Preview

လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် ညီအစ်မနှစ်ဦးစလုံးသေဆုံး၊ မင်းပြားမြို့နယ်တွင်စစ်ကောင်စီ၏ လက်နက်ကြီးကျည်ကြောင့် အပြစ်မဲ့၇ခိုင်အမျိုးသမီး ၃ ဦး တစ်နေ့တည်းအတွင်းသေဆုံးခဲ့ရ

အောက်တိုဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :5689
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၁၇/၂၀၂၂

 

အကြမ်းဖက်စစ်ကောင်စီက လူနေကျေးရွာများအထဲ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် မင်းပြားမြို့နယ် ဖလောင်းပြင်ကျေရွာမှ လက်နက်ကြီးကျည်ထိမှန်ခဲ့သည့် ညီအစ်မနှစ်ဦးစလုံးမှာ နာရီ ခြားကာ တစ်ဦးပြီးတစ်ဦးသေဆုံးခဲ့သလို စာပြနေသည့် ကျောင်းဆရာမတစ်ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့သည်။  

 

ယခုသေဆုံးမှုသည် တစ်ရက်တည်းအတွင်း အပြစ်မဲ့ ၇ခိုင်အမျိုးသမီး၃ ဦး အကြမ်းဖက် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးခဲ့၇ခြင်းဖြစ်သည်။

 

လက်နက်ကြီးကျည်ထိမှန်ခဲ့သည့်  ညီအစ်မနှစ်ဦးတွင်  မလှဆန်းယဉ်(၂၃)နှစ်သည် ပေါက်တော ဆေးရုံသို့ ယူဆောင်ရာတွင်ညနေ ၃ နာရီခန့်တွင် သေဆုံးသွားခဲ့ပြီး ညီမဖြစ်သူ မဆန်းနွယ်စိုး (၁၀)နှစ်သည် ညနေ ၄ နာရီတွင်သစ်ပုတ်တောင် ဆေးခန်းတွင် သေဆုံးသွားခဲ့သည်ဟု သိ၇သည်။

 

ညီမဖြစ်သူ မဆန်းနွယ်စိုးမှာမူ သစ်ပုတ်တောင်ကျေးရွာဆေးခန်းတွင်ဆေးကုသမှုခံယူနေစဉ်အတွင်း ယနေ့ညနေ လေးနာရီဝန်းကျင်ကသေဆုံးသွားပြီဖြစ်ကြောင်း ၎င်းအားဆေးခန်းသို့လိုက်ပါ ပို့ဆောင်ခဲ့သူ ဆွေမျိုးတစ်ဦးကပြောသည်။

 

"သူကမျက်နာမှာရော၊ ခြေထောက်မှာရော ဒဏ်ရာပြင်းထန်စွာ ရရှိသွားပါတယ်။ သူမကို မျက်နှာတစ်ခုလုံးပတ်တီးစည်းပြီးတော့ ဆေးထည့်ထားပေမဲ့ ဒဏ်ရာအရမ်းပြင်းထန်တဲ့ အတွက် ဘယ်လိုမှ သူမ အသက်ကိုမကယ်နိုင်ခဲ့ပါဘူး။  အစ်မဖြစ်သူ မလှဆန်းယဉ်သေပြီးနောက်  မကြာခင်မှာဘဲ ညီမ ဖြစ်သူလည်း သေဆုံးသွားပါတယ်။တစ်ရွာလုံး ပူဆွေးသောက ရောက်၇တဲ့နေ့ပါ" ဟု ၎င်းက ပြောသည်။

 

ယနေ့ နေ့လယ် ၁၂နာရီ ခန့်တွင် မင်းပြားမြို့နယ် ဖုရားမတောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးကျည်များကို ဖလောင်းပြင်ကျေးရွာထဲသို့  တမင်ရည်ရွယ်၍ ပစ်ခတ်ခဲ့သဖြင့်  ညီအစ်မ နှစ်ဦးဖြစ်ကြသည့် မလှဆန်းယဉ်နှင့် မခင်နွယ်စိုးတို့နှစ်ဦးအပါအဝင်      ဒေါ်ဦးမြစိန်(၆၅)တို့ တွင် ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

   လက်နက်ကြီးကျည်တွေ အရမ်းပြင်းပါတယ်။ စစ်တပ်က ပစ်တာပါ။ ဘယ်လိုမှငြင်းလို့ မရပါဘူး။ ဒီလောက်ထိ လက်နက်ကြီးတွေ အေအေမှာ မရှိပါဘူး။ ကျွန်းသူကျွန်းသား နယ်သူနယ်သားတွေ အကုန် သိပါတယ်။ တိုက်ပွဲဖြစ်ရင်  စစ်တပ်က ရွာတွေကို လက်နက်ကြီးနဲ့  အဝေးကနေ လှမ်းပစ်နေကျပါ။ သူတို့က ဒီလို ရွာတွေထဲကိုလက်နက်ကြီးနဲ့ ပစ်တာက လူမျိုးရေးအ၇လုပ်တယ်လို့ မြင်ပါတယ်ဟု၎င်းက ပြောဆိုသည်။

