စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ရသေ့တောင်မြို့နယ်အနောက်တောင်ပိုင်း နယ်ခြားစောင့်တပ်နှင့် AA တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 1.2k

နိရဥ္စရာ၊ အောက်တိုဘာ ၂၆/ ၂၀၂၂

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ချိန်ခါလိန်နယ်ခြားစောင့်တပ်အနီးတွင် ယနေ့ညနေပိုင်းက စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် အပြန်အလှန် မိနစ်အနည်းငယ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာကို ပြောသည်။

ယနေ့အောက်တိုဘာလ ၂၆ ရက် ညနေ ၄ နာရီကျော်တွင် ချိန်ခါလိန်နယ်ခြားစောင့်တပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သူတို့တပ်အောက်ဘက်ရှိ မြောင်အတွင်း ရေဆင်းချိုးစဉ် AA တပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်ကာ ပစ်ခတ်ခဲ့ရာမှ မိနစ်အနည်းခန့်ကြာ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

"ထိခိုက်ကျဆုံးမှု ရှိ၊ မရှိတော့ လောလောဆယ်မသိရသေးဘူး"ဟု ယနေ့ညနေ ၆ နာရီက ပြောသည်။

ယင်းသို့အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားအပြီး ချိန်ခါလိန်၊ ကိုးတန်ကောက် စသည့် ကျေးရွာများ၏နောက်ဘက်ရှိတောင်တန်းများကို ရသေ့တောင်မြို့ရှိတပ်ရင်း ၃ ခုက လက်နက်ကြီးများဖြင့် မိနစ် ၂၀ ခန့်ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံများက ပြောသည်။

ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာအနီးတွင် ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်ကလည်း စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