Preview

မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးရှိ ကျေးရွာသားတစ်ဦးပိုင် စပါးစိုက်ခင်းကို စစ်ကောင်စီတပ်သားများမှ ကျူးကျော်ဝင်ရောက်ရိတ်သိမ်း

အောက်တိုဘာ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :7742
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၂၂/၂၀၂၂

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးရှိ ဖလောင်းပြင်ကျေးရွာသား တစ်ဦးပိုင်ဆိုင်သည့ စပါးစိုက်ခင်းတစ်ခုကို စစ်ကောင်စီတပ်သားများမှပိုင်ရှင်ထံမှ ခွင့်ပြုချက်မရရှိဘဲ ကျူးကျော်ဝင်ရောက်ကာစပါးများရိတ်သိမ်းပြီး ယူဆောင်နေကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ်၊ကြပ်စင်တံတားအနောက်ဘက် ကွင်းအမှတ် ၁၃၂၀ (က)၌ ဖလောင်းပြင် ကျေးရွာသားဦးသန်းဝင်း စိုက်ပျိုးထားသော လယ်ဧက ၁.၆ ဧကအတွင်း စပါးများကို ယနေ့နံနက် ၈ နာရီခန့်မှနံနက် ၁၀ နာရီကျော်အထိ စစ်ကောင်စီတပ်သားများမှ ဝင်ရောက်ရိတ်သိမ်းကာ စပါးများကို ယူဆောင်သွားကြောင်းဖလောင်းပြင်ကျေးရွာသားများက ပြောသည်။

"ရိတ်တာကတော့ စက်နဲ့ရိတ်တာမဟုတ်ဘူး။လက်နဲ့ရိတ်ကြတာပါ။ ဒီနေ့ကတော့ ဦးသန်းဝင်း လယ်ကွက်တစ်ကွက်တည်းလို့သိရပါတယ်။ဘယ်လောက်ထိရိတ်သွားကြလဲတော့ မသိဘူး။ အနီးကပ်သွားကြည့်လို့မရတော့လေ။ အဲဒီနားတွေမှာတော့မိုင်းတွေက အရင်ကတည်းကနေ ရှိပြီးသားဖြစ်မှာပါ။ ပိုင်ရှင်ကလည်း သူတို့ရိတ်နေတယ်လို့အခြားလူတွေကပြောမှ သိတာပါ။ အဲဒီအနားကိုတော့ ကျနော်တို့က မသွားရဲဘူး သူတိုရှိကတည်းကနေ"ဟုပြောသည်။

ယခုကဲ့သို့ပြည်သူများခက်ခဲပင်ပန်းစွာ စိုက်ပျိုးထားသော စပါးများကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက် ရိတ်သိမ်းယူနေခြင်းသည် ဓားပြတို့၏ လုပ်ရပ်ဖြစ်ကြောင်း  ဒေသခံတစ်ဦးက ဝေဖန်ပြောဆိုသည်။

"ီစပါးတွေဟာ ြည်သူလူထုတွေက ဆင်းရဲဒုက္ခခံပြီး စိုက်ပျိုးထားတာဖြစ်တယ်။ ဒီလိုပြည်သူတွေ ပင်ပမ်းခံပြီးစိုက်ပျိုးထားတဲ့စပါးတွေကို စစ်သားတွေက ဝင်ရောက်ရိတ်သိမ်းတာဟာ အလွန်ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်မျိုးဖြစ်ပါတယ်။ပြည်သူတွေအနေနဲ့ ရှေ့ဆက် ဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။ အခုလို  ပြည်သူစပါးတွေကို ခုလို အားနဲ့ ဝင်ရောက်ရိတ်သိမ်းနေတာဟာ ဓားပြလိုလို၊သူခိုးလိုလို လူတွေရဲ့ လုပ်ရပ်လို့ သတ်မှတ်၇မလိုဖြစ်နေပြီ"ဟုပြောသည်။

အဆိုပါကြပ်စပ်တံတားအနောက်ဘက်ရှိလယ်ကွင်းများသည် မင်းပြားမြို့နယ် ဖလောင်းပြင် ကျေးရွာနှင့်ငါးတန်ပြင်ကျေးရွာမှ ဒေသခံများ ပိုင်ဆိုင်သည့်လယ်ကွင်းများ ဖြစ်ကြောင်းသိ၇သည်။

ပြီးခဲ့သည့်အောက်တိုဘာလ၁၇ ရက်က  မင်းပြားမြို့ အခြေစိုက်စစ်ကောင်စီ တပ်စခန်းများမှလက်နက်ကြီးငယ်များဖြင့် လူနေကျေးရွာများကို ပစ်ခတ်ခဲ့သဖြင့် ဖလောင်းပြင်ကျေးရွာမှ ညီအစ်မနှစ်ဦးမှာလက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ပြီးနောက် ရွာသားများ ရွာကနေထွက်ပြေးနေချိန်တွင် စစ်တပ်က မှည့်နေသော စပါးစိုက်ခင်း များကိုဝင်ရောက်ရိတ်သိမ်းနေခြင်း ဖြစ်ကြောင်း သိ၇သည်။

Photo- APM

(NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.