 

အဆိုပါသေဆုံးသွားခဲ့သည့် ညီအစ်မနှစ်ဦးစလုံးကို  သစ်ပုတ်တောင်ကျေးရွာတွင် သဂြိုလ်မည်ဟု သိ၇ကြောင်း အစ်မဖြစ်သူ မလှဆန်းယဉ်၏ အလောင်းကိုလည်း သစ်ပုတ်တောင်သို့ယူဆောင်သွားပြီ ဖြစ်ကြောင်း ဆွေမျိုးနီးစပ်သူတစ်ဦးကပြောသည်။

 

"ကျမရဲ့မောင်လေးနဲ့ လှဆန်းယဉ်က လင်မယားပါ။ သူတို့မှာ သမီးလေးတစ်ယောက်ရှိပါတယ်။ ကျွန်မမောင်လေးကသမီးကို ဆိုင်ကယ်ပေါ်မှာ တင်ပြီးတော့ သစ်ပုတ်တောင်ကို လိုက်သွားပါတယ်။ သူ့ဇနီးသည်ကိုအဲဒီမှာသဂြိုလ်မယ်လို့ပြောပါတယ်။  တူတူလိုက်ပါသွားတဲ့သူတွေကပြောပါတယ်။နှစ်နှစ်အရွယ်သမီးတစ်ယောက်ကျန်ခဲ့တာနဲ့  ကျွန်မမောင်လေးဘယ်လိုဖြေသိမ့်၇မလဲမသိတော့ပါဘူး" ဟုပြောသည်။

 

ယနေ့ညနေသုံးနာရီခန့်က မင်းပြားမြို့နယ်၊ ထောင့်ချောင်းကျေးရွာစာသင်ကျောင်းအ၀နားတွင်လည်း လက်နက်ကြီးကျည်ကျ၍ အဆိုပါ ကျောင်းတွင် တာဝန်ထမ်းဆောင်နေသူကျောင်းဆရာမဖြစ်သူ ဒေါ်မမြစော ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။

 

နောက်ထပ် ဖလောင်းပြင်ကျေးရွာမှ ဒဏ်ရာ၇သွားသူတစ်ဦးဖြစ်သည့်ဒေါ်ဦးညွန့်စိန်(၆၅)နှစ်ကိုလည်း  ပေါက်တောမြို့နယ်ဆေးရုံတွင်တင်ထားရသည်ဟု သိ၇သည်။

 

အကြမ်းဖက် မြန်မာစစ်ကောင်စီတပ်သည် အေအေနှင့် တိုက်ပွဲဖြစ်ပွားပြီးစစ်သားများ အထိနာလျှင် အရပ်သားကျေးရွာများကို တမင်ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများလှမ်းပစ်ခတ်လေ့ရှိကြောင်း သိ၇သည်။

 

ယနေ့ နံနက် ၁၁ နာရီကျော်ခန့်က  ရက္ခိုင့်တပ်တော် (AA)နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မိုင်းခွဲတိုက်ခိုက်ခံရသဖြင့်စစ်သားအများအပြားသေဆုံးသွားပြီးနောက် မင်းပြား အခြေစိုက် တပ်ရင်းများက လူနေကျေးရွာများထဲကိုတမင်ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

 

ထိုသို့  ပစ်ခတ်မှုကြောင့်ဒေသခံ အပြစ်မဲ့ အမျိုးသမီး ၃ ဦးသေဆုံးခဲ့သည့် အပြင် အရပ်သား  (၁၀) ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု သိ၇သည်။ 

 

ခုနှစ် သြဂုတ်လ(၂၈) ရက်နေ့ ညနေ ၅ နာရီခန့်တွင်လည်း မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာကို ၎င်းမြို့ အခြေစိုက် စစ်ကောင်စီတပ် ခမ၇ (၃ရ၇နှင့် ၅၄၀) တို့က ကျေးရွာအနီးတွင် တစ်စုံတစ်ရာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးများပစ်ခတ်သည့်အတွက် လက်နက်ကြီးကျည်ထိမှန်ကာ ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် (၃)ဦးသေဆုံးပြီး (၉ ) ဦး ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိခဲ့ကြောင်း သိ၇သည်။(NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.