Preview

ကျောက်တော်တွင် လက်နက်ကြီးကျည်ကျ၍ အသက် ၃၀ အရွယ် မူဆလင်အမျိုးသမီးတစ်ဦးသေဆုံး

အောက်တိုဘာ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :1939
ရခိုင် သတင်း

နိရဉ္စရာ၊  အောက်တိုဘာ၁၇/၂၀၂၂

၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယနေ့ဖြစ်ပွားသည့်တိုက်ပွဲထဲက လက်နက်ကြီးကျည်ကျ၍ အသက် ၃၀ အရွယ် မူဆလင်အမျိုးသမီးတစ်ဦးသေဆုံးသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူမှာ ကျောက်တော်မြို့နယ် အထက်ပိုက်သည်ကန်ပိုက်မူဆလင်ကျေးရွာမှမယာစ်မီနာ (၃၀) နှစ်(ဘ) ဦးမာမောက်တူချော ဖြစ်ကြောင်း သိ၇သည်။

ဒေသခံတစ်ဦးက "ဒီနေ့ည ခုနှစ်နာရီခွဲကဖြစ်တာပါ။ အဲဒီအချိန်သူ့အိမ်ကိုလက်နက်ကြီးကျတာပါ။ အပေါက်၀ဆေးရုံကို ရောက်တဲ့အချိန် သေသွားပါပြီ။ အခုပြန်လို့သူ့အလောင်းကို ရွာကိုသယ်လာပါပြီ။ ကျောက်တော်တောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်တပ်က ပစ်တဲ့လက်နက်ကြီးလို့သိ၇ပါတယ်"ဟု ပြောသည်။

သူမအား အနီးအနားရှိ အပေါက်၀တိုက်နယ်ဆေးရုံသို့ ယူဆောင်လာပြီးနောက်တွင်ရရှိထားသော ညာဘက်ပေါင်ရင်း ဒဏ်ရာပြင်းထန်၍ သေဆုံးသွားခဲ့သည်ဟု တစ်ခြားပ၇ဟိတသမားတစ်ဦးကပြောသည်။

"ပိုက်သည်ရပ် ကံပေါက်ရွာမှာလက်နက်ကြီးကျလို့ မူဆလင်အမျိုးသမီးဒဏ်ရာပြင်းလို့ ၈ နာရီလောက်ကနေ အပေါက်၀ဆေးရုံကိုယူသွားတာပါ။ အခုတော့ ဆုံးသွားပြီလို့သိရပါတယ်။လက်ရှိအချိန်ထိလည်း လက်နက်ကြီးသံ၊ လက်နက်ငယ်သံတွေ ကြားနေ၇ဆဲပါပဲ" ဟု ပြောသည်။

သေဆုံးသူ မယာစ်မီနာမှာ အိမ်ထောင်သည် တစ်ဦးဖြစ်သည်ဟု သိ၇သည်။ 

လက်ရှိ ည ၁၀ နာရီ အချိန်ထိ သေနတ်ပစ်ခတ်သံများကို ကြားနေ၇ဆဲဖြစ်သည်ဟုဒေသခံများက ပြောသည်။

၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကစ္ဆပနဒီတံတားအနီးတွင် ယနေ့ည နာရီကျော်ခန့်  စစ်ကောင်စီတပ်ဖွဲ့ကိုအေအေက မိုင်းခွဲတိုက်ခိုက်ပြီးနောက်လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများကို ကြားခဲ့၇သည် ဒေသခံများကပြောသည်။

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.