Preview

ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်ဦးဆောင်သောမြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒက္ကားတွင်တွေ့ဆုံ

အောက်တိုဘာ ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :6378
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၂၈/ ၂၀၂၂

ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်ဦးဆောင်သော အဖွဲ့ဝင် ၃ ဦးပါ မြန်မာစစ်ကောင်စီကိုယ်စားလှယ် အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး SM Shafiuddin Ahmad နှင့် အောက်တိုဘာ ၂၆ ရက်က ဘင်္ဂလားဒေ့ရှ်စစ်တပ်ဌာနချုပ်တွင် သွားရောက် တွေ့ဆုံခဲ့သည်ဘင်္ဂလာစစ်သတင်းများကို ဖော်ပြသည့် ISPR (Inter Service Public RelationDirectorate) တွင် သတင်းဖော်ပြသည်။

ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က နှစ်နိုင်ငံစစ်ဘက် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံ အဆင့်မြင့် တပ်မတော်အရာရှိကြီး များအား ပူးတွဲဆွေးနွေးဖလှယ်ခြင်း၊ စစ်ရေးဆိုင်ရာ လေ့ကျင့်သင်တန်းဖလှယ်ခြင်း၊ ပူးတွဲ သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု နှင့် သက်ဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ခြင်း စသည်တို့ကိုပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ပြီး  ဒေသလုံခြုံရေးကို ပူးပေါင်းလုပ်ဆောင်ရန် အာမခံခဲ့သည်ဟု ဆိုသည်။

 ၎င်းပြင် ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်က ေရပ်စွန့်ခွာသွားခဲ့ကြသည့် မြန်မာနိုင်ငံက ရောက်ရှိနေသည့်ဒုက္ခသည်ပြဿနာ အပါအဝင်  ဒေသဆိုင်ရာ ပြဿနာများ များပြားလှသော မြန်မာနိုင်ငံကထွက်ပြေးလာကြသည့် ဒုက္ခသည်များကို  အချိန်အကြာကြီး ထားရှိခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ လုံခြုံရေးအန္တရာယ်များနှင့် မြန်မာနိုင်ငံထွက်ပြေးလာကြသည့်မူဆလင် ဒုက္ခသည်များ အမြန်ပြန်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စများကိုလေးပေးပြောကြားခဲ့သည်။

ယခုအချိန်တွင် နယ်စပ်ဒေသများတွင် စစ်ရေးစစ်ဆင်ရေးများ လုပ်ဆောင်ရာတွင်ပိုမိုသတိထားရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်ဟု ပြောဆိုသည်။

မြန်မာကိုယ်စားလှယ်က ၎င်း၏နိုင်ငံတိုးတက်ရေးနှင့် လုံခြုံရေးအတွက်ဆောင်ရွက်လျက်ရှိပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်ပိုမိုဆက်သွယ်မှုမှတစ်ဆင့် နှစ်နိုင်ငံပြဿနာများကိုဖြေရှင်းရန် စိတ်ပါဝင်စားကြောင်း ဖော်ပြခဲ့သည်ဟု ဆိုသည်။

မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သည့် ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်သည်အမှတ်(၃) စစ်ဆင်ရေး အထူးအဖွဲ့မှူးဖြစ်ပြီး ရခိုင်ပြည် စစ်ဆင်ရေးကို အဓိက ကွပ်ကဲနေသည့်စကစမှ အဆင်မြင့် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်ကြောင်း သိ၇သည်။

ယခုဆွေးနွေးပွဲနှင့်ပတ်သက်ပြီး  ISPR က ထုတ်ပြန်သည့် သတင်းတွင် ရခိုင်နယ်စပ်တွင် ဖြစ်ပွားနေသောတိုက်ပွဲများအရေးကိစ္စအပါအဝင် ရက္ခိုင့်တပ်တော်နှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ ရေးသားဖော်ပြထားခြင်းမရှိပေ။

ဘင်္ဂလားဒေ့ရှ်တပ်မတော်ဌာနချုပ်တွင် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုမှတစ်ဆင့်တပ်မတော်နှစ်ရပ်ကြား ဆက်ဆံရေးပိုမိုအားကောင်းလာကာ စစ်ရေးအ၇ ပူးပေါင်းဆောင်ရွက်ရန် ပိုမိုလွယ်ကူလာမည်ဟု မျှော်လင့်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

#မြန်မာ# ဘင်္ဂလားဒေ့ရှ်# နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.