စနေ၊ မေလ ၄ရက်၊ ၂၀၂၄

စစ်ကောင်စီတပ်က ဘူးသီးတောင်မြို့ပေါ်တွင် စစ်ဘေးရှောင်များကို ဆန်ရိက္ခာထောက်ပံ့၊ ၎င်းလုပ်ရပ်မှာဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း၎င်းမြို့နယ်၏ ပြည်သူ့လွှတ်တော်အမတ်ဟောင်းက ဝေဖန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 867

နိရဉ္စရာ၊ အောက်တိုဘာလ ၂၁/၂၀၂၂

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်နယ်မှူးက ကျေးရွာ ၆ ခုမှ စစ်ဘေးရှောင်များအား ယမန်နေ့က ဆန်တစ်အိတ်ကျစီ ထောက်ပံ့ကူညီပေးခဲ့သည်ဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့နယ်မှ  ဂူတာပြင် မူဆလင်ကျေးရွာ ၊ သရက်တောင်၊ တောင်ရွာ၊ ကျောက်စာတိုင်၊ သပိတ်တောင်(ရခိုင်ရွာ) နှင့် သပိတ်တောင်(မူဆလင်ရွာ) တို့မှ စစ်ဘေးရှောင်များအား ယမန်နေ့ အောက်တိုဘာ ၂၀ ရက် နေ့လယ် ၂ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ဘူးသီးတောင်မြို့ ရှိ အေးစေတီ ဘုန်းတော်ကြီးကျောင်းတွင် ၎င်းရိက္ခာဆန်များကို လှူဒါန်းခဲ့ကြောင်းသိရသည်။

ဘူးသီးတောင်တပ်နယ်မှုးဗိုလ်မှူးကြီး တင်မိုးအောင်မှ အထက်က ညွှန်ကြားချက်အရ တိုက်ရ၊ ခိုက်ရသော်လည်း စစ်ဘေးရှောင်များကို မြင်ရ၍ စိတ်မကောင်းကြောင်း၊ တိုက်ပွဲများ အမြန်ဆုံးရပ်တန့်ရန် မျှော်လင့်ကြောင်း ၎င်းထောက်ပံ့ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်ဟုဆိုသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ၎င်း စစ်ကောင်စီ၏ လှူဒါန်းမှုမှာ စေတနာမပါသော ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း ဝေဖန်ပြောကြားသည်။

"ဒါက အလုပ်ပြတာပဲဖြစ်တယ်။ စေတနာပါတဲ့လုပ်ရပ်မဟုတ်ဘူး။ အခု ဘူးသီးတောင်မြို့ထက်မှာရှိတဲ့ ခိုင်တိုင်းရင်းသားတွေ ပထမကနေ ပြေးလာကြသူတွေကို စစ်ရှောင်စခန်းတွေကနေ အိမ်ပြန်ဖို့ အတင်းမောင်းထုတ်နေတယ်။ တစ်ဖက်က သပိတ်တောင်တို့ဘာတို့ကို မီးတိုက်ပြီး အခုမှ ပြေးလာတဲ့တချို့ကိုမှ ဒီလိုဆန်တစ်အိတ်လေး ပေးပြတယ်ဆိုတာက လူထုကိုလုပ်ပြတာပါ။ ရခိုင်မှာ နီပွန်ဖောင်ဒေရှင်းကလှူဒါန်းတဲ့ဆန်တွေကိုပါ ကန့်သတ်ထားခဲ့ပြီး လူထုကို စေတနာမရှိဘဲ အလုပ်ပြတဲ့သဘော၊ ဟန်ပြပဲဖြစ်တယ်ဟု ၎င်းက ပြောဆိုသည်။

လူသားချင်းအကူအညီပေးနေသည့် အဖွဲ့အစည်းများကို ရပ်တန့်ထားခြင်း၊ ရခိုင်ပြည်နယ်တွင် ကုန်စည်စီးဆင်းမှုကိုလည်း ပိတ်ပင်ထားခြင်းတို့ကို ကြည့်၍ ယခုလုပ်ရပ်များမှာ ရုပ်ပြလုပ်ရပ်တစ်ခုသာ ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က မူဆလင်စစ်ဘေးရှောင်များနှင့် ခြားမျိုးနွယ်စုများကို  ရိက္ခာများထောက်ပံ့ပေးနေသည်ကို ကြား န်ပြန်လုပ်ခြင်းသာဖြစ်သည်ဟု သတင်းကြားနေရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

