Preview

သံတွဲနှင့်တောင်ကုတ်ဒေသခံ (၇) ဦးကို ၁၇(၁)ဖြင့်အမှုဖွင့်ဟု ပြည်နယ်စစ်ကောင်စီထုတ်ပြန်

အောက်တိုဘာ ၂၇/ ၂၀၂၂ | ကြည့်ရှုသူ :6303
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၂၇/ ၂၀၂၂
၇ခိုင်ပြည်သံတွဲနဲ့တောင်ကုတ်မြို့နယ်က ဒေသခံ (ရ) ယောက်ကို မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့်အမှုဖွင့်ထားကြောင်း ၇ခိုင်ပြည်နယ်စစ်ကောင်စီကထုတ်ပြန်သည်။

ထိုသို့ မတရားအသင်းပုဒ်မ၁၇(၁) ဖြင့် အမှုဖွင်၇ခြင်းမှာ က္ခိုင့်တပ်တော် အေအေကို ငွေကြေးကောက်ခံထောက်ပံ့သလို စစ်ကောင်စီတပ်လှုပ်ရှားမှုများကို သတင်းပေးပို့၍ဖြစ်ကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏သတင်းများကို ပုံမှန် ထုတ်ပြန်ပေးနေသည့်၇ခိုင့်သတင်းစဉ်တွင် သတင်းဖော်ပြသည်။

အမှုဖွင့်ခံထား၇သူများမှာ သံတွဲမြို့နယ်ဆင်ခေါင်းရွာက ဦး ညီပုချေ၊ ကိုနေမျိုးအောင်၊ အင်းဒိုင် ကြီးရွာက ဦးကျော်ကျော်နိုင်(ခေါ်)ကြဆိပ်နဲ့ ကွေ့ချောင်းအုပ်စု လယ်တီရွာက ဦးမောင်မှတ်တို့ဖြစ်ကြသည်။

တောင်ကုတ်မြို့နယ် အမှုဖွင့်ခံ၇သူများမှာ မှန်နီရွာက ဒေါ်ခင်လှ၊ ရန်ခေါ်ရွာကျေးရွာကကိုဖြိုးမင်းဇော်နှင့်  သင်ပန်းရွှေကျေးရွာက ကိုကျော်ကျော်နိုင်တို့ဖြစ်ကြောင်း သိ၇သည်။

ယခုကဲ့သို့အရပ်သားပြည်သူများကို သံသယဖြင့် ဖမ်းဆီးပြီးအမှုဖွင့်တရား စွဲဆိုမှုများ ပြုလုပ်နေခြင်းမှာ အရပ်သားများကိုအကြောက်တရား လွှမ်းမိုးအောင်နှင့် ရက္ခိုင့်တပ်တော် အပေါ် ထောက်ခံမှုကျဆင်းလာအောင် ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသအတွင်း နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောသည်။

၇ခိုင်ပြည်တွင် စစ်ကောင်စီတပ်ကအရပ်သား ၁၅၀ နီးပါးကိုးဖမ်းဆီးထားပြီး ပုဒ်မအမျိုးမျိုးတပ်ကာ အမှုဖွင့် တရားစွဲဆိုထားသလို တချို့မှာလည်း မိသားစုနှင့်တွေ့ခွင့်မ၇ဘဲ အဆက်အသွယ်ပြတ်နေသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြကြောင်း သိရှိ၇သည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.