Preview

AA ကိုသတင်းပို့သည်ဟုဆိုကာ အမ်းတွင်အရပ်သား ၁ဦးကိုစစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီး

အောက်တိုဘာ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :1383
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၂၂/၂၀၂၂

၇ခိုင်ပြည်နယ်၊အမ်းမြို့နယ်၊ ကဇုကိုင်းအုပ်စု၊သရက်ပြင်ချောင်းကျေးရွာမှ အရပ်သား ၁ ဦးကို AAအားသတင်းပို့သည်ဟုဆိုကာစစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးကာ ရိုက်နှက်ခေါ်ဆောင်သွားသည်ဟု သိ၇သည်။

ဖမ်းဆီးခံရသူမှာအမ်းမြို့နယ်၊ သရက်ပြင်ချောင်းကျေးရွာနေ ဦးကိုကိုနိုင်(၂၇) နှစ်ဖြစ်သည်။

သူ့ကိုအောက်တိုဘာ ၂၀ ရက် နေ့လယ် ၂ နာရီကျော်ခန့်ကသူ့နေအိမ်မှ  ရှောက်ခြုံရွာဝင်၀တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ရိုက်နှက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟုသူနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ရှောက်ခြုံရွာဝင်၀မှာ ရှိတဲ့စစ်သားတွေကဖမ်းသွားတာ။ အင်အားက ၂၀ ကျော်ပါတယ်။ ရိုက်နှက်ပြီးတော့ ဖမ်းခေါ်သွားတာဟုပြောသည်။

ဦးကိုကိုနိုင်ကိုရက္ခိုင့်တပ်တော်(AA)ကိုသတင်းပေးပို့သည်ဟုဆိုကာ ဖမ်းဆီးထားခြင်း ဖြစ်သည်ဟုမိသားစုဝင်တစ်ဦးက ပြောသည်။

သွားတွေ့တော့ တွေ့ခွင့်မ၇ခဲ့ဘူး။ သူ့ကို သတင်းပေးတယ်ဆိုပြီးတော့ဖမ်းထားတာလို့ပြောတယ်။ သူ့အဖေဆို သားအဖမ်းခံ၇လို့ထမင်းတောင်မစားဘူးဟုပြောသည်။

မိသားစုဝင်တစ်ဦးကသူက အေအေကို သတင်းပို့တယ်လို့လည်း မကြားမိပါဘူး။အမှန်တရားကိုတော့ဖြစ်စေချင်တယ်။ သူလုပ်ခဲ့တဲ့ပြစ်ဒဏ်ရှိရင် အမှန်တရားကိုတော့ ဖြစ်စေချင်တယ်။ အသက်တစ်ချောင်းကိုတော့ လွတ်စေချင်တယ်။ ဘာမှမသိဘဲ သတ်ပစ်လိုက်မှာကြောက်တယ်။ သူ့အပြစ်လုပ်ထားလို့ဖမ်းတယ်ဆိုရင်လည်း ဖမ်းပါ။  အသက်တစ်ချောင်းကိုတော့ လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်။အမှန်တရားကိုတော့ ဖြစ်စေချင်တယ်ဟုပြောသည်။

သူသည်သရက်ပြင်ချောင်းကျေးရွာတွင် လယ်လုပ်စားနေသူဖြစ်ပြီးဇနီးဖြစ်သူနှင့် ၂ နှစ်အရွယ်သမီးတစ်ဦးနှင့် ၉ လအရွယ် သားတစ်ဦးရှိသည်ဟု သိ၇သည်။

အမ်းတွင်အောက်တိုဘာ ၁၉ ရက်ကလည်း အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၂ ဦးတို့ ဖမ်းဆီးခံခဲ့၇ပြီး  အောက်တိုဘာ ၁၆ ရက်ကလည်း အမ်းမြို့နယ်၊မွှားကျေးရွာအုပ်စု၊ ဟင်းရွက်ကျေးရွာတွင် ဆိုင်ရောင်းနေသည့်အသက် (၄၁) နှစ်အရွယ် အမျိုးသမီးတစ်ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့သေးသည်။

ယင်းအပြင်အောက်တိုဘာ ၁၄ ရက်ကလည်း အမ်းမြို့နယ်၊ကဇုကိုင်းအုပ်စု၊ တောင်မော်ရွာမှ ULAတိုက်နယ်မှူး အဆင့်ရှိသူ တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး ပြီးနောက် သတ်ဖြတ်ပစ်ခဲ့ကြသည်။ (NN-3)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.