စေတနာပါတဲ့လုပ်ရပ်မဟုတ်ဘူး။ လူသားချင်းစာနာထောက်ထားပြီး အကူအညီပေးတဲ့ အဖွဲ့တွေကိုလည်း အကူအညီပေးတာတွေ အားလုံးကို ရပ်တန့်ထားတယ်။ ရခိုင်ပြည်နယ်အတွင်း ဘူးသီးတောင်၊ မောင်တော အပါအဝင် ကုန်စည်စီးဆင်းမှုကိုလည်းပိတ်ပင်ထားတယ် ဒါတွေကိုကြည့်ရင် ဒီအခု ဆန်လှူတာက ရုပ်ပြလုပ်ရပ်တစ်ခု၊ စေတနာမပါတဲ့လုပ်ရပ် တစ်ခုသာဖြစ်တယ်။ တစ်ဖက်က ULA ဖက်ကနေ မူဆလင်တွေ၊တခြားမျိုးနွယ်စုတွေကို ရိက္ခာတွေ ထောက်ပံ့ပေးနေတာကြားလို့ တန်ပြန်လုပ်တာသာဖြစ်တယ်လို့  သတင်းကြားရတယ်" ဟု ဦးအောင်သောင်းရွှေက ပြောကြားသည်။

စစ်ကောင်စီတပ်မှ ယမန်နေ့က ဆန်များထောက်ပံ့ရာတွင် သပိတ်တောင် (ရခိုင်)ကျေးရွာမှ အိမ်ထောင်စု (၆၀ )စု ၊သပိတ်တောင် (မွတ်ဆလင်)ကျေးရွာမှ အိမ်ထောင်စု( ၇၆)စု၊ ကျောက်စာတိုင် ( ရခိုင်)ကျေးရွာအိမ်ထောင်စု( ၆၄ )စု၊ ဂူတာပြင် ( မွတ်ဆလင်)ကျေးရွာမှ အိမ်ထောင်စု(၂၇၀ )စု၊ စုစုပေါင်းအိမ်ထောင် စု( ၄၇၀ )စု တို့အတွက် တစ်အိမ်ထောင်ကို တစ်အိတ်နှုန်းထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

၎င်းဆန်များကို ကျေးရွာတစ်ခုစီမှ တာဝန်ရှိသူများနှင့် ရပ်ရွာ၊လူကြီးများက သွားရောက် လက်ခံ ယူခဲ့ကြသည်ဟု သိရသည်။

ဆန်အိတ်များကို လက်ခံခဲ့သည့် လူကြီးတစ်ဦးက "အိမ်ထောင်စု တစ်စုကို ဆန်တစ်အိတ်ကျ ပေးပါတယ်။ ဆန်တစ်အိတ်နဲ့တော့ ရပ်တည်ရေးက လုံးဝအဆင်ပြေမှာမဟုတ်ဘူး။ နိုင်ငံတော်အနေနဲ့ တိုက်ပွဲ၊ စစ်ပွဲကြောင့် ဒုက္ခရောက်နေကြရတဲ့ ရပ်သူရွာသားတွေကို  နိုင်ငံတကာအန်ဂျီအိုတွေနဲ့ ဒေသအတွင်းက လူမှုအဖွဲ့အစည်းတွေကို ထောက်ပံ့ကူညီခွင့်ပြုမှသာလျှင် အဆင်ပြေနိုင်မှာ ဖြစ်ပါတယ်။ အန်ဂျီအိုတွေ လာမထောက်ပံ့နိုင်တဲ့အချိန်မှာ နည်းနည်း စစ်ပြေးရှောင်တွေကို ဆန်နည်းနည်း ရှိပါစေဆိုတဲ့ သဘောနဲ့ပဲ စစ်တပ်က ထောက်ပံ့တဲ့သဘောလို့ထင်ပါတယ်။ ဒါပေမယ့် ရေရှည်မှာ ကြုံရာအလုပ်လုပ်နေတဲ့ လက်လုပ်လက်စား စစ်ဘေးရှောင်တွေက အလုပ်မရှိတဲ့အတွက်  အန်ဂျီအိုတွေနဲ့ လူမှုအဖွဲ့စည်းတွေက အကူအညီ မရရှိရင် ော်တော်ကို ဒုက္ခကျရောက်နိုင်ပါတယ်" ဟု ပြောသည်။

ယမန်နေ့က ဆန်ထောက်ပံ့ပွဲ အခမ်းအနားသို့ ဘူးသီးတောင်တပ်နယ်မှုးဗိုလ်မှူးကြီး တင်မိုးအောင်နှင် စစ်ကောင်စီအရာရှိများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စစ်ဘေးရှောင်များနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