နိရဉ္စရာ၊ အောက်တိုဘာ ၂၄/၂၀၂၂
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှ ရခိုင့်အားမာန်ကားဂိတ်ပိုင်ရှင်အားစစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း သိ၇သည်။
ယမန်နေ့ အောက်တိုဘာ ၂၃ ရက် နံနက် ၁၁ နာရီခန့်က သံတွဲမြို့နယ်၊ ငပလီကမ်းခြေ၊ ရွှေသာချိုင်ကျေးရွာတွင် နေထိုင်သည့် ရခိုင့်အားမာန်ကားဂိတ်ပိုင်ရှင်ဦးစန်းကို (၄၉) နှစ်ကို ခမ၇ (၅၆၆)တပ်ရင်းမှ စစ်သားများက လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းဦးစန်းကိုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
"မနေ့က၁၁ နာရီလောက်မှာ (၅၆၆) တပ်ကလာဖမ်းသွားတာပါ။ အကျိုးအကြောင်းလည်း သေချာပြောသွားတာမရှိပါဘူး။ဖမ်းတဲ့အခါ စစ်သား ၂၀ လောက်ပါတယ်"ဟု ပြောသည်။
ဖမ်းဆီးမှုအကြောင်းအရင်းကို အသေအချာမပြောဘဲ စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာလာရောက်ဖမ်းဆီးသွားခြင်းဖြစ်ပြီး လက်ရှိမှာ သံတွဲအခြေစိုက် ခမ၇(၅၆၆) တပ်ရင်တွင် ထိန်းသိမ်းထားသည့်အတွက်မိသားစုများ စိုးရိမ်နေကြောင်း ၎င်းက ပြောသည်။
ရခိုင်တွင် အပြစ်မဲ့ဒေသခံပြည်သူများနှင့် ငွေကြေးတတ်နိုင်သူများကို အေအေနှင့် ဆက်စပ်သည်ဟုစွပ်စွဲကာ ဖမ်းဆီးမှုများ နေ့စဉ်ရှိနေပြီးတချို့ကို ငွေကြေးယူပြီး ပြန်လွှတ်ပေးမှုများ ရှိနေသည်ဟုလည်း သိ၇သည်။
လက်ရှိအချိန်အထိ ဖမ်းဆီးခံထားရသူမှာ ရာဂဏန်းကျော်သွားပြီဟုသိ၇သည်။ (NN-7)