စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကျောက်တော်တွင် လက်နက်ကြီးကျည်စထိမှန်၍ လူ၂ဦး ထိခိုက်ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 9.4k

 နိရဉ္စရာ၊ အောက်တိုဘာ ၁၉/၂၀၂၂

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နှင့် အနီးဝန်းကျင်တွင် ယနေ မွန်းလွဲ ၂နာရီခန့်က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း လက်နက်ကြီးကျည်စထိမှန်၍ လူ၂ဦး ဒဏ်ရာရှိသွားသည်ဟု သတင်းရရှိသည်။

 

ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ ကျောက်တော်မြို့နယ်၊ ဝက်မှိုင်းကျေးရွာမှ ကိုမောင်ကျော်သန်

(၂၄)နှစ်နှင့်  ကိုကျော်မောင်(၃၄) နှစ်တို့ဖြစ်ကြသည်ဟု သိရသည်။

 

သူတို့နှစ်ဦးသည် ကျောက်တော်မြို့နယ်၊ ပိန္နဲချောင်းကျေးရွာ၊ လခြမ်းမြီဆန်စက်အတွင်း၌ရှိနေစဥ် ယနေ့ညနေ ၂နာရီခန့်က လက်နက်ကြီးကျည်ကျရောက်ပြီး ကျည်စထိမှန်သွားခဲ့သည်ဟု သိရသည်။

 

သူတို့နှစ်ဦးနက် ကိုမောင်ကျော်သန်းတွင် ညာဖက်ပေါင်၌ လက်နက်ကြီးကျည်စထိမှန်ပြီး ကိုကျော်မောင်တွင် ဘယ်လက်၊ ညာလက်နှင့် ဝမ်းဗိုက်တို့တွင် လက်နက်ကြီးကျည်စများထိမှန်ခဲ့သည်ဟုသိရသည်။

 

"၃နာရီလောက်က ကျွန်တော်တို့သွားရောက်ကူညီခဲ့တယ်။ အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့တော့ ဆရာဝန်ကပြောတယ်။ အခုတော့ သူတို့နှစ်ယောက်က ကျောက်တော်မြို့မဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်" ဟု ကျောက်တော်မြို့၊ ဖြူစင်မေတ္တာ ပရဟိတအသင်းမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးနိုင်ဝင်းလွင်ကပြောသည်။

 

ကျောက်တော်တွင် ယနေ့ နေ့လယ်က ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျောက်တော်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် ကျောက်တော်မြို့နယ်၊ ပိန္နဲချောင်းကျေးရွာရှိ လခြမ်းမြီဆန်စက် အတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။(NN-12)

ဆက်စပ် သတင်းများ