စနေ၊ မေလ ၄ရက်၊ ၂၀၂၄

စစ်တွေတွင် ဆိတ်ကျောင်းနေသည့် မူဆလင်လူငယ် ၁ ဦး ကျည်ထိမှန်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 9.7k

နိရဥ္စရာ၊ အောက်တိုဘာ ၂၀/၂ဝ၂၂

ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ဇောပူဂျာကျေးရွာအနီး စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဆိတ်ကျောင်းနေသည့် မူဆလင်လူငယ်တစ်ဦး ယနေ့ ညနေ ၃ နာရီခန့်က ကျည်ထိမှန် သေဆုံးသွားခဲ့သည်ဟု သတင်းရရှိသည်။

သေဆုံးသွားသည့် မူဆလင်လူငယ်သည် မဲဇလီကုန်းမူဆလင်ကျေးရွာမှ ဆယ်ကျော်သက် အရွယ် ဆာလာမောက်ဆိုသူ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သေဆုံးသွားသည့် မူဆလင်လူငယ်၏အလောင်းကို အနီးအနားရှိ စစ်ဆေးရုံသို့ ယူဆောင်သွားသည်ဟုလည်း သိရသည်။
ထိုလူငယ်ကို အဆိုပါစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်သားတစ်ဦးက သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများထွက်ပေါ်နေသည်။

နိရဉ္စရာက အနီးအနားက ကျေးရွာသားတစ်ဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းလူငယ်သည် စစ်သားများနှင့် ရင်းနှီးမှုရှိပြီး စစ်သားများထံမှ သေနတ်ယူကိုင်ကစားရာမှ ကျည်ပေါက်ထွက်ကာ သေဆုံးသွားခဲ့သည်ဟု သတင်းထွက်ပေါ်နေကြောင်း ပြောကြားသည်။

သို့သော် အဆိုပါ ကျေးရွာသားပြောကြားချက်နှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ူသည် အခြားအဖော်များနှင့်အတူ ယနေ့ အောက်တိုဘာလ ၂၀ ရက် နေ့လယ် ၃ နာရီခန့်တွင် စစ်တွေမြို့နယ် ဇောပူဂျာကျေးရွာဆင်းလမ်းအနီး သဲကွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် အနီးတွင် ကစားနေစဉ် ကျည်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မူဆလင်လူငယ်သေဆုံးမှုနှင့်ပတ်သက်ပြီး အသေးစိတ်ကိုသိရှိနိုင်ရန် စစ်တွေမြို့မရဲစခန်းသို့ ဆက်သွယ်ရာ ဖုန်းကိုင်ဖြေဆိုခြင်းမရှိသဖြင့် ိရဉ္စရာသတင်းဌာနက တစ်ခြားပြင်ပသို့ ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။

ဆက်စပ် သတင်းများ