နိရဉ္စရာ၊ အောက်တိုဘာ၂၂/၂၀၂၁
၇ခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်တွင် စစ်ကောင်စီက စက်တင်ဘာလ ၂၁ ရက်မှစ၍ တစ်လအတွင်း ဒေသခံ ၁၈ ဦးအထိ ဖမ်းဆီးထားပြီး၊ တချို့အရပ်သားများကို အေအေ အမည်တပ်ဖမ်းဆီးကာ ခြိမ်းခြောက်ငွေညစ်တောင်းခံမှုများရှိနေသည်ဟု သတင်းရရှိသည်။
“ အခုက ရမ်းဗြဲမှာ ဘယ်လိုဖြစ်နေသလဲဆိုတော့ အေအေနဲ့ မဆက်စပ်တဲ့သူတွေကိုရော တယောက်ယောက်က သတင်းအမှားပေးရင် လိုက်ဖမ်းတယ်။ အဲဒီအထဲက ငွေပေးနိုင်တဲ့ သူတွေကိုကျတော့ သူတို့ ဈေးညှိနိုင်းတယ်။ တတ်နိုင်၊ မတတ်နိုင်သူတွေကို ကြည့်ပြီး ငွေ ၈သိန်းကနေ သိန်း ၂၀ ထိ ငွေညစ်တယ်။ ပြန်လွတ်ဖို့ ဒီလိုမျိုးဖြစ်နေတယ်” ဟု ပြောကြားသည်။
ယခုလ ၉ ရက်နေ့က ၁၅ ရက်နေ့ထိ ဖမ်းဆီးခံထား၇သူ (၁၈) ဦးရှိပြီး ၎င်းတို့အထဲမှတချို့ကို ပြန်ထုတ်ရန် ညှိနိုင်းနေ၇သည်ဟု သိ၇သည်။
ဖမ်းဆီးခံထား၇သူတစ်ဦး၏ မိသားစုဝင်တစ်ဦးက "သူ့ကို ရမ်းဗြဲ ရဲစခန်းထဲမှာထားပါတယ်။ သူ့ကိုပြန်ထုတ်ဖို့ ညှိနေပါတယ်''ဟု နိရဉ္စရာသို့ပြောသည်။
အဆိုပါဖမ်းဆီးခံထား၇သူများမှာ စက်တင်ဘာလ ၉ ရက်နေ့က ကိုအောင်ထွန်းလင်း(တန်းနားပြင်)
ဖမ်းဆီးထားများအထဲတွင် ဘာမှ ပြစ်မှုကျူးလွန်သူများ မပါသလို အေအေနှင့် ဆက်စပ်မှု မရှိသူများလည်း ပါဝင်ကြောင်း၊ သတင်းအမှားများဖြင့် ဖမ်းဆီးထားသူများလည်း ပါဝင်ကြောင်း၊ ထိုသို့ သံသယဖြစ်စရာအကြောင်းမရှိသူများကို ပြန်လွှတ်ပေးရန် သင့်သော်လည်း ငွေညစ်မှုများရှိနေသဖြင့် ငွေကြေးမတတ်နိုင်သူများအနေဖြင့် အထူး စိုးရိမ်စရာဖြစ်နေကြောင်း ပြောသည်။
''ပြန်လွှတ်ပေးတဲ့လူတွေဆီက တတ်နိုင်တဲ့အပေါ်မူတည်ပြီး ၈ သိန်းကနေ ၂၀ အထိတောင်းတာ ရှိတယ်။ သူတို့သံသယ မဖြစ်တဲ့သူတွေကိုပေါ့။ ဖမ်းပြီးငွေညှစ်တာ။ အခုလည်း မြို့ထဲမှာ စစ်ချင်သလိုစစ်ဖမ်းချင်သလို ဖမ်းနေတာ။ ကိုယ့်အိမ်မှာကိုယ်နေပြီး မလုံခြုံတော့ဘူး။ သူတို့က ဓားပြတိုက်တာထက်ဆိုးနေပြီ။ နေ့တိုင်း သူတို့ကို ကြောက်နေ၇တယ်''ဟု နိရဉ္စရာသို့ ပြောသည်။ယခုလက်ရှိ ဖမ်းဆီးခံထား၇သူ (၁၈) ဦးအပြင် တစ်ခြား ဖမ်းဆီးခံ၇သူများကို စစ်ကောင်စီတပ် ငွေ ၈ သိန်းကနေ ကျပ် ၂၀ သိန်း အထိ ငွေတောင်းယူပြီး ပြန်လွှတ်ပေးမှုများလည်း ရှိနေသည်ဟုလည်း တစ်ခြားဒေသခံတစ်ဦးက ပြောသည်။
ရမ်းဗြဲမြို့၊လောင်းချောင်းရပ်
လက်ရှိတွင် ဖမ်းဆီးခံထား၇သူများမှ တစ်ချို့မှ ပြန်လည်လွတ်မြောက်လာသော်လည်း စစ်ကောင်စီက ဘာမှမပြောရန် နုတ်ပိတ်ထားကြောင်း နီးစပ်သူများက ဆိုသည်။
''ဘာမှ မပြောဖို့နုတ်ပိတ်ထားတယ်။ ဘာအာမခံမှ မရှိဘူး။ ပြန်အဖမ်းမခံချင်ရင် စစ်တပ်က သူတို့စကားပဲနားထောင်၇မယ်။ ဒီလို ခြိမ်းခြောက်ထားတယ်''ဟု နိရဉ္စရာသို့ပြောသည်။
လက်ရှိ၇ခိုင်ပြည်နယ် အနှံ့အပြားတွင် စစ်ကောင်စီတပ်ဖွဲ့များမှ ကုန်လမ်း၊ ရေလမ်းများတွင် စစ်ဆေးရေး ဂိတ်များဖွင့်လှစ်ပြီး ကားတစ်စီးကို တစ်သိန်း၊ မော်တော်ဘုတ်နှင့် စက်လှေတစ်စီးကို တစ်သိန်း စသဖြင့် ကောက်ခံမှုများရှိနေသည်ဟုလည်း သိ၇သည်။
“ ဒီလို တစ်သိန်းပေးလို့ သွားလာခွင့်ပေးတာကိုတောင် ကျေးဇူးတင်နေ၇ပါတယ်။ မဟုတ်ရင် သွားခွင့်မပြုဘူး။ သွားလာခွင့်မပြုရင် အကုန်လုံး ကုန်စည်တွေ၊ ရိက္ခာတွေပြတ်ပြီး အခက်အခဲဖြစ်မှာ။ ဒါကြောင့် ဂိတ်တစ်ခု ကျပ်တစ်သိန်းကောက်တာကိုတောင် ကြည်ကြည်ဖြူဖြူပေးနေ၇ကြတယ်။ ၇ခိုင်အခြေအနေက ပြည်သူတွေကို အစိုး၇ စစ်တပ်က အထူးအနိုင်ကျင့်နေတဲ့ အနေအထားမျိုးကို ရောက်နေပါတယ်” ဟု ပြောကြားသည်။
၇ခိုင်ပြည်နယ်တွင် စစ်ကောင်စီက ဖမ်းဆီးထားသူ အရပ်သား ၁၅၀ ခန့်အထိရှိနေပြီး တချို့ကို ပုဒ်မ ၅၀၅(က)(ခ)၊ ၁၇(၁)တို့ဖြင့်တရားစွဲဆိုထားသည်
ဓာတ်ပုံ-ရမ်းဗြဲမြို့အတွင်းလှည့်