Preview

ဘူးသီးတောင်မြို့မဈေးကြီးမှ ဒေသခံ ၂၀ ခန့်ကို စစ်ကောင်စီမှ ဖမ်းဆီး

အောက်တိုဘာ ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :2709
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၂/၂၀၂၂

၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ မြို့မဈေးကြီးမှ ဒေသခံ ၂၀ခန့်ကို ယမန်နေ့အောက်တိုဘာလ ၂၃ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က စစ်ကောင်စီတပ်သားများမှဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိ၇သည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို့မှ ဦးကျော်လှမြင့်၊ဦးတင်ဝင်း၊ ဦးကျော်စိုးနိုင်၊ ဦးမောင်အေးထွန်း၊ ဦးဇော်ဝင်း၊ ဦးနိုင်ဦး၊ ဦးနေကျောက်ခဲ၊ဦးနော်ပီအာလောင်၊ ဦးမော်နီရာမောက်၊ ဦးတော်ယုဒ်၊ ဦးအူဘိုင်ဒုလ္လာ၊ ဦးမောင်ဝင်းချေ၊ ဘူးသီးတောင်မြို့နယ်ရွက်ညိုးတောင်ရွာမှ မတာဘော်၊ ကုန်တိုင်ရွာမှ ဦးအဒူရော်ကိန်း၊ ဦးဒီလ်မာမောက်၊ ပုဏ္ဏားကျွန်းမြို့နယ်မှကွမ်းရောင်းရန်ရောက်နေသည့် စက်လှေပိုင်ရှင် ဦးသက်ထူး၊ ရသေ့တောင်မြို့နယ်မှ စက်လှေပိုင်ရှင်ဦးအောင်ကျော်ဌေးနှင့် အခြား ၃ ဦးတို့ ပါဝင်ကြောင်း သိ၇သည်။

မျက်မြင်တစ်ဦးကလက်ဖက်ရည်ဆိုင်မှာရှိတဲ့သူတွေနဲ့ ဆိပ်ကမ်းမှာ ကူလီထမ်းတဲ့ မူဆလင်ရော၊ ရခိုင်ရော။လက်ဖက်ရည်ဆိုင်သိမ်းလို့ လာခေါ်တဲ့ အဲဒီဆိုင်က သားရော၊ ဈေးကောက်ကအစ၊ဆိပ်ကမ်းစောင့်ရဲသားတစ်ယောက်ရော ဖမ်းတဲ့အထဲပါသွားတယ်၊ ဘုတ်မောင်းတဲ့သူတွေရော၊ အချိုရည် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ရော အကုန်လုံး ဖမ်းတဲအထဲ ပါသွားတယ်ဟုပြောသည်။

၎င်းတို့အားလုံးကို စစ်ကောင်စီတပ်သား အင်အား ၂၀ ကျော်ခန့်မှစစ်ကားများဖြင့် ဘူးသီးတောင်မြို့မ ဈေးအတွင်းသို့ ဝင်ရောက်လာကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မျက်မြင် ဒေသခံများကပြောသည်။

ဖမ်းဆီးခံရသူများအထဲတွင် ကုန်ထမ်းကုန်ချ လုပ်သူများ၊ ဈေးဆိုင်ရောင်းသူများ၊အလုပ်သမားများနှင့် စက်လှေပိုင်ရှင်များ ပါဝင်ပြီး မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုမသိ၇ကြောင်း နောက်ထပ် ဒေသခံတစ်ဦးက ပြောသည်။

အဖမ်းခံ၇သူများအထဲမှ ဦးနေကျောက်ခဲ၊ ဦးနိုင်ဦါ်တို့နှင်နီးစပ်သူတစ်ဦးကလည်း ၎င်းတို့သည် သာမန် ကုန်ထမ်းကုန်ချပြုလုပ်ကြသူများသာဖြစ်သည်ဟုဆိုသည်။

" သူတို့က ငါးဘူးတွေထမ်းကြတဲ့သူတွေပါ။ အပြစ်မရှိဘဲနဲ့ သက်သက်မဲ့ လူတွေကို ဖမ်းသွားတာပါ"ဟုပြောသည်။

လက်ရှိတွင် ၎င်းတို့အား ဘူးသီးတောင်မြို့အခြေစိုက် အမှတ်(၁) စစ်ဗျူဟာသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများကပြောသည်။

လက်ရှိရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့သည် ဘူးသီးတောင်မြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီးစစ်ရေးအခြေအနေလည်း ပိုတင်းမာနေကြောင်း သိ၇သည်။(NN3 and NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.