Preview

ပေါက်တော၊ သဲခုံရွာတွင် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုများပြား၊ အရေးပေါ်အကူအညီများလိုအပ်နေ

အောက်တိုဘာ ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :8253
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၂၅/၂၀၂၂

ရခိုင်ပြည်နယ်၊ပေါက်တောမြို့နယ်၊ အနောက်ဖရုံကာကျွန်းမြောက်ဘက်ရှိ သဲခုံရွာတွင် မုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးမှုများပြားပြီး အရေးပေါ် အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် နေအိမ်အများအပြားပြိုပျက်သွားပြီး ရေတွင်းများလည်းဒီရေများဖုံးလွှမ်းသွားသဖြင့် ရိက္ခာနှင့် သောက်ရေသန့်များ အရေးပေါ်လိုအပ်နေကြောင်းသဲခုံရွာမှ ဒေါ်ခင်ခင်လှကနိရဉ္စရာကို ပြောသည်။

"ဘာမှမကျန်လိုက်တော့ဘူး။ စားဖို့သောက်ဖို့ကအစအခက်အခဲတွေရှိပါတယ်။ ရေဝင်လို့ ရေတွင်းတွေပါ သောက်မရတာမျိုးရှိပါတယ်။ ပစ္စည်းတွေလည်းရေထဲမျောကုန်ပြီ။ အိမ်တွေလည်း တော်တော်ပြိုကြပါတယ်။ ကမ်းနားတစ်လျှောက်အိမ်တွေ အားလုံးပြိုပါတယ်။ကျန်တာကရွာထဲကခိုင်တဲ့အိမ်တွေပဲကျန်ပါတယ်"ဟု ပြောသည်။

ရေတက်ပြီးဒီရေှိုင်းလုံးများဆက်တိုက်ဝင်ရောက်လာသည့်အတွက် နေအိမ်များအအပြားပျက်စီးဆုံးရှုံးပြီးအသုံးအဆောင် ပစ္စည်းများလည်းရေနှင့်မျောပါကုန်၍ စားဝတ်နေရေးပါ အခက်အခဲဖြစ်နေကြသည်ဟု သိ၇သည်။

ယနေ့အောက်တိုဘာ ၂၅ ရက်နံနက်ပိုင်းအထိ ဒီရေကျခြင်းမရှိဘဲ ယင်းအပြင် ရွာသားများမှာ မွေးမြူထားသည့်အိမ်မွေးတိရိစ္ဆာန်များမှာလည်း ရေနှင့်မျောပါကာ ဆုံးရှုံးမှုများရှိကြောင်း ကျေးရွာသားများကပြောသည်။

နေအိမ်ပျက်စီးဆုံးရှုံးမှုကိုလက်ရှိတွင် ရေမကျသေးသောကြောင့် သွားရောက်ကြည့်ရှုရန် မဖြစ်နိုင်သေး၍ အတည်မပြုနိုင်သေးကြောင်း၊ပျက်စီးဆုံးရှုံးမှုအတိအကျကိုမသိနိုင်သေးကြောင်း သဲခုံမှနောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"ရွာမှာ ကြက်တွေ၊ ဝက်တွေမွေးထားသူတွေမှာလည်းဘာမှမရလိုက်ကြတော့ဘူး။ ဒီရေကျချိန်မှာတောင် ရေကမကျဘူး။ တစ်ညလုံးလည်း မအိပ်ရပါဘူး။ အခုတော့ထမင်းလေးတစ်အိုးတည်း တာဝန်အရချက်ထားပါပြီ။ အခုထိကို ပင်လယ်ထဲနေ၇သလိုဖြစ်နေပါတယ်။ ဘယ်လောက်ပျက်စီးတယ်တော့သွားမကြည့်နိုင်လို့ အသေးစိတ်မသိနိုင်ပါဘူး"ဟု ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) “စီတရန်(SITRANG)”၏အရှိန်ကြောင့် ဒီရေလှိုင်းများတက်လာပြီးသဲခုံရွာအား ရေနစ်မြုပ်မှု ဖြစ်စေခဲ့သည်။

ယမန်နေ့ကတည်းကယနေ့နံနက်ပိုင်းအချိန်ထိ  ၇ခိုင်ပြည်နယ်၊ သံတွဲ၊ စစ်တွေ၊ ပေါက်တော နှင့်  မောင်တောမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်ခြင်း၊ပင်လယ်နားနီးသည့်နေရာများတွင် ရေတက်ခြင်း၊ မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။

လက်ရှိတွင် ဆိုင်ကုလုန်းမုန်တိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေင်ကိုနာကျွန်း(TinkonaIsland)နှင့်ဆန်းဝစ်(ပ်)ကျွန်း(SandwipIsland)တို့ အကြားဖြတ်ကျော်ဝင်ရောက်သွားခဲ့ကာ အားပျော့သွားခဲ့ကြောင်း ယနေ့ နံနက် ၅ နာရီခွဲအချိန်တိုင်းထွာချက်ကိုကိုးကားပြီး မြန်မာမိုးဇ/လက ထုတ်ပြန်ထားသည်။

#မုန်တိုင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.