နိရဉ္စရာ၊ အောက်တိုဘာ ၁၇/၂၀၂၂
၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးတွင် ယနေ့ည ၇ နာရီကျော်ခန့် မိုင်းကွဲသံနှစ်ချက်ကြား၇ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ဆူညံစွာကြားခဲ့၇သည်ဟု ဒေသခံများကပြောသည်။
၎င်းမိုင်းကွဲမှုမှာ ရက္ခိုင့်တပ်တော်(AA) က စစ်ကောင်စီတပ်ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ကြားသိ၇သည်ဟု ကျောက်တော်မြို့ခံတစ်ဦးကပြောသည်။
"အခု လောလောဆယ်တော့ ပစ်နေတုန်းပါ။ စိုက်ပျိုးရေးကျောင်းနားနဲ့ တံတားပေါ်မှာပစ်နေကြပါတယ်။ အရင်ဆုံး အုန်းခနဲဆိုပြီး အသံနှစ်ချက်ကြားပါတယ်။ နောက်ပိုင်းမှ လက်နက်ငယ်တွေ တဆက်တည်း လာတာပါ။ ကျောက်တော်တပ်မဘက်ကလည်း ပစ်နေပါတယ်။ အေအေဘက်က မိုင်းနှစ်လုံး အရင်ဆွဲခဲ့တယ်လို့လည်း သတင်းကြားနေ၇ပါတယ်။ ဒါပေမယ့် သေချာ မပြောနိုင်သေးပါဘူး" ဟု ယနေ့ည ၇ နာရီခွဲက နိရဉ္စရာမှ မေးမြန်းဆက်သွယ်ရာတွင် ပြောသည်။
အဆိုပါတံတားအရင်းတွင် ယနေ့ည ၇ နာရီကျော်ခန့်က ပထမဦးစွာ မိုင်းပေါက်ကွဲသံနှစ်ချက်ကို ကြား၇ပြီးနောက်တွင် လက်နက်ကြီးလက်နက်ငယ်အသံများ ဆက်တိုက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊
မိုးရွာသွန်းနေသဖြင့် မြို့ထဲပိုင်းရပ်ကွက်များမ လက်နက်ငယ်သံထက် လက်နက်ကြီးသံများကို ကြားနေ၇ကြောင်း ဒေသခံတစ်ဦးကပြောသည်။
"ဒီဖက်မှာ မိုးတွေရွာနေတော့ လက်နက်ငယ်သံတွေတော့ မြို့ထဲက သိပ်မကြား၇ဘူး။ လက်နက်ကြီးသံတွေတော့ တစ်ချက်တစ်ချက်ကြားနေ၇ပါတယ်။ တိုက်ပွဲဖြစ်နေတာလား၊ ဘာလဲတော့မသိ၇ပါဘူး" ဟုပြောသည်။
မိနစ် ၃၀ ခန့် လက်နက်ငယ်သံများ ကြား၇ပြီး နောက်ပိုင်း ငြိမ်သက်သွားပြီဖြစ်သော်လည်း ကျောက်တော်ရှိ စကခ (၉)တပ်ရင်းမှ လက်နက်ကြီးများ ဆက်လက်ပစ်ခတ်နေသေးကြောင်း ဒေသခံများကပြောသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း ကျောက်တော်မြို့ပေါ်တွင် ညည့်အချိန်၌ စစ်ကောင်စီလေယာဉ်များ ဝဲပျံကာ အင်အားပြနေသည့်ပုံစံလုပ်ဆောင်နေပြီး စကခ (၉)မှလည်း နေ့စဉ်ရက်ဆက် ပစ်ခတ်မှုများ ရှိနေကြောင်း ကျောက်တော်မြို့ခံတစ်ဦးကပြောသည်။
"သူတို့ကတော့ ပစ်ချင်သလိုပစ်နေပါတယ်။ ညည့်အချိန်ဆိုရင် လေယာဉ်ပျံပြတယ်၊ ရှိုးပြတယ်ပေါ့နော်။ ထိုတစ်နေ့ကတော့ လေယာဉ်ပေါ်ကပစ်ခဲ့တယ်။ နေ့တိုင်း ညဆယ်နာရီလောက် ဆိုရင် လေယာဉ်ပျံပြီ။ ခေါင်းပေါ်ကနေပျံသွားသလိုမျိုး။ စစ်မြေပြင်ကိုရောက်နေသလိုမျိုးပဲ။ စကခ (၉)က နေ့တိုင်း မနက်ဆိုရင်ပစ်ပါပြီ တစ်ရက်လုံးနီးပါးပဲ" ဟုပြောသည်။
ယနေ့နံနက် ၁၁ နာရီခွဲအချိန် မင်းပြားမြို့ကြပ်စင်တံတားအနီးတွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းတစ်ခုကို အေအေတပ်ဖွဲ့ဝင်များမှ မိုင်းခွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သားအထိနာခဲ့ပြီးနောက်တွင် စစ်ကောင်စီတပ်က မင်းပြားမြို့နယ်ရှိ လူနေကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့အမျိုးသမီး သုံးဦးသေဆုံးခဲ့ပြီး ဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ (NN-8)