စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ရခိုင်အမျိုးသားနိုင်ငံရေးသမား၊စာပေပညာရှင်၊ ရှေ့နေကြီး ဦးဘိုးကျော်သန်းကွယ်လွန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 4.8k

နိရဉ္စရာ၊ အောက်တိုဘာ ၂၆/ ၂၀၂၂

အမျိုးသားရေးသမား၊ စာပေပညာရှင်၊ ရှေ့နေကြီး ဦးဘိုးကျော်သန်းသည် အောက်တိုဘာ ၂၄ ရက် ညနေ နာရီတွင် စစ်တွေမြို့ ပါဒလိပ်ချိပ်(မြို့သူကြီး)ရပ်ကွက် စစ်ကဲလမ်းရှိ သူ၏ နေအိမ်တွင် ကွယ်လွန်သွားကြောင်း သတင်းရရှိပါသည်။

ဆရာကြီးသည် ကွယ်လွန်ချိန်တွင် အသက် (၈၈)နှစ်ရှိပြီဖြစ်သည်။

ဆရာကြီး ဦးဘိုးကျော်သန်းသည် ရခိုင်ပြည် နိုင်ငံရေး၊ အမျိုးသားရေး၊ သမိုင်းဆိုင်ရာအရေးကိစ္စ အဝဝတွင် အားကြိုးမာန်တက် ပါဝင်ဆောင်ရွက်ခဲ့သည့် လေးစားထိုက်သောဝါရင့် ဥပဒေပညာရှင် ပုဂ္ဂိုလ်တယောက်ဖြစ်ကြောင်း ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီမှ ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာတွင်ဖော်ပြထားသည်။

ဆရာကြီးသည် ရခိုင်တစ်မျိုး သားလုံးညီညွတ်ရေးကော်မတီတွင်  နာယကတစ်ဦးအဖြစ်  ပါဝင်ဆောင်ရွက်နေသော ပုဂ္ဂိုလ်တယောက်လည်း ဖြစ်ကြောင်း သိရှိရပါသည်။

ရခိုင်အမျိုးသားပါတီက ပေးပို့သည့် ဝမ်းနည်းကြောင်း သဝဏ်လွှာတွင်လည်း ဦးကျော်သန်း() ဘိုးကျော်သန်းသည် ငယ်ရွယ်စဉ်ကာလမှသည် မကွယ်လွန်မှီ နောက်ဆုံးအချိန်ထိ ရခိုင်အမျိုးသားရေးကို တစိုက်မတ်မတ်ဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။

၎င်းပြင်ဆရာကြီးသည် (၈၈) လူထုအရေးတော်ပုံနောက်ပိုင်း ရခိုင်တိုင်းရင်းသားများပါတီ (ရတည) အထွေထွေ  အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး (၂၀၁၀) ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ ပါတီများမှတ်ပုံတင်ရန် ပြင်ဆင်ချိန်တွင်လည်း ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ပေါ်ပေါက်ရေးအတွက် လက်တွဲဖော်ရခိုင်နိုင်ငံရေးသမားများကို စုစည်းပြီး သူ၏နေအိမ်၌ပင် အစည်းအဝေးပြုလုပ်၍ ကြိုးပမ်းဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ကြောင်းဖြင့်လည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။  

ဦးကျော်သန်း() ဘိုးကျော်သန်းကွယ်လွန်သွားခြင်းသည် ရခိုင်အမျိုးသားများအတွက် အစားထိုးမရနိုင်သည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ပြီး ကျန်ရစ်သူ မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြထားသည်။

ရာကြီးသည်  အင်္ဂလိပ်စာအရေးအသား ကောင်းမွန်တတ်ကျွမ်းသူဖြစ်ပြီး ရခိုင်သမိုင်းကိုလည်း နိုင်ငံတကာက ရခိုင်အရေးကို စိတ်ဝင်စားသူများကိုလည်း သမိုင်းအမှန်သိမြင်အောင်တင်ပြနိင်ခဲ့သူ တစ်ဦးဖြစ်သည်။

စစ်တွေမြို့က နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဆရာဦးမောင်မောင်စောက ဆရာကြီး ကွယ်လွန်မှုက ရခိုင်ပြည်သူတွေအတွက် ဆုံးရှုံးမှုတစ်ခုပါ။ ဆရာကြီးမှာ ဥပဒေပညာရှင် တစ်ဦးရဲ့ အရည်အခြင်းမျိုး အပြည့်အ၀ရှိတယ်လို့ သုံးသပ်မိပါတယ်။ ဆရာဟာ ကိုယ်ကျိုးကိုမကြည့်ဘဲ အမျိုးသားအကျိုးကို ဦးထိပ်ထားရေ နိုင်ငံရေးစောင့်ကြည့်လေ့လာတဲ့ အမျိုးသားရေးသမား၊ ရှေ့နေကြီးလေ့ဖြစ်သလို  အမျိုးသားသမိုင်းစာတွေကိုလည်း တစ်သက်တာလေ့လာပြုစုလာတဲ့  မျိုးချစ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်ဟု ပြောကြားသည်။

ဆရာကြီးအသုဘအခမ်းအနားကို အောက်တိုဘာ ၂၇ ရက် နေ့လယ် နာရီတွင် စစ်တွေ အာကျိတ်တော်ကုန်းတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။

ဆက်စပ် သတင်းများ