နိရဉ္စရာ၊အောက်တိုဘာ ၂၈/၂၀၂၂
မင်းပြားမှဒေသခံတစ်ဦးကိုစစ်ကောင်စီတပ်ကယမန်နေ့ အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၅ နာရီခွဲခန့်တွင် ဖမ်းဆီးသွားခဲ့သည်ဟုသတင်းရရှိသည်။
ဖမ်းဆီးခံ၇သူသည်မင်းပြားမြို့နယ်၊ ခမောင်းတောကျေးရွာမှ ဦးအောင်မူချေ၏သား ကိုမောင်ဝေသန်း(၂၉) နှစ်ဖြစ်ပြီး ကြက်ခြံတွင်အလုပ်လုပ်နေသူဖြစ်ကြောင်းသိ၇သည်။
မင်းပြားမြို့နယ်၊ပုလဲပေါက် နှင့် ကျွဲရှည်ပြင်ရွာကြားတွင် ဖမ်းဆီးခံခဲ့၇ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးကပြောသည်။
"အဲ့ဒီစစ်သားတွေဟာ(၅၄၁) တပ်ကပါ။ ပုလဲပေါက်ရွာကထွက်လာပြီး သူတို့နှစ်ယောက်လာတာကို ဖမ်းတာပါ။ နောက်တစ်ယောက်က ထွက်ပြေးလို့လွတ်သွားတယ်။ကျန်တစ်ယောက် အဖမ်းခံလိုက်၇ပါတယ်"ဟု ပြောသည်။
ဖမ်းဆီးခံ၇ပြီးနောက်အဆိုပါစစ်ကြောင်းနှင့်အတူ (၅၄၁) တပ်ရင်းသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။
"သူကပုလဲပေါက်နဲ့ ကျွဲရှည်ပြင်ကြားကကြက်ခြံမှာ အလုပ်လုပ်နေတာလို့ သိ၇ပါတယ်။ အခု သူတို့နဲ့ အတူ(၅၄၁) တပ်ထဲကိုခေါ်သွားတယ်လို့ သိ၇ပါတယ်"ဟုပြောသည်။
လက်ရှိရခိုင်မှာ မင်းပြား၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြောက်ဦး နှင့်တခြား မြို့နယ်များတွင်လည်း အပြစ်မဲ့ ဒေသခံ အရပ်သားများနှင့်ပရဟိတသမားများ၊ လူမှုရေးလှုပ်ရှားသူများကို ဆက်တိုက်ဖမ်းဆီးမှုများရှိနေပြီး ဖမ်းဆီးခံထားရသူရာချီရှိလာနေပြီဖြစ်ကြောင်း သိ၇သည်။(NN-7)