စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာစကစနယ်ခြားစောင့်တပ်တို့ တက်ကနက်မြို့တွင် နှစ်နိုင်ငံတပ်မှူးအဆင့် အလံတင်အစည်းအဝေးကျင်းပနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 8.3k

နိရဉ္စရာ၊ အောက်တိုဘာ ၃၀/၂၀၂၂

 

ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ှင့် မြန်မာစစ်ကောင်စီ နယ်ခြားစောင့်တပ်တို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် တက်ကနက် (ရခိုင်အခေါ် ကယုချောင်းမြို့) ွင် ယနေ့ တွေ့ဆုံဆွေးနွေး နေကြသည်ဟု သိရသည်။

ယခုပြုလုပ်သော အစည်းအဝေးမှာ နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင် အစည်းအဝေးဖြစ်ပြီး လက်ရှိ ယ်စပ်လုံခြုံရေးနှင့် တင်းမာမှုများအကြား ရေပန်းစားနေသည့်ကိစ္စရပ်များကို အထူး အလေးပေး ဆွေးနွေးလျက်ရှိနေသည်ဟု  Dhaka Tribune က ဒေသအချိန် ယနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ် က သတင်းဖော်ပြသည်။

 

ဘင်္ဂလားဒေ့ရှ် အမှတ် (၂) BGB တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး Khalid Mohammad Iftekhar က နယ်စပ်လုံခြုံရေးနှင့် တင်းမာမှုများဖြစ်ပေါ်နေခြင်း ကိစ္စနှင့် တ်သက်ပြီး ဆွေးနွေးမည်ဖြစ်ကြောင်း စနေနေ့တွင် Dhaka Tribune ပြောကြားထားသည်ဟု ဆိုသည်။

 

အစည်းအဝေးပြီးသည်နှင့်  BGB က  နောက်ထပ်အသေးစိတ်အချက်အလက်များကို ပို့ပေးမည်ဖြစ်ကြောင်း ၎င်းက Dhaka Tribune သို့ ပြောကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

 

သတင်းထဲတွင် စက်တင်ဘာ ၁၆ ရက်က မြန်မာစစ်တပ်က ပစ်ခတ်ခဲ့သည့် မော်တာကျည်ဆန် ပေါက်ကွဲတာကြောင့် မြန်မာနိုင်ငံက မူဆလင် ဒုက္ခသည်လူငယ်တစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊  ထိုနေ့တွင်ပင် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဘင်ဒရိုင်ဘင် ခရိုင် နတ်ကျောက်ဆရီမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် နောက်ထပ် ဘင်္ဂလားဒေ့ရှ် လူငယ်တစ်ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့ကြောင်း၊ ၎င်းဒီဒေသတွင်  မြန်မာစစ်တပ်က မိုင်းများ ထောင်ထားသည်ဟု ဒေသခံများက ပြောကြောင်း၊ တောင်ပြို (Tombru) နယ်စပ်အနီးတွင် တစ်လုံး ပေါက်ကွဲခဲ့ကြောင်း၊  ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာနိုင်ငံအတွင်း သေနတ်ပစ်ခတ်မှုနှင့် မော်တာကျည်များ အဆက်မပြတ် ဖြစ်ပွားနေမှုကြောင့် ဒေသအတွင်းက အာဏာပိုင်များက နတ်ချောင်းဆရီမြို့နယ်ရှိ  Dochari နှင့် ခေါင်းတုံးတိုက်နယ်က မိသားစု ၃၀ ကို အောက်တိုဘာ ၂၃ ရက်က ရွှေ့ပြောင်းပေးခဲ့ကြောင်း စသဖြင့် သတင်းတွင် ဖော်ပြထားသည်။

 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနသည် မြန်မာသံအမတ်အားက္ကားမြို့တွင်  အကြိမ်များစွာ ဆင့်ခေါ်ခဲ့ပြီး မြန်မာစစ်ကောင်စီ စစ်တပ်၏ လှုပ်ရှားမှုကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ဆက်စပ် သတင်းများ