နိရဉ္စရာ၊အောက်တိုဘာ ၂၀/၂၀၂၂
ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်ရှိ သဲခုံကျွန်းအနီးတွင်ကျောက်ချရပ်နားနေသည့် စစ်ကောင်စီဇက်ရေယာဉ်သည် ၎င်းတို့အနီးခရီးသွားလာသည့်ရေယာဉ်များတွင် ဆန်အပါအဝင် စက်သုံးဆီနှင့် စားဆီများသယ်ဆောင်မှုအားအကန့်အသတ်ဖြင့်သာ သယ်ဆောင်ခွင့်ပေးပြီးငွေကြေးတောင်းခံမှုများလည်း ရှိနေသည်ဟု ဒေသခံခရီးသွား ပြည်သူများကပြော
လွန်ခဲ့သည့်ရက်ပိုင်းမှစတင်ကာပေါက်တောမြို့နယ် အနောက်ဖရုံကာကျွန်းအထဲတွင် ပါဝင်
"ဆန်အိတ်တွေကို ၅ အိတ်ထက် ပိုမတင်၇ဘူး။ ၅ အိတ်ထက်ပိုတင်လို့ရှိရင်သူတို့ဆီကို အခွန်ဆောင်ရမယ်ပြောတယ်။ဆီတွေကိုဆိုရင်လည်း ကန့်သတ်ချက်တွေနဲ့သယ်၇မယ် ပြောတယ်။နေဗီဇက်ရေယာဉ်တစ်စီးနဲ့ စစ်နေတာပါ။သူ့တို့ကအချိန်ပြည့် ကျောက်ချပြီ
ထို့အပြင်စစ်ဆေးခံ၇သည့် တစ်ချို့စက်လှေများမှလည်းဆန်တစ်အိတ်ကို ၁၀၀၀ ကျပ်၊ စက်သုံးဆီ ၁၅ ဂါလံတစ်ဘူးကို၁၅၀၀ ကျပ်နှုန်း စသည်ဖြင့် တောင်းခံမှုများလည်း ရှိနေပြီး ကုန်ဆိုင်များတွင်ပြန်လည်ရောင်းချရန်အတွက် ဆန်အိတ်များကို တင်ဆောင်ခွင့်မရှိဘဲအကန့်အသတ်ဖြင့်သာ တင်ခွင့်၇ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
"ဆိုင်သည်တွေမှာတော့ ငါးအိတ်၊ ဆယ်အိတ်ချကြတယ် အရင်က၊အခုအဲလိုမျိုးမချစေ၇ဘူး။ အိမ်မှာစားဖို့အတွက် တစ်အိတ်နှစ်အိတ်လောက်ပဲ တင်လို့၇ပါတယ်။ဘာလုပ်ဖို့ယူသွားတာလဲ၊ ဘာလုပ်မှာလဲဆိုပြီးတော့သူတို့က စစ်တယ်"ဟုပြောသည်။
ထို့အပြင်ယနေ့ အောက်တိုဘာလ ၂၀ ရက်မှစ၍ပေါက်တောမြို့နယ်မှ စက်လှေအားလုံးကိုလည်း စစ်တွေမြို့သို့ အဝင်အထွက်ကို ရက်အကန့်အသတ်မရှိပိတ်ထားလိုက်သည့်အတွက် ရေရှည်ပိတ်ထားပါက ရေလမ်းကြောင်းကိုအားထားပြီးငါးဖမ်းလုပ်ငန်းလုပ်ကိုင်နေသူမျ
"ဒီနေ့ကစပြီး စစ်တွေကိုအထွက်အဝင်မလုပ်ရဘူးလို့ပြောပါ
အဆိုပါသဲခုံရွာအနီးတွင် စစ်ဇက်ရေယာဉ်ကစစ်ဆေးမှုသည် ယခုရက်ပိုင်းအတွင်းမှသာစတင်စစ်ဆေးနေခြင်းဖြစ်ပြီးယခင်က ယခုကဲ့သို့ စစ်ဆေးမှု၊ အခကြေးငွေတောင်းခံမှုများမရှိခဲ့ကြောင်း သိ၇သည်။
၇ခိုင်တွင်ယမန်နေ့အောက်တိုဘာ ၁၉ ရက်မှစ၍ တောင်ကုတ်မှလွဲ၍ ရေယာဉ်လိုင်းအားလုံးကို စစ်ကောင်စီကရက်အကန့်အသတ်မရှိပိတ်ထားလိုက်ကြေ