နိရဉ္စရာ၊အောက်တိုဘာ ၂၄/၂၀၂၂
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်တပ်ဆင်ထားသည့်ဒရုန်းဖြင့် ပစ်ခတ်၍ လူငယ်တစ်ဦးအပါအဝင် အရပ်သား ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး မြောက်ဦးမြို့နယ်တွင်လည်းဒရုန်းတစ်စီးပျံဝဲ၍ အေအေက ပစ်ခတ်ခဲ့ရသည်ဟု သတင်းရရှိသည်။
ဘူးသီးတောင်မြို့နယ်တွင် ယခုလ ၂၃ ရက် (ယမန်နေ့)က ဖိုးခေါင်ချောင်း(မူဆလင်)ကျေးရွ
ဒေသခံလူကြီးတစ်ဦးက "ဒရုန်းနဲ့ပစ်တာပါ။ မနေ့က နေ့လယ် ၁ နာရီမှာ ဂူတာပြင်ဘက်တပ်က ဒရုန်းလွှတ်ပြီး ပစ်တာလို့ ခန့်မှန်း၇ပါတယ်။ သုံးလုံးပစ်ပါတယ်။ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းကို ထိပါတယ်။ ဒဏ်ရာ၇တာကတော့ ငှက်ပျောချောင်းကစစ်ရှောင်နေတဲ့တစ်ယောက်နဲ့ ဒီဖိုခေါင်ချောင်းရွာက နှစ်ယောက်ပါ။ ကျောင်းခေါင်မိုးလည်း ပျက်စီးသွားပါတယ်"ဟုပြောသည်။
ဒဏ်ရာရရှိသူများမှာ ဘူးသီးတောင်မြို့နယ်၊ ငှက်ပျောချောင်းရွာမှရခိုင် စစ်ဘေးရှောင်မောင်ဖြိုးသန်းချေ(၁၇နှစ်)နှင့် ဖိုးခေါင်ချောင်း မူဆလင်ကျေးရွာမှ ကိုမာမောက်အဏ္ဍဝါ(၂၅နှစ်)နှင့် ဦးကာလူ(၇၅နှစ်)တို့ဖြစ်သည်ဟု ၎င်းက ပြောသည်။
နောက်ထပ် ဖိုးခေါင်ချောင်းကျေးရွာမှ မူဆလင်ရွာလူကြီးတစ်ဦးကလည်းလက်နက်တပ်ဆင်ထားသည့် ဒရုန်းဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ငှက်ပျောချောင်းကျေးရွာမှ အိမ်ထောင်စု ၃ စု၊ လူဦးရေ ၁၀ ခန့် ဖိုးခေါင်ချောင်း(မူဆလင်)ရွာစာသင်းကျောင်းတွင် စစ်ဘေးရှောင်ရန်ရောက်ရှိနေစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။
" ဒရုန်းနဲ့၃ လုံးပစ်တာပါ။ ကျောင်းမှာ အုတ်နံရံမလို့ခံသာတာပါ။ မဟုတ်လို့က အမှုန့်ဖြစ်သွားလောက်တယ်။ ပထမဆုံးအကြိမ်ကိုယ်တိုင်ကြုံဖူးတာပါ။ အခုလိုလုပ်တာတော့ တကယ်အံ့သြစရာကောင်းပါတယ်။ စာသင်ကျောင်းဖြစ်သလို အဲ့ဒီအချိန်မှာကစစ်ရှောင်တွေနေတဲ့ နေရာပါ။ အခုတွေ ရခိုင်စစ်ရှောင်တွေလည်းကြောက်ပြီးနောက်တစ်ရွာကို ထွက်သွားကြပါပြီ။ ညနေ ၃ နာရီခွဲလောက်အထိကိုလက်နက်ကြီးတွေပစ်တာတွေလည်း ရှိခဲ့ပါသေး
မောင်ဖြိုးသန်းချေမှာဦးခေါင်း နှင့် လက်တို့တွင် ဒဏ်ရာရရှိခဲ့ပြီးကိုမာမောက်အန်နဝါမှာပခုံး၊ ခြေထောက်နှင့်လက်မောင်းသလို ဦးကာလူမှာ လက်မောင်း၊ ပခုံးနှင့် ဦးခေါင်းတို့တွင်ဒဏ်ရာများရရှိခဲ့ကြသော်လည်း စိုးရိမ်၇သည့် အခြေအနေမရှိကြောင်း၎င်းက ပြောသည်။
စစ်ကောင်စီတပ်၏လူနေ မြို့ထဲ၊ ရွာထဲများကို လက်နက်ကြီးများပစ်ခတ်မှုကြောင့် ၇ခိုင်ပြည်နယ်အနှံ့ လူသေဆုံးမှုနှ
အောက်တိုဘာ ၂၁ ရက်ကလည်း မြောက်ဦးမြို့ နယ်မြောက်ပိုင်း လင်းမြွေတောင်ဘက်တွင်ရှိသည့် ကျေးရွာတစ်ရွာ အနီးတွင်လည်းစစ်ကောင်စီ ဒရုန်းတစ်စီးပျံဝဲခဲ့၍ ရက္ခိုင့်တပ်တော်က ပစ်ခတ်ခဲ့ရသည်ဟု အရပ်သားများကပြောသည်။
ဒေသခံ တစ်ဦးက “အောက်တိုဘာ ၂၁ ရက် နံနက် ၁၁ နာရီကျော်ခန့်မှာ စစ်တပ်ရဲ့ ထောက်လှမ်းရေး ဒရုန်းယာဉ် တစ်စီး ….ကျေးရွာတစ်ခုပေါ်က ပျံဝဲခဲ့ပါတယ်။ အေအေဖက်ကနေ သုံးချက်ပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီတပ်ကမိနစ်အနည်းငယ်ကြာ လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်ခဲ့ပါတယ်”ဟုပြောသည်။
ထိုသို့ လက်နက်ပစ်ခတ်သံများထွက်ပေါ်ခဲ့သဖြင့် ကျေးရွာသားများထွက်ပြေးခဲ့၇ကြောင်း ၎င်းက ဆက်ပြောသည်။
" ဒရုန်းကိုပထမဆုံးပစ်တဲ့ကျည်သံတစ်ချက်ကတော့ အခြားကျည်သံတွေနဲ့မတူပါဘူး။ နည်းနည်း ကွာပါတယ်။ ပထမတစ်ချက်ကအကျယ်ကြီးပါ။ နောက်နှစ်ချက်က လက်နက်ငယ် အသံပါ။ အဲဒီနောက် စစ်တပ်ကဘက်က လက်နက်ကြီး လက်နက်ငယ်တွေပစ်ခတ်ခဲ့တယ်။ ရွာကိုထိခိုက်မှုတွေတော့မရှိပါ။ အဲဒီအချိန်တုန်းကတော့ ရွာသားတွေကလန့်ပြီး နည်းနည်းပါးပါး ထွက်ပြေးသွားကြတာတော့ရှိတယ်" ဟု ၎င်းက ပြောသည်။
အဆိုပါနေ့က သင်းကျစ်တောင်ထက်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သလို အနည်းဆုံး ၃ နေရာမှ ပစ်ခတ်ခဲ့မှုများ ရှိခဲ့သည်ဟုဆိုသည်။ ( NN-7and NN-8)