Preview

စစ်ကောင်စီတပ်က ရသေ့တောင် ပြိန်းတောရွာထဲ လက်နက်ကြီးဖြင့်ပစ်ခတ်၊ ၇တန်းကျောင်းသူ ၁ ဦး ပွဲချင်းပြီးသေဆုံး

အောက်တိုဘာ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :4245
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၁၉/၂၀၂၂

ရခိုင်ပြည်နယ်၇သေ့တောင်မြို့နယ် ပြိန်းတောကျေးရွာထဲကိုယနေ့နံနက်က စစ်ကောင်စီတပ်က တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ၇တန်းကျောင်းသူ ၁ဦး ပွဲချင်းပြီးသေဆုံးသွားကြောင်းသိ၇သည်။

သေဆုံးသွားသူမှာပြိန်းတောကျေးရွာမှ ဦးအောင်ကျော်မင်းနှင့်ဒေါ်သိန်းနုတို့၏သမီး ၇တန်းကျောင်းသူမငြိမ်းအေးဇံ(ခေါ်)မဖြူမ(၁၃) နှစ်ဖြစ်သည်။

ယနေ့အောက်တိုဘာ ၁၉ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် ရသေ့တောင် ရေစိုးချောင်းဗျူဟာက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ၄ လုံးအနက် ၃လုံးမြောက်လက်နက်ကြီးကျည်သည် သူမတို့အိမ်သို့ ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ယခုကဲ့သို့သေဆုံးသွားခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးကပြောသည်။

"လက်နက်ကြီးကျည်က အိမ်ထဲမှာကွဲတာ။ သူလည်း အိမ်ထဲမှာရှိနေတုန်းလက်နက်ကြီးကျည် ကျကွဲလို့အိမ်ထဲကနေ အိမ်အပြင် လမ်းပေါ်အထိလွင့်စင်သွားခဲ့တယ်။ ဒဏ်ရာတွေကတော့ကျောကုန်းကနေပွင့်ထွက်သွားပြီးခါးအောက်ပိုင်း ပြတ်ထွက်လုနီးပါး ဖြစ်သွားတယ်"ဟုပြောသည်။

ယခုဖြစ်စဥ်ကြောင့်နေအိမ်လည်း ပျက်စီးသွားခဲ့သည့်အပြင် အိမ်ထဲရှိ အုန်းပင်လည်း တစ်ပင်ကျိုးပိုင်းသွားခဲ့သည်ဟု ဆိုသည်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲစဥ်အိမ်တွင် သူမတစ်ဦးတည်းရှိနေပြီး မိဘများမှာ အခြားရွာသို့သွားရောက်လျက်ရှိနေခဲ့ကြောင်း သိ၇သည်။


သမီးတစ်ဦးဆုံးရှုံးသွားမှုအပေါ် ဖခင်ဖြစ်သူ ဦးအောင်ကျော်မင်းက "ဘယ်လိုပြော၇မလဲ။ ပြောဖို့လည်း မတတ်တော့ဘူး။ မွမ်းကျပ်သွားပြီ ။ ကျန်တာ မပြောတတ်တော့ဘူး"ဟု ပြောသည်။


ယနေ့နံနက်ကရေစိုးချောင်းဗျူဟာက ပြိန်းတောကျေးရွာအနီးတိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ လက်နက်ကြီးကျည် ၄ လုံး ဆက်တိုက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုရွာသားများက ပြောသည်။

ကျန်၃ လုံးမှာ ရွာအနီးရှိ ချောင်းအနီးတွင်၁ လုံး၊ရွာအရှေ့ဘက်တွင် ၁ လုံးနှင့် ရွာအနီး အုန်းတောတွင် ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာအတွင်အခြားထိခိုက်မှုများ မရှိခဲ့ဟု ရွာသားများကဆိုကြသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.