စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကျောက်တော်တွင်ပေါက်ကွဲသံကြားရပြီးနောက် ပစ်ခတ်မှုဖြစ်ပွား၊ တစ်မြို့လုံးအခြေအနေ မငြိမ်မသက်ဖြစ်နေ၊ ပန္နဲချောင်းရွာသားများ ထွက်ပြေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7k

နိရဉ္စရာ၊ အောက်တိုဘာ ၁၉/၂၀၂၂

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ပေါက်ကွဲသံများကြားရပြီးနောက် လက်နက်ကြီး လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်သံများထွက်ပေါ်လာသဖြင့် ကျောက်တော်မြို့ပေါ်တွင် မတည်မငြိမ်ဖြစ်နေပြီး အနီးအနားရှိ ပိန္နဲချောင်းရွာသားများမှာ ရွာကနေ ထွက်ပြေးနေကြသည်ဟု သတင်းရရှိသည်။

 

မြို့ခံတစ်ဦးက "ကျောက်တော်ကစ္ဆပနဒီတံတားအဆင်းနား ပိန္နဲချောင်းနားမှာ အရင်ဆုံး ပေါက်ကွဲသံ နှစ်ချက် ထွက်လာတယ်။ ပြီးတော့ လက်နက်ငယ်တွေနဲ့ စစ်သားတွေက ဆယ်မိနစ်လောက် ပစ်ခတ်ခဲ့တယ်" ဟုပြောသည်။

 

ထိုသို့ပေါက်ကွဲသံကြားရပြီး ကျောက်တော်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ရှေ့တိုး နေရာယူထားသည့် တပ်စခန်းများ၊ ကစ္ဆပနဒီမြစ်၏ အနောက်ဘက်ကမ်း ထွေအုပ်ရိပ်သာအနီးအနားရှိ လမ်းတွင်တပ်စွဲထားသည့် စခန်းနှင့် ကျောက်တော်တပ်မတို့မှလက်နက်ငယ်၊ လက်နက်ကြီးများပစ်

ခတ်ခဲ့သည်ဟု သိရသည်။

 

"ပစ်တာကတံတားမှာ စစ်တပ်ရှိတယ်။ ပိန္နဲချောင်းမှာလည်း ရှိတယ်။ ကစ္ဆပနီမြစ် အရှေ့ဘက်ကမ်းက ပိန်န္နဲချောင်းရွာဘက်ကလည်းကြားရတယ်။ ကစ္ဆပနဒီမြစ်အနောက်ဘက်ကမ်း ထွေအုပ်ရိပ်သာရှိတယ်။ အဲ့ဒီနေရာတွေက ပစ်တာပိုပြီးကြားရတယ်။ ၂နာရီဝန်းကျင်လောက်ကနေစပစ်တာ။ လက်နက်ကကြီး လက်နက်ငယ်တွေနဲ့။ နေ့ခင်းဘက်ဆိုတော့ ဘယ်ကိုပစ်မှန်းမမြင်ရဘူး။ အသံကြားရဘက်ကိုပဲ ခန့်မှန်းနေရတယ်" ဟု မြို့ခံတစ်ယောက်ကပြောသည်။

 

ကျောက်တော်တွင်ထိုသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်နေ၍ တစ်မြို့ုံး စိုးရိမ်မှုနှင့် အတူ ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ဟုလည်း သိရသည်။

 

"အခုက ကျောင်းတက်ချိန်ဆိုတော့ ကျောင်းသား၊ကျောင်းသူတွေ ကျောင်းပြေးဆင်းလာတာ တွေ့ရတယ်။ မိဘတွေကလည်း ခေါ်နေကြတာမြင်ရတယ်။စျေးကိုပိတ်ပြီးလည်း ပြန်လာကြတယ်။ တစ်မြို့လုံး ရဲကြီးသုတ်ပြာဖြစ်နေကြတယ်" ဟု မြို့ခံများက ပြောသည်။

 

စစ်ကောင်စီတပ်မှ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ခတ်၍ ကျောက်တော်မြို့နယ်၊ ပိန္နဲချောင်း ကျေးရွာရှိ လခြမ်းမြီဆန်စက်ဆန်စက်ဝင်းထဲသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့သလို ကျောက်တော်မြို့နယ်၊ နာဂရာကျေးရွာစာကြည့်တိုက်တွင်လည်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။ သို့သော် လူထိခိုက်ဒဏ်ရာရရှိမှုများရှိသည်ဟုလည်း သိရသည်။

 

ယင်းအပြင် ပိန္နဲချောင်းမှ ရွာသားများလည်း ဝက်မှိုင်း၊ ကျောက်တန်း၊ သဝင်ချောင်းစသည့် ကျေးရွာများဆီသို့ထွက်ပြေးခိုလှုံနေကြသည်ဟု သိရသည်။

 

ကျောက်တော်တွင် ပြီးခဲ့သည့်အောက်တိုဘာလ ၁၇ရက်နေ့ကလည်း ကစ္ဆပနဒီတံတားအနီးတွင် ည ၇ နာရီကျော်ခန့် ကမိုင်းကွဲသံနှစ်ချက်ကြားရပြီးနာက် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်ခဲ့သည်။(NN-12/8)

ဆက်စပ် သတင်းများ