Preview

ရခိုင်မှစစ်ဘေးရှောင်များအား ANP က စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့မည်

အောက်တိုဘာ ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :7227
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၂၄၊ ၂၀၂၂

 

ရခိုင်မှစစ်ဘေးရှောင်များအားထောက်ပံ့ကူညီမှု မပြုလုပ်ရန် ပြည်တွင်း/ပြည်ပ အန်ဂျီအိုများ၊ လူမှု အဖွဲ့အစည်းများအား စစ်ကောင်စီက တားမြစ်ထားသော်လည်း ၇ခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် လူသားချင်းစာနာမှုအကူအညီများကို ဆက်တိုက် ထောက်ပံ့သွားမည်ဟု သတင်းရရှိသည်။

 

ဘေးဒုက္ခကယ်ဆယ်ရေး ကော်မတီခေါင်းဆောင် ဦးကိုချေက "အဓိကကတော့ လက်ရှိလက်ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေကို လက်လှမ်းမီသလောက် ကူညီဖို့ ဆွေးနွေထားတာရှိတယ်။ ကျောက်တော်ကို ပထမဆုံး ပစ်မှတ်ထားပြီး လှူဖို့ရှိတယ်။ ၇သေ့တောင်မှာ ရှိတဲ့ မြို့ပေါ်နဲ့စေတီပြင်က ၂နေရာမှာ စစ်ဘေးရှောင်တွေရှိတယ်။ စေတီပြင်မှာ ပိုများတာပေါ့။ ၇သေ့တောင်ကိစ္စဆွေးနွေးခဲ့တယ်။ ပြီးတော့ မောင်တောက စစ်ဘေးရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ လေးမိုင်၊ ရွာတွေကစစ်ဘေးရှောင်တွေကိုလှူဖို့ရှိတယ်။ ဒါက ပထမ ပစ်မှတ်ထားတဲ့ အဓိက ၃နေရာပေါ့။ ဒုတိယနေရာက မင်းပြား၊ ပေါက်တော၊ မြောက်ဦး အဲ့ဒီနေရာတွေကိုပါလှူဖို့ရှိတယ် ဒါပေမဲ့မရောက်နိုင်သေးဘူး။ အခု ကျောက်တော်ကနေ မောင်တော။ ၇သေ့တောင် ၃မြို့ကိုလှူဖို့ ဆွေးနွေးခဲ့ကြတယ်" ဟု ပြောသည်။

 

ထိုသို့စားနပ်ရိက္ခာများထောက်ပံနိုင်ရန်အတွက်ANP ပါတီ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတစ်ခုကို

အောက်တိုဘာလ ၂၃ရက်၊ နေ့လယ် ၁နာရီအချိန်တွင် စစ်တွေရှိ ၇ခိုင်အမျိုးသားပါတီ ဗဟိုရုံး၌ ကျင်းပခဲ့သည်ဟု သိ၇သည်။

 

ဆွေးနွေးပွဲတွင် ANP ပါတီနှင့် ဘေးဒုက္ခကယ်ဆယ်ရေးကော်မတီတို့က လက်ရှိတွင် စစ်ဘေးရှောင်များ အတွက် စားနပ်ရိက္ခာများလှူဒါန်းခဲ့ပြီး ထိုသို့လှူဒါန်းရာတွင်လည်း စနစ်တကျဖြစ်စေရန် အချက်အလက်များပြည့်စုံစေရန်နှင့် ကူညီနိုင်မည့်ပမာဏ အတိုင်းအတာများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

 

အောက်တိုဘာလ ၂၄ရက်နေ့တွင် ကျောက်တော်၊ မောင်တော၊ ၇သေ့တောင်စသည့် မြို့နယ် ၃မြို့နယ်ရှိ စစ်ဘေးရှောင်များအတွက် တစ်မြို့နယ်လျှင် ကျပ်ငွေ ၁၅သိန်း၊ စုစုပေါင်း ၄၅သိန်းကို

မြို့နယ်ကော်မတီတာဝန်ခံထံသို့လွဲထားပြီဖြစ်သည်ဟုလည်း သိ၇သည်။

 

"ကျွန်တော်တို့က လုပ်ငန်းတာဝန်တွေ လုပ်ဆောင်ဖို့အရင်လိုသွားလာလို့မ၇တော့ မြို့နယ်ကော်မတီ တာဝန်ခံတွေဆီကနေ ဆောင်ရွက်နေ၇တယ်။ အခု ၃မြို့နယ်ဆီကို ဒီနေ့ပဲ ၁၅ သိန်းစီ ွှဲလိုက်တယ်။ ဆန်သီးသန့်လှူဖို့ အတွက်ပဲ ွှဲထားတာ။ စစ်ဘေးရှောင်အရေအတွက်ကြည့်ပြီး လောလောဆယ် ၇သလောက်ပေါ့။ ကျွန်တော်တို့က ပထမတစ်ကြိမ် ဘူးသီးတောင်မှာငွေကြေး ၁၄သိန်းလှူဒါန်းခဲ့တယ်။ ဗဟိုရုံးက ကူညီပြီးတော့ မြို့နယ်ပါတီကော်မတီတွေနဲ့ ဆန်၊ဆီ၊ ဆားပေါ့။ အဓိက အခြေအနေပေါ်မှုတည်ပြီး ပစ္စည်သယ်ယူလို့ အခက်အခဲရှိလို့ ငွေကြေးလှူခဲ့တယ်" ဟု ၎င်းက ပြောသည်။

 

ထိုသို့စစ်ဘေးရှောင်များကို စားနပ်ရိက္ခာများကူ ညီထောက်ပံလှူဒါန်းနိုင်ရန်ANP ပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ပါတီဘေးဒုက္ခကယ်ဆယ်ရေး ကော်မတီသို့ မိမိကိုယ်ပိုင်ငွေ ငွေကျပ်ဆယ်သိန်းနှင့် အတူ ရန်ကုန်ကပါလာသည့် ရန်ပုံငွေများကိုလည်း လှူဒါန်းခဲ့သည်ခြင်းဖြစ်သည်ဟုသိ၇သည်။

 

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် ဘူးသီးတောင်မြို့နယ်မှ စစ်ဘေးရှောင်များအတွက် ၇ခိုင်အမျိုးသားပါတီ(ANP)မှ ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့ကလည်း  ဆန်အိတ် ၃၀ကို လှူဒါန်းခဲ့သည်။(NN-12)

မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.