Preview

ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီကဖြတ်တောက်ထားသဖြင့် ၇ခိုင်တွင်ဆေးဝါးများလုံး၀ပြတ်လပ်မှုအနေအထားသို့ရောက်ရှိနေ၊ ဆေးဝါးသယ်ယူခွင့်ရရန် ပြည်နယ်အစိုးရဆီကို တင်ပြတောင်းခံထားသော်လည်း ခွင့်ပြုချက်မရသေး

အောက်တိုဘာ ၂၉/ ၂၀၂၂ | ကြည့်ရှုသူ :2864
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၂၉/၂၀၂၂

 

၇ခိုင်ပြည်နယ်သို့ ဆေးဝါးသယ်ယူခွင့်ကို စစ်ကောင်စီကတင်းတင်းကျပ်ကျပ် တားမြစ်ထားသဖြင့် ရခိုင်ရှိ ဆေးဆိုင်အများအပြားတွင် ဆေးဝါးများပြတ်လပ်နေပြီးပြည်သူများအခက်အခဲများနှင့် ရင်ဆိုင်နေရပြီဟု သိ၇သည်။

 

ထိုသို့  ဆေးဆိုင်များတွင်ဆေးဝါးပြတ်လပ်နေ၍ပြည်သူများအနေဖြင့် ဆေးဝါးရရှိရန် အခက်အခဲရှိလာ၍ ရခိုင်ဆေးကုမ္ပဏီများနှင့်ဆေးဆိုင်များကဆေးဝါးသယ်ယူခွင့်ပြုရန် ၇ခိုင်ပြည်နယ် ကုန်သည်ကြီးများ အသင်းမှတစ်ဆင့်ရခိုင်ပြည်အစိုး၇ဆီသို့ ယခုလ ၂၄ ရက်နေ့စာရေး တင်ပြတောင်းဆိုခဲ့သည်။

 

သို့သော်လည်း အောက်တိုဘာ ၂၉ ရက်နေ့ထိ  အကြောင်းတစ်စုံတစ်ရာပြန်ကြားမှုမရှိသေးကြောင်း သတင်းရရှိသည်။

 

ကုန်သည်ကြီးမျာအသင်းဥက္ကဋ္ဌဦးတင်အောင်ဦးက "ကျွန်တော်တို့ကုန်သည်အသင်းဆီကို ပြီးခဲ့တဲ့ တနင်္လာ၊ အောက်တိုဘာ ၂၄ရက်က စစ်တွေမြို့ အခြေခံပြီးဆေးဝါးရောင်းချဖြန့်ဖြူးနေတဲ့ ဆေးကုမ္ပဏီ (၄၀)ကျော်နဲ့ ဆေးအရောင်းဆိုင်တွေဆီကစာလက်ခံရရှိတယ်။ ကျွန်တော်တို့က ဆေးဝါးဖြန့်ချီရေး လုပ်ငန်းရဲ့ အမှန်တကယ် တကယ့်လက်တွေ့မှာ ဆေးဝါးပြတ်လပ်မူအခြေအနေအခက်အခဲအားလုံးကို ကွင်းဆင်းပြီးတော့ ကျွန်တော်တို့ကုန်သည်အသင်းကအားလုံးစုံစမ်းခဲ့တယ်။ တစ်ချို့ဆေးဝါးတွေက အမှန်တကယ်ပြတ်လပ်နေတယ်ဟုပြောဆိုသည်။

 

ထိုကဲ့သို့ စစ်တွေမြို့မှ ပင်မဆေးဖြန့်ဖြူးနေသော ဆေးကုပမ္ပဏီများ၊ဆေးဆိုင်များတွင် ဆေးမရှိတော့သည်ကို စစ်ဆေးတွေ့ရှိ၇၍ ဆေးဝါးရောင်းချဖြန့်ဖြူးနေသည့် ဆေးကုမ္ပဏီ (၄၀)ကျော်မှ  တင်ပြလာသည့်စာကို ရခိုင်ပြည်နယ်အစိုး၇သို့ ယခုလ ၂၆ ရက်နေ့ကပေးပို့ခဲ့သည်ဟု သိ၇သည်။

 

ဒီလိုမျိုး စ်ချို့ဆေးဝါးတွေက ပြတ်လပ်လုဆဲဆဲ အခြေအနေကိုတွေ့၇ပြီးတော့ ထပ်ဆင့်ပြီးတော့ရခိုင်ပြည်အစိုး၇အဖွဲ့ဆီကို ဒီအောက်တိုဘာလ ၂၆ရက်နေ့က တင်ပြထားလိုက်တယ်။ဆေးဝါးပြတ်လပ်တဲ့အခြေအနေကို တွေ့ရှိပြီး သင့်လျှော်တဲ့နည်းလမ်းတစ်ခုခုနဲ့ ကျွန်တော်တို့ကို လမ်းညွှန်ပေးပါလို့ တင်ပြထားတယ်။လက်ရှိအချိန်ထိ ကျွန်တော်တို့ကို အကြောင်းပြန်တာ မရှိသေးပါဘူး။ ဘယ်အချိန်မှာအကြောင်းပြန်လာမယ်ဆိုတာလည်း မပြောတတ်သေးဘူး။ ဘယ်လိုပုံစံ ဖြစ်လာမယ်ဆိုတာကလည်း ပြောဖို့ စောသေးတယ်" ဟု ပြောသည်။

 

