စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်သို့ မှောင်ခိုထုတ်မည့် ရွှေအလေးချိန် ၁ ပိဿာကျော်ကို မောင်တောတွင်လှေတစ်စီးပေါ်မှဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.8k

နိရဥ္စရာ၊ အောက်တိုဘာ ၂၂/၂၀၂၂

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်  ဘင်္ဂလားဒေ့ရှ်သို့ မှောင်ခိုင်ထုတ်မည့် ရွှေအလေးချိန် ပိဿာကျော်ကို နယ်ခြားစောင့်တပ်က ဖမ်းဆီးရမိသည်ဟု သတင်းရရှိသည်။

၎င်းရွှေများကို လှေတစ်စီး၏ ဝမ်းဗိုက်အတွင်းရှိ အင်ဂျင်ဝိုင်ဗူးတစ်ခုအတွင်းမှ သိုဝှက်ထားရာကနသိမ်းဆည်းရမိသည်ဟု မောင်တောမြို့မရဲစခန်းမှ တာဝန်ကျရဲအရာရှိကပြောသည်။

မနေ့က၊ အောက်တိုဘာ ၂၁ ရက်နေ့၊ နံနက် နာရီ ၄၅ မိနစ်ခန့်က မောင်တောမြို့ မောင်နီရပ်ကွက်၏ အနောက်တောင်ဘက် ချောင်းပေါက်ဝ ဒီရေတောအတွင်းကနေ ဖမ်းမိတာပါ။ အခု အမှုဖွင့်ထားတယ်ခင်ဗျား။ ရွှေချောင်းတွေတော့ မဟုတ်ဘူး။ အထည်တွေဗျာ။ စုစုပေါင်း အလေးချိန်က ပိဿာကျော်ရှိပါတယ်။ ကာလတန်ဖိုး ကျပ်သိန်း ၂၅၀၀ ကျော်တယ်ဗျာ ဟု ပြောသည်။

သိမ်းဆည်းရမိသော ရွှေထည်ပစ္စည်းမျိုးစုံမှာ ၁၅၈ မျိုးရှိပြီး အလေးချိန် ပိဿာ ကျပ်သားရှိသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီပိုင် ရခိုင်နေ့စဉ်တွင် ဖော်ပြထားသည်။

မောင်တောစက်လှေဆိပ်တွင် အရက်မျိုးစုံသယ်ဆောင်လာသောစက်လှေ စီးကိုလည်း အောက်တိုဘာလ ၂၀ ရက်က ဖမ်းမိခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