စစ်ကောင်စီက ၇ခိုင်ပြည်နယ်အတွင်းသို့ဆေးဝါးသယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စစ်တွေမြို့ အပါအဝင်မြို့အတော်တော်များရှိ ဆေးဆိုင်များတွင် ဆေးရောင်းချရန်တစ်ပတ်စာခန့်မျှပင်မရှိတော့ပြီ
"၇ခိုင်ဆေးဆိုင်အားလုံးမှာ ဆေးကပြတ်လပ်နေပြီ။ရောင်းချဖို့ တစ်ပတ်စာတောင်မကျန်တော့ဘူး။ ၇ခိုင်ပြည်သူ ပြည်သားတွေအတွက်ဆေးကိုဘယ်လို တင်သွင်းပြီးဘယ်လို အကူအညီ၇မလဲဆိုတာကို ကုန်သည်ကြီးများအသင်းကနေတစ်ဆင့်အကူညီတောင်းခံမယ်။ဒီနေ့ပဲတောင်းခံစာကို ကုန်သည်ကြီးများအသင်းကို တင်ပါမယ်"ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောကြသည်။
၇ခိုင်ပြည်တွင် ဆေးဝါးပြတ်လပ်နေပြီး ဆေးရုံ၊ ဆေးခန်းများနှင့် သုံးစွဲသူပြည်သူများပါ အခက်အခဲ ဖြစ်နေပြီဟုသိ၇သည်။
လက်ရှိတွင်ရန်ကုန်မှအဆိုပါဆေးဝါးသယ်ယူခွင့်
ထိုသို့ကူညီတောင်းခံမည်ဖြစ်သော်လည်း ကုန်သည်ကြီးများ အသင်းကကူညီမပေးဆိုပါကရခိုင်ပြည်တွင် ဆေးဝါးပြတ်လပ်မှုမှာ အထူးဆိုးရွားသွားဖွယ်ရှိသည်ဟု ဆေးဝါးလုပ်ငန်းရှင်များကပြောသည်။
"မပြောတတ်သေးဘူး။ဆေးဝါးသယ်ယူခွင့်ကို အစိုး၇ဆီကခွင့်ပြုချက်ပါပြီးမှသယ်လို့၇မှာ။သူတို့ဆီက ခွင့်ပြုချက်ရပြီးမှပဲ။ ရသည်ဖြစ်စေ။ မ၇သည်ဖြစ်စေ။ ကျွန်တော်တို့ကတော့ တောင်းဆိုထား
ရခိုင်တွင်မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် ၇ခိုင်သို့ဆေးဝါးသယ်ယူခွင့်ကို မြန်မာစစ်တပ်က တင်းတင်းကျပ်ကျပ်ပိတ်ပင်ထားသဖြင့် ဆေးဝါးများရှားပါးမှု၊ ဈေးကြီးမြင့်မှုဒဏ်ကို ရခိုင်ပြည်သူများခံစားနေကြ၇သည်။
၎င်းအပြင်ရခိုင်တွင် အထူးသဖြင့်၇ခိုင်ပြည်နယ်မြောက်