လက်ရှိ၇ခိုင့်ဆေးဆိုင်များအားလုံးတွင်ဆေးဝါးပြတ်လပ်နေပြီး ဈေးကွက်ထဲတွင်လည်း ရောင်းချမည့် ဆေးဝါးမရှိတော့၍ ရခိုင်ရှိ ဆေးကုမ္ပဏီများနှင့်ဆေးဆိုင်များက အခက်အခဲပေါင်းစုံဖြင့် ရင်ဆိုင်ကြုံတွေ့နေ၇ပြီး ပြည်သူများလည်း ဆေးဝါများ ရရှိရန် အခက်အခဲကြုံနေကြသည်ဟု အမည်မဖော်လိုသူ ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

 

"အဓိကတော့တကယ်လိုအပ်ချက်ရှိတဲ့ ုံး၀ပြတ်လို့မရတဲ့ဆေးဝါးတွေရှိတယ်။ တီဘီဆေး၊ ဘီပိုး၊ စီပိုးဆေးတွေက ပြတ်လပ်လို့မရဘူး။ နှလုံးသွေးတိုး၊ဆီးချိုနဲ့ပတ်သတ်တဲ့ ဆေးတွေက ပြတ်လပ်လို့မ၇ဘူး။ အခု ဒီဆေးတွေကဈေးကွက်ထဲအထိ အခက်အခဲဖြစ်နေတယ်။စားသုံးသူတွေကလည်းလိုချင်တဲ့ ဆေးဝါးမရရှိကြဘူး။ဆေးလာဝယ်ကြတယ်။ လိုချင်တဲ့ ဆေးမရှိတော့မဝယ်ပဲပြန်ကြရတဲ့ အခြေအနေတွေရှိနေတယ်" ဟု ဆေးဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

 

ယင်းအပြင်ဆေးဝါးများဈေးနူန်းမြင့်တက်နေသည့်အခြေအနေများကိုလည်း ဆေးကုမ္ပဏီများ၊ဆေးဆိုင်များနှင့် စားသုံးသူများက ရင်ဆိုင်နေ၇ပြီး စားသုံးသူများအနေဖြင့်လည်းဆေးပြတ်လပ်နေ၍ လိုချင်သည့်ဆေးများမရရှိခြင်း၊ ဆေးဈေးများမြင့်တက်နေခြင်းတို့ကြောင့်အခက်အခဲဖြစ်လျှက်ရှိကာနယ်ဒေသတွင် ရှိသည့်ဒေသန္တ၇ဆေးခန်းမျာတွင် အခြေအနေပိုဆိုးနေသည်ဟု သတင်းများ ရရှိသည်။

 

လက်ရှိတွင် တန်ဒါအောင်မြင်ထားသည့် ဆေးကုမ္ပဏီများနှင့်ဆေးဆိုင်တို့ကကျန်ရှိနေသည့် လက်ကျန်ဆေးဝါးတို့ဖြင့် ဖြန့်ဖြူးရောင်းချနေကြရသည်ဟု သိ၇သည်။

 

ရခိုင်တွင်ဆေးဝါးသယ်ယူခွင့်ကို ရခိုင်ပြည်အစိုးရ၏ခွင့်ပြုချက်ရအောင် ဆေးကုမ္ပဏီများနှင့်ကုန်သည်ကြီးများအသင်းတို့က ခွင့်ပြုချက်ရရှိရန် ပါမစ်တင်ရကာ ၇ခိုင်ပြည် အစိုး၇၏ ခွင့်ပြုချက်ပါမစ်ရမှသယ်ယူခွင့်ရသည်ဟုလည်း သိ၇သည်။

 

"အရင်တုန်းကလည်းရခိုင်ပြည်အစိုးရရဲ့ ခွင့်ပြုချက်နဲ့မှသယ်ယူခွင့်၇တယ်။ ကားလမ်းကနေ သယ်ယူခွင့်ရတယ်။ အရင်တုန်းကပေါ့။သယ်ယူခွင့်ပါမစ်ကို အဆင့်ဆင့်စစ်တယ်။ ဒါပေမဲ့ အခုစစ်ဆေးမူက ပိုတင်းကျပ်တယ်။ ပါမစ်တင်တဲ့အချိန်မှာလည်းရခိုင်ပြည်အစိုးရဆီက ချမပေးသေးတော့ ဆေးဝါးပြတ်တောက်မူကရှိလာနိုင်တယ်။ ဒါပေမဲ့ကျွန်တော်တို့က အများပြည်သူတွေအတွက် ရခိုင်ပြည်အစိုး၇ကတစ်နည်းတစ်ဖုံနဲ့ခွင့်ပြုပေးလာမယ်လို့ ယူဆထားတယ်" ဟု ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌဦးတင်အောင်ဦးက ပြောသည်။

 

ရခိုင်တွင်မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို စစ်ရေးတင်းမာလာပြီးနောက် ၇ခိုင်သို့ ဆေးဝါးသယ်ယူခွင့်ကိုမြန်မာစစ်တပ်က တင်းတင်းကျပ်ကျပ် ပိတ်ပင်မှုများရှိလာခဲ့ပြီး ဆေးဝါးသယ်ယူရောင်းချသူများမှာလည်း ဖမ်းဆီးစစ်ဆေးခံရမှုများ ရှိခဲ့သည်။

 

ယင်းအပြင်ရခိုင်တွင် အထူးသဖြင့် ၇ခိုင်ပြည်နယ်မြောက်ဘက်ပိုင်း မြို့နယ်များသို့ဆေးဝါးများ တင်သွင်းခွင့်ကို ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ကစတင်ပိတ်ထားပြီး အမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ဆေးဝါးများကို သယ်ဆောင်ခွင့်မပြုကြောင်းဆေးဆိုင်ပိုင်ရှင်များမှတစ်ဆင့်သိ၇သည်။(NN-12)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.