Preview

ပုဏ္ဏားကျွန်းတွင် လယ်သမားများကို လယ်ထဲ မလာရန် ၅၅၀ တပ်ရင်းက သေနတ်ပြခြိမ်းခြောက်တားမြစ်

အောက်တိုဘာ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :760
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၂၆/၂၀၂၂

 

၇ခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့မှ လယ်သမားများကို အမှတ် (၅၅၀) တပ်ရင်းက စပါးစိုက်ပျိုးထားသည့် လယ်ထဲသို့ မလာရန် သေနတ်ပြ ခြိမ်းခြောက်ကာ တားမြစ်မှုများ ရှိနေကြောင်း သတင်းရရှိသည်။

 

အမည်မဖော်လိုသူတစ်ဦး လယ်သမားတစ်ဦးက  "(၅၅၀) တပ်နားမှာ ကျနော်တို့လယ်တွေရှိပါတယ်။ မနေ့က ကျနော်တို့ စပါးရဲ့အခြေအနေကို သွားကြည့်တော့ ကျနော်တို့ကို သေနတ်နဲ့ ရင်ဘတ်ကိုထောက်ပြီး နောက်တစ်ခါ ဒီလယ်ပြင်တွေကိုထပ်မလာဖို့ ခြိမ်းခြောက်ပါတယ်။ တကယ်က ကျနော်လယ်က စစ်တပ်နဲ့လည်း ဝေးပါသေးတယ် ဘာကြောင့် အခုလို ခြိမ်းခြောက်တားမြစ်တယ်ဆိုတာ မသိ၇ပါဘူး"ဟု ခြိမ်းခြောက်ခံခဲ့၇သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိရဉ္စရာသတင်းဌာနကို ပြောသည်။

 

ယမန်နေ့ အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ဘူတာအနီး လယ်ပြင်အခြေအနေသွားကြည့်သည့် လယ်သမားများမှာ ယခုကဲ့သို့ ခြိမ်းခြောက်ခံခဲ့၇ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ရင်း ခမ၇(၅၅၀) အနေနှင့် တခြားလယ်သမားများကိုလည်းယခင်ရက်များက ယခုကဲ့သို့ ခြိမ်းခြောက်မှုများ ရှိခဲ့သည်ဟု သူက ဆက်ပြောသည်။

 

"ပုဏ္ဏားကျွန်းမြို့ထက်က ကျနော်တစ်ဦးတစ်ယောက်ကိုပဲမဟုတ်ဘူး။ တခြား မြေဧကအများကြီးနဲ့လုပ်စားနေသူတွေလည်း ရှိပါတယ်။ သူတို့ကိုလည်း ခြိမ်းခြောက်တယ်လို့ သိ၇ပါတယ်"ဟု ပြောသည်။

 

၇ခိုင်ကလယ်သမားများသည် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်၊ ချေးငွေမရရှိခြင်း၊ ရာသီဥတုဒဏ် နှင့် စစ်ရေးအခြေအနေများကြားက ခက်ခက်ခဲခဲ စိုက်ပျိုးထားသည့် စပါးစိုက်ခင်းများကို ကြည့်ရှုခွင့်၊ ပြုစုပျိုးထောင်ခွင့် မ၇လျှင် စပါးပင်များ ပျက်စီးသွားနိုင်သည်ဟု နောက်ထပ်လယ်သမား တစ်ဦးက ပြောသည်။

 

"အခုလို ကိုယ့်လယ်၊ ကိုယ့်မြေကို လုပ်စားနေသူတစ်ယောက်ကို လယ်ကိုလည်းသွားမကြည့်၇၊ လယ်လည်းသိမ်းခွင့်မရရင် ဒုက္ခဖြစ်ပြီလေ။ နောက်ထပ် ဘယ်လိုဆက်လုပ်စားမလဲ။ ကျနော်တို့ပုဏ္ဏားကျွန်းမှာ တခြားလုပ်ငန်းပိုင်းဆိုင်ရာကိုလည်း လုပ်စားလို့မ၇တဲ့အခြေအနေ ရှိတဲ့သူတွေအနေနဲ့  ကိုယ့်လယ်ကိုအားကိုးပြီး လယ်ယာစိုက်ပျိုး ထမင်းစား၇တဲ့အချိန်မှာ  လယ်သိမ်းခွင့်မရရင် ကျနော်တို့ ပြည်သူတွေ ဘယ်လိုလုပ်စားကြမလဲ။ အခုလက်ရှိ ကုန်ကျစရိတ်တွေ အများကြီး ကုန်ကျပြီး ခက်ခက်ခဲခဲလုပ်ထားပြီးမှ အခုလို တားမြစ်တာကတော့ လယ်သမားတွေအနေနဲ့ အထူးနစ်နာ၇မယ့် ကိစ္စပါ။ ခုလို တားမြစ်တဲ့အတွက်  ရခိုင်သူ၊၇ခိုင်သား၊ ပုဏ္ဏားကျွန်းမြို့သူ၊ မြို့သား သူတို့ (စစ်တပ်) အောက်မှာ တော်တော်ခံ၇အုံးမှာပဲလို့ ပြောချင်ပါတယ်" ဟု ပြောသည်

 

ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ရေး အခြေအနေကြောင့်  မထွန်ယက် မစိုက်ပျိုးနိုင်သည့် ယ်မြေ အများအပြားရှိနေသလို ထွန်ယက် စိုက်ပျိုးထားသည့် လယ်မြေများကိုလည်း စစ်တပ်က မသွား၇၊ မလာ၇ တားမြစ်နေ၍ နိုင်ငံတော်ကောင်စီဝင် ဒေါ်အေးနုစိန်၊ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းတို့အနေဖြင့် ဝင်ရောက် ဖြေရှင်းပေးစေလိုသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

 

ယခုကိစ္စနှင့်ပတ်သက်ပြီး အကြောင်းအရင်းကို ရခိုင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူ၇အာ နိရဉ္စရာကဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။

 

အောက်တိုဘာ ၂၂ ရင်နေ့ကလည်း မင်းပြားမြို့နယ် ကြပ်စင်တံတားအနီးရှိ ဖလောင်းပြင်ကျေးရွာသားတစ်ဦးပိုင်သည့်လယ်ပြင်မှ မှည့်နေသော စပါးများကို စစ်ကောင်စီတပ်သားများက ဝင်ရောက် ကျူးကျော်ရိတ်သိမ်းမှုရှိခဲ့သည်ဟု သိ၇သည်။ (NN-7)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.