပ်က ပစ်လိုက်သောလက်နက်ကြီးကျည်စထိမှန်၍ပွဲချင်းပြီး သေဆုံးသွားသည်ဟု သတင်းရရှိသည်။

ဆရာမဒေါ်မမြစောသည် ကျောင်းဆင်းချိန် ညနေ ၃ နာရီကျောင်းဆင်းချိန်တွင်  ကလေးများကိုကျောင်းလွှတ်ပြီးနောက် ကျောင်းဆင်းလာစဉ် ကျောင်းလမ်း၀တွင် လက်နက်ကြီးကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု သိ၇သည်။

မင်းပြား (၅၄၁)တပ်ရင်း သမင်ခြေရာရွာဟောင်းက ပစ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ ထောင့်ချောင်းကြီးကျေးရွာ စာသင်ကျောင်းကိုလာကျတာပါ။ ပွဲချင်းပြီးဆုံးပါတယ်။ အထူးစိတ်မကောင်းစရာပါဟု ဒေသခံ တစ်ဦးက ပြောသည်။

ဆရာမဒေါ်မမြစောသည်မင်းပြားမြို့ ပြည်တော်သာရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီးသမီးငယ် တစ်ဦးရှိကာ ထောင့်ချောင်းကျေးရွာတွင် စာပြရန် သွားရောက်စဉ် ယခုလို အဖြစ်ဆိုးနှင့်ကြုံရခြင်းဖြစ်ကြောင်း သိ၇သည်။

အလားတူ စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ခဲ့သည့် မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာမှ ညီအစ်မနှစ်ဦးအထဲက မလှဆန်းယဉ်(၂၃)နှစ်မှာ ယနေ့ ပေါက်တောဆေးရုံတွင် သေဆုံးသွားပြီဖြစ်ကြောင်းသတင်းရရှိသည်။

(ဓာတ်ပုံ- ကံစီမံရာပို့စ်)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.