နိရဉ္စရာ၊အောက်တိုဘာ ၂၈/၂၀၂၂
ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့နယ် မှိုဟင်းတောကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ယနေ့အောက်တိုဘာ ၂၈ ရက်၊ မွန်းတည့် ၁၂ နာရီခွဲခန့်တွင် ဖမ်းဆီးသွားခဲ့သည်ဟု သတင်းရရှိသည်။
ဖမ်းဆီးခံရသူမှာတောင်ကုတ်မြို့နယ် ၊ မှိုဟင်းတောကျေးရွာ ချောင်းနားလမ်းနေ အသက် ၄၀ ကျော်အရွယ် ဦးသန်းထွန်းဖြစ်ပြီး၎င်းသည် သင်္ဘောတွင် ပဲ့နင်းအဖြစ်လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်းသိ၇သည်။
၎င်းကိုယနေ့မွန်းတည့် ၁၂ နာရီခွဲခန့်က မှိုဟင်းတောကျေးရွာ ချောင်းနားလမ်းရှိ ၎င်း၏နေအိမ်မှအရပ်ဝတ် စစ်ကောင်စီတပ်သား ၂၀ ခန့်မှ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။
"သူ့ကိုစစ်ဆေးမေးမြန်းစရာရှိတယ်ဆိုပြီးတော့ သူ့အိမ်ကနေခေါ်သွားကြတာပါ။ အရပ်ဝတ်နဲ့စစ်သား ၂၀လောက်ပါပါတယ်။ လက်နက်တွေလည်းပါပါတယ်။ ဘာအကြောင်းကြောင့်နဲ့ ဖမ်းခေါ်သွားတာလည်းတော့ မသိ၇ပါဘူး"ဟု ပြောသည်။
ဖမ်းဆီးခံရသူဦးသန်းထွန်းအား တောင်ကုတ်အခြေစိုက် ခမ၇ ၃၄၆ တပ်ရင်းသို့ စစ်ကောင်စီတပ်သားများမှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။
လက်ရှိရခိုင်မှာ မင်းပြား၊ တောင်ကုတ်၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မြောက်ဦး နှင့်တခြားမြို့နယ်များတွင်လည်း အပြစ်မဲ့ ဒေသခံအရပ်သားများနှင့် ပရဟိတသမားများ၊ လူမှုရေးလှုပ်ရှားသူများကိုဆက်တိုက်ဖမ်းဆီးမှုများရှိနေပြီး ဖမ်းဆီးခံထားရသူ ရာချီရှိလာနေပြီဖြစ်ကြောင်း သိ၇သည်။
(NN-8)