စနေ၊ မေလ ၄ရက်၊ ၂၀၂၄

အမ်းတွင် ဒေသခံအမျိုးသမီး ၂ဦးအပါအဝင် ၄ ဦးကို စစ်တပ်ကဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 4.6k

နိရဉ္စရာ၊ အောက်တိုဘာ ၁၉/ ၂၀၂၂

 

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ဒေသခံအမျိုးသမီး ၂ဦးနှင့် အမျိုးသား ၂ဦး၊ စုစုပေါင်း ၄ ကို စစ်တပ်ကဖမ်းဆီးသွားသည်ဟု ဒေသခံများဆီမှ သတင်းရရှိသည်။

 

ဖမ်းဆီးခံရသူများမှာ အမ်းမြို့နယ် လုံးအုပ်စု၊ ထန်းချောင်းကျေးရွာမှ ဒေါ်သန်းဝင်း(၃၉)နှစ်၊  ဒေါ်ဖြူစေ့ကေ(၅၃)နှစ်၊ ပြိုင်းချောင်းကျေးရွာမှ ဦးငပေ(၄၂)နှစ်၊ ထန်းပင်ကျေ

ရွာအုပ်စု၊ အောက်ရန်ကုန်ကျေးရွာမှ ဦးငယောင် (၅၂)နှစ်ဖြစ်သည်ဟု သိရသည်။

 

အဆိုပါဖမ်းဆီးခံရသူ ၄ဦးကို ယမန်နေ့အောက်တိုလ ၁၈ရက်၊ ညနေ ၃နာရီအချိန်ခန့်လောက်တွင် အမ်းအခြေစိုက် စစ်ကောင်စီတပ်သားများက ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ နေအိမ်သို့လာရောက်ဖမ်းဆီးသွးသည်ဟု သိရသည်။

 

"အမ်းဘက်မှာ အခုက အဖမ်းအဆီးသိပ်များနေတယ်။ အခုဖမ်းသွားတာက အမ်းအခြေစိုက်တပ်က ဖြစ်နိုင်ပါတယ်။ ရက္ခိုင့်တပ်တော်(AA)နဲ့ ဆက်စပ်တယ်လို့ သံသယရှိသူတွေကို လိုက်ဖမ်းတာပဲ။ အခုလည်း အဲ့ဒီသံသယနဲ့ဖမ်းသွားတယ်လို့ထင်တယ်။ ဒါပေမဲ့ ဘာကြောင့် ဖမ်းသွားလဲတော့ အသေးစိတ်တော့ သူတို့ စစ်တပ်က မပြောတဲ့ အတွက် သိရဘူး" ဟု အမ်းမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

 

ဖမ်းဆီးခံရသူများကို မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုလည်း မသိရသေးဟု ၎င်းက ပြောသည်။

 

အမ်းတွင် ပြီးခဲ့သည့်အောက်တိုဘာ ၁၄ ရက်နေ့က အမ်းမြို့နယ် ကဇုကိုင်းအုပ်စု တောင်မော်ရွာမှ ရွာသား တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်ဆီးသတ်ဖြတ်ခဲ့ကြပြီး ပြီးခဲ့သည့်အေက်တိုဘာလ ၁၆ရက်နေ့ကလည်း အမ်းမြို့နယ်၊ မွှားကျေးရွာအုပ်စု၊ ဟင်းရွက်ကျေးရွာတွင် ဆိုင်ရောင်းနေသည့် အသက်(၄၁)နှစ်အရွက် အမျိုးသမီးတစ်ဦးကို စစ်တပ်ကဖမ်းဆီးသွားသည်။(NN-12)

ဆက်စပ် သတင်းများ