သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မောင်တော ကရုဏာကွန်ရက်အသင်းဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးမှူးအပါအဝင် ဒေသခံ ၄ ဦး မတရားအသင်းဆက်သွယ်မှုပုဒ်မ ပုဒ်မ ၁၇(၁)(၂)ဖြင့် အမှုဖွင့်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဥ္စရာ၊ အောက်တိုဘာ ၁၈/ ၂၀၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှ ကရုဏာကွန်ရက် အသင်းမှ ဥက္ကဋ္ဌနှင့် ဘဏ္ဍာရေးမှူးအပါအဝင် ဒေသခံ ၄ ဦးသည် မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) (၂)ဖြင့် အမှုဖွင့်ခံလိုက်ရသည်ဟု သိရသည်။

မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) (၂)ဖြင့် အမှုဖွင့်ခံလိုက်ရသူများမှာ မောင်တောမြို့မှ ကရုဏာကွန်ရက်အသင်း ဥက္ကဋ္ဌ ဦးချစ်ထူးခိုင်၊ ဘဏ္ဍာရေးမှူးဦးလှသိန်း၊ KNN ရေသန့်စက်ပိုင်ရှင် ဦးထွန်းလင်းကျော်နှင့် မောင်တောမြို့အမှတ် ၄ ရပ်ကွက်နေ ဦးမောင်ဘုတို့ဖြစ်သည်။


သူတို့သည် အောက်တိုဘာ ၁၆ ရက်က မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့်ခံထားရခြင်းဖြစ်သည်ဟု သူတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။


"သူတို့ အမှုဖွင့်ခံရတာ ဟုတ်ပါတယ်။ AA ကို ထောက်ပံ့မဲ့ ပိုက်ဆံတွေ စုထားတယ်၊ ကောက်ထားတယ် အဲလိုပုံစံမျိုးနဲ့ စွပ်စွဲထားတာဖြစ်မယ်ထင်တယ်"ဟု ပြောသည်။


အမှုဖွင့်ခံရသူ ၄ ဦးအနက် ကရုဏာကွန်ရက်အသင်း ဘဏ္ဍာရေးမှူးဦးလှသိန်းနှင့် KNN ရေသန့်စက်ပိုင်ရှင် ဦးထွန်းလင်းကျော်တို့သည် သူတို့၏နေအိမ်များတွင် အောက်တိုဘာ ၁၅ ရက် ည၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရခြင်းဖြစ်ပြီး ကျန် ၂ ဦးမှာ တိမ်းရှောင်နေရသည်ဟု မြို့ခံများကပြောသည်။

ဆက်စပ် သတင်းများ