စနေ၊ မေလ ၄ရက်၊ ၂၀၂၄

ကျောက်ဖြူမြို့ မြေစာရင်းဦးစီးမှူးနှင့် မြေတိုင်းစာရေး ၁ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6k

နိရဉ္စရာ၊ အောက်တိုဘာ ၂၇/၂၀၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှ မြေစာရင်းဦးစီးမှူးနှင့် မြေတိုင်းစာရေး ဦးတို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားသည်ဟု သတင်းရရှိသည်။

 

စစ်ကောင်စီတပ်သည် ကျောက်ဖြူမြို့နယ် မြေစာရင်းဦးစီးမှူးနှင့် မြေတိုင်းစာရေး ဦး၊ စုစုပေါင်း ဦးကို အောက်တိုဘာ ၂၅ ရက်နှင့် ၂၆ ရက်တို့က ဖမ်းဆီးပြီး ယင်းအထဲမှ မြေတိုင်းစာရေး ဦးဖြစ်ကြသည့်  ဦးခင်မောင်(၃၉)နှစ်နှင့် ဦးညီညီတင်(၄၅)နှစ်တို့ကို အောက်တိုဘာ ၂၆ ရက် ညနေပိုင်းက ပြန်လွှတ်ပေးခဲ့သည်။

 

သို့သော်လည်း မြေစာရင်းရုံးမှ မြေစာရင်းဦးစီးမှူး ဦးထွန်းထွန်းဝင်း(၅၂)နှစ်နှင့် ဦးထွန်းထွန်နိုင်(၄၅)နှစ်တို့ကို ဆက်လက်ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

 

ပထမတစ်ရက် အောက်တိုဘာ ၂၅ ရက်က မြေတိုင်းဦးစီးမှူး အဖမ်းခံရတယ်။ နောက်တစ်ရက် မြေတိုင်းစာရေး နှစ်ယောက်ကိုဖမ်းတယ်။ အဲနေ့မှာပဲ မြေတိုင်းစာရေး နှစ်ယောက်ကို ပြန်လွှတ်ပေးပြီးတော့ နောက်တစ်ယောက်ကို ညနေပိုင်းက ရုံးကထပ်ဖမ်းသွားခဲ့တာဟုပြောသည်။

မြေစာရင်းဦးစီးမှူး ဦးထွန်းထွန်းဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂၅ ရက် ညနေ နာရီခန့်က ထွေအုပ်ရုံးတွင် အစည်းအဝေးတက်နေချိန်၌ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


သူတို့ကို ကျောက်ဖြူအခြေစိုက် ခလရ (၃၄) တပ်ရင်းမှ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိ ယင်းတပ်ရင်းတွင် ထိန်းသိမ်းထားကာ စစ်ဆေးမှုများ ပြုလုပ်သည်ဟုလည်း ကျောက်ဖြူမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီက ကျောက်ဖြူမြို့နယ်မှ ဒေသခံ ၃၀ ဦးထက်မနည်းကို အေအေနှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားပြီး ယင်းအထဲက တချို့ကို အကြမ်းဖက်ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်ဟုသိရသည်။ (NN-3)

ဆက်စပ် သတင်းများ