နိရဉ္စရာ၊ အောက်တိုဘာ၁၉/၂၀၂၂
ရခိုင်ပြည်နယ်မင်းပြားမြို့နယ် ထောင့်ချောင်းကြီးကျေးရွာတွင် တာဝန်ထမ်းဆောင်နေစဥ်ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကောင်စီ လက်နက်ကြီးကျည်ကျ၍ ကွယ်လွန်သွားခဲ့သည့်ကျောင်းဆရာမ ဒေါ်မမြစော (၄၉နှစ်)၏ အသုဘကို ယနေ့ပြုလုပ်ရာ ဒေသခံပြည်သူ ထောင်နှင့်ချီလိုက်ပါ ပို့ဆောင်ခဲ့ကြသည်ဟု သိ၇သည်။
ဆရာမ၏ အသုဘကို ယနေ့ အောက်တိုဘာ၁၉ ရက် နေ့လယ် ၁ နာရီခွဲတွင် မင်းပြားမြို့မ သုသာန်ပြုလုပ်ခဲ့ပြီး မီးသဂြိုလ်လိုက်ခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။
"မီးသဂြိုလ်ခဲ့တာပါ။ပြီးတော့ အရိုးပြာကို ဂူသွင်းဖို့လုပ်နေကြပါတယ်။ ဆရာမရဲ့ နောက်ဆုံးခရီးကို လိုက်ပါ
ဆရာမ ဒေါ်မမြစောသည်မင်းပြားမြို့ ပြည်တော်သာရပ်ကွက်တွင် မိသားစုနှင့် နေထိုင်သူဖြစ်ပြီး မင်းပြားမြို့နယ်ထောင့်ချောင်းကြီးကျေးရွာမူလတန်
သူမသည် ပြီးခဲ့သည့်အောက်တိုဘာ ၁၇ ရက် ညနေပိုင်းက ကျောင်းတွင် တာဝန်ထမ်းဆောင်နေစဥ် ပြားမြို့အခြေစိုက် ခမ၇၅၄၁၊ ၃၇၉၊ ၃၈၀ တပ်ရင်းတို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ လက်နက်ကြီးကျည်စထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ယင်းနေ့တစ်ရက်တည်းတွင်မင်းပြားရှိ စစ်ကောင်စီတပ်တို့က လက်နက်ကြီးကျည်များ ပစ်ခတ်ခဲ့၍ မင်းပြားမြို့နယ်၊ ဖလောင်းပြင်ကျေးရွာမှညီအစ်မနှစ်ဦးဖြစ်သော မလှဆန်းယဥ် (၂၃ နှစ်)နှင့် မဆန်းနွယ်စိုး (၁၀နှစ်)တို့လည်း လက်နက်ကြီးကျည်စထိမှန် သေဆုံးသွားခဲ့သည်။
ယင်းသို့ပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ထက်မနည်း ရှိခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။
ယင်းအပြင်ယင်းနေ့ညနေက ကျောက်တော်အခြေစိုက်စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့၍ ကျောက်တော်ပိုက်သည်ရပ်မူဆလင်ကျေးရွာမှ အသက် ၃၀ အရွယ် မူဆလင်အမျိုးသမီး ၁ ဦးသေဆုံးခဲ့သလို အောက်တိုဘာ ၁၈ ရက်ကလည်း ဘူးသီးတောင်မြို့နယ်စိမ်းညှင်းပြားကျေးရွာအုပ်စု၊ဒိုင်းနက်ပြင် ကျေးရွာမှ အသက်(၄၂)နှစ်အရွယ် မူဆလင်ရွာသား တစ်ဦးသေဆုံးသွားခဲ့သည်။