တနင်္ဂနွေ၊ မေလ ၅ရက်၊ ၂၀၂၄

ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေဌာနကို Telegram Account ကတဆင့် အမှုများကို တိုင်ကြားနိုင်ဟုထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.6k

နိရဉ္စရာ၊ အောက်တိုဘာ ၂၇/၂၀၂၂

ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေဌာနကို Telegram Account ကတဆင့် အမှုများကို တိုင်ကြားနိုင်ပြီဟု ရက္ခိုင်ပြည်သူ့အစိုးရက ယနေ့ထုတ်ပြန်သည်။

ရက္ခိုင်ပြည်သူ့အစိုးရ၏ တရားဥပဒေရေးရာဌာနသည် အာရက္ခပြည်သူပြည်သားတို့၏ တရားရေး၊ ဥပဒေရေးရာနှင့် သက်ဆိုင်သော အမှုအခင်းကိစ္စရပ်များ၊ ရပ်ရွာ၊ မြို့နယ်များအတွင်း ဖြစ်ပွားနေသော ပြဿနာများကို အချိန်နှင့်တပြေးညီ တိုင်ကြားနိုင်ရန်၊ အမှုအခင်းပြဿနာများကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ရန်၊ ပြည်သူ့အသံများကို နားထောင်နိုင်ရန်၊ အမှုသည်များနှင့် တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် မြေပြင်တွင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ခံများထားရှိပြီး ရုံးများဖွင့်လှစ်၍ အမှုများစစ်ဆီးပေးခြင်းဖြင့်တရားဥပဒေရေးရာဌာနအား အကောင်းဆုံး လည်ပတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အမှုအခင်းများကို Online မှတဆင့် တိုက်ရိုက်တိုင်ကြားနိုင်ရန်အတွက် Justice For Arakan အမည်ဖြင့် Telegram Account တစ်ခုကိုဖွင့်ပြီး တရားဥပဒေရေးရာဝန်ဆောင်မှုများကိုလည်း ယခင်ကတည်းကလုပ်ဆောင်ခဲ့သော်လည်း အဆိုပါ Justice For Arakan အမည်ရှိ Telegram Account မှာ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၂၁) ရက်နေ့မှစ၍ နည်းပညာပိုင်းဆိုင်ရာ မတော်တဆ ချို့ယွင်းမှုကြောင့် ၎င်း Telegram Account ကို နှစ်လကျော် သုံးစွဲခြင်းမရှိဘဲ ရပ်နားထားခဲ့ရပြီး ယခုအချိန်မှာ ULA ၏တရားဥပဒေရေးရာဌာန မှ Justice For Arakan အမည်ဖြင့် Telegram Account  အကောင့်သစ်တခုကို ယနေ့၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့တွင် အသစ်ထပ်မံ ဖွင့်လှစ်ထားခြင်းဖြစ်၍ ယခင်ကကဲ့သို့ ပြန်လည်တိုင်ကြားနိုင်ပြီဖြစ်ကြောင်း နှင့်

မိဖပြည်သူများအနေဖြင့် Justice For Arakan အကောင့်၏ Username: @justice4arakan ကိုTelegram တွင် အလွယ်တကူ ရိုက်နှိပ်ရှာဖွေနိုင်ပြီး တရားဥပဒေရေးရာဌာနသို့ တိုက်ရိုက်ဆက်သွယ်ကာ အမှုများကို တိုင်တန်းနိုင်သည့်အပြင် Email: [email protected] မှ တဆင့်လေ့ တိုင်တန်းနိုင်ပြီဖြစ်ကြောင်း အသိပေးရေးသားထားသည်။(NN-7

ဆက်စပ် သတင်းများ