နိရဉ္စရာ၊အောက်တိုဘာ ၃၀/၂၀၂၂
ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက် စစ်ကောင်စီတပ်ရင်းအမှတ် (၅၃၉) တပ်ရင်းက ယမန်နေ့ညက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်တစ်လုံးသည် လူနေရွာထဲ ကျရောက်ပေါက်ကွဲ၍ အိမ် ၂ လုံးပျက်စီးကာန၀မတန်းကျောင်းသူ၁ဦး ထိခိုက်ဒဏ်ရာရှိသွားသည်ဟု သိ၇သည်။
လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ပျက်စီးသွားခဲ့သည့် အိမ်နှစ်ဆောင်မှာ ကျောက်တော်မြို့နယ်၊ဆင်မကျော်(ခမီ)ကျေးရွာမှ ဦးလှမောင်၊ ဦးအောင်အောင်ဌေးတို့၏ နေအိမ်များဖြစ်ကြပြီး ဒဏ်ရာ၇သွားသည့် န၀မတန်းကျောင်းသူမှာ ဦးတင်ညွန့်မောင်၊ဒေါ်စန္ဒာဝင်းတို့၏ သမီး မဆန်းဆန်းဝင်း(၁၅)နှစ် ဖြစ်ကြောင်းသိ၇သည်။
ဒေသခံ တစ်ဦးက “ မနေ့ကညအချိန် ၈နာရီလောက်မှာ ကန်စောက်တပ်ရင်း ၅၃၉ ကနေ လက်ကြီးကျည် တစ်လုံးတည်းပစ်တာပါ။ အဲဒါ ဆင်မကျော်ကျေးရွာထဲကိုကျပါတယ်။ အိမ်နှစ်ဆောင်ရဲ့ ခေါင်းမိုးက ဇကာပေါက် ဖြစ်သွားပါတယ်။ညစာကျက်နေတဲ့ ကိုးတန်းကျောင်းသူ မဆန်းဆန်းဝင်းရဲ့ လက်နှစ်ဖက်မှာ လက်နက်ကြီးကျည်စတွေ ထိမှန်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်” ဟုပြောကြားသည်။
ကျောက်တော်မြို့နယ်၊ ကန်စောက်အခြေစိုက်ခမ၇ ၅၃၉တပ်မှ ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့၊ ည ၈နာရီအချိန်ခန့်တွင်လက်နက်ကြီး ၁ချက်ပစ်ခတ်ခဲ့ပြီး ၎င်းလက်နက်ကြီးကျည်သည် ကျေးရွာထဲသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။
"မနေ့ညကပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကသံဖြူခေါင်မိုးတွေနဲ့အခန်းတွေပျက်စီးသွားတယ်။ ကျောင်းတက်နေတဲ့န၀မတန်းကျောင်းသူတစ်ယောက်က စာကျက်နေတဲ့ အချိန်မှာ ကျည်စတွေက သူမ စာကျက်နေတဲ့ နေရာအထိ လွှင့်စဉ်လာပြီး ကျည်စတွေလာထိတာပါ" ဟုဆင်မကျော်ကျေးရွာမှ နောက်ထပ်ကျေးရွာသားတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည်စထိမှန်၍ထိခိုက်ဒဏ်ရာရှိသွားသည့် န၀မတန်းကျောင်းသူ မဆန်းဆန်းဝင်းကိုကန်စောက် ကျေးလက်ကျန်းမာရေးဌာန၌
ကျောက်တော်တွင် ယမန်နေ့အောက်တိုဘာ ၂၉ ရက်၊ နေ့လယ် ၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲဒရုန်းလွှတ်ပစ်ခတ်မှုကြောင့် ကျောက်တော်မြို့နယ်၊ ရုပ်သားကျေးရွာမှမြိုင်ဟေဝန်ကျောင်းတိုက်တွင်ကျောင်းခေါင်းမိုးအပါအဝင်အပျက်အစီးတချို့ရှိခဲ့သည်။(NN-12)