Preview

တစ်ပတ်အတွင်း သံတွဲ၊တောင်ကုတ်နှင့်အမ်းမြို့နယ်မှ ဒေသခံ ၁၅ ဦးခန့်ကို ULA/AA နှင့်ဆက်စပ်စွပ်စွဲပြီး ပုဒ်မ၁၇(၁)ဖြင့်အမှုဖွင့်

အောက်တိုဘာ ၃၁/ ၂၀၂၂ | ကြည့်ရှုသူ :6930
ရခိုင် သတင်း

နိရဉ္စရာ၊ အောက်တိုဘာ ၃၁/ ၂၀၂၂

က္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)အားထောက်ခံအားပေးမှု ၇ခိုင်ပြည်နယ် တောင်ဘက်ပိုင်း မြို့နယ်များအထိ ကျယ်ပြန့်လာမှုအပေါ်  နှိမ်နှင်းတားဆီးရန်ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီသည် ဒေသခံအများအပြားကို ဖမ်းဆီးတရားစွဲဆိုနေရာ အောက်တိုဘာနောက်ဆုံးအပတ်အတွင်း ဒေသခံ ၁၅ ဦးခန့်ကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်ဟုသတင်းရရှိသည်။

တောင်ကုတ်ဒေသခံ တစ်ဦးက   ဒီတောင်ကုတ်၊သံတွဲမြို့နယ်တွေဘက်မှာ အဖမ်းအဆီး တော်တော်များနေတယ်။နေ့တိုင်းလိုလို မထင်ရင် မထင်သလို ဖမ်းဆီးနေတဲ့ အတွက် လူတိုင်း ကျီးလန့်စာစားဖြစ်နေကြ၇တယ်။  အေအေကို သတင်းပို့တယ်။ငွေကြေးထောက်ပံ့တယ်ဆိုပြီး ဖမ်းနေတာဟု ပြောသည်။

အေအေကို စစ်တပ်လှုပ်ရှားမှု သတင်းများကိုပေးပို့ခြင်း၊ စစ်ကောင်စီ၏ဌာနဆိုင်ရာ သတင်းအချက်အလက်များကို ပေးပို့ခြင်း၊ အေအေအားငွေကြေးကောက်ခံထောက်ပံ့ခြင်းစသည့် စွဲချက်များဖြင့် အမှုဖွင့်ခံရသူ လတ်တလောရက်ပိုင်းအတွင်း ၁၅ ဦးခန့်အထိ ရှိလာပြီး၎င်းတို့မှာ သံတွဲ၊ တောင်ကုတ်နှင့် အမ်းမြို့နယ်တို့က ဖြစ်ကြသည်ဟု သိ၇သည်။

လက်တလော အမှုဖွင့်ခံ၇သည့်အထဲတွင် တောင်ကုတ်မြို့နယ်မှ ၄ဦးရှိပြီး ၎င်းတို့မှညမှိုဟင်းတောရွာမှ

ဦးကျော်သောင်း (ဘ)ဦးကျော်ထွန်းအောင်(၄၂)နှစ်၊ သရက်ပင်ချောင်းရွာမှ ကိုကိုနိုင်(ဘ)ဦးသိန်းချေ(၂)နှစ်၊  မှန်နီကျေးရွာမှ စိုးမင်းထွန်း(ဘ)ဦးကျော်လွင် ()နှစ်၊ ညောင်ဖောက်ကျေးရွာမှ  အေးကျော်ကျော်(ဘ) ဦးကျော်ဇေယျ (၃၉) နှစ်တို့ ဖြစ်ကြသည်။

အမ်းမြို့နယ် တလိုင်းတောင်ကျေးရွာမှ ချင်းအမျိုးသား ခရစ်ယာန်ဆရာ ဦးောင်ဆန်း (ဘ) ဦးစံတင် (၄၅)နှစ်ကိုလည်း အမှုဖွင့်ထားသည်ဟုသိ၇သည်။

၎င်းတို့ (၅) ဦးသည်စစ်ကောင်စီတပ်ဖွဲ့လှုပ်ရှားမှုသတင်းအပါအဝင် အစိုးရဝန်ထမ်း လှုပ်ရှားမှုသတင်းများကို ရက္ခိုင့်တပ်တော်ကို သတင်းပေးပို့သည်ဟု စွပ်စွဲကာ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁) နှင့် အမှုဖွင့်အရေးယူထားသည်ဟု ဆိုသည်။အောက်တိုဘာလ ၂ရရက်နေ့ကလည်း အလားတူ စွပ်စွဲချက်ဖြင့် သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာမှ ညီပုချေ၊နေမျိုးအောင်နှင့် အင်ဒိုင်းကြီးရွာမှဦးကျော်ကျော်နိုင်ခေါ် ကြက်ဆပ် ကွေ့ ချောင်း အုပ်စု လယ်တီကျေးရွာမှ ဦးမောင်မှတ်တို့ကို ၁၇(၁)ဖြင့် အမှုဖွင့်ခဲ့သည်။

၎င်းအပြင် တောင်ကုတ်မြို့နယ် မှန်နီကျေးရွာမှဒေါ်ခင်လှ သင်ပန်းရွှေကျေးရွာမှ ဦးကျော်ကျော်နိုင် တို့ကိုလည်း မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရှိ၇သည်။

သံတွဲခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အကြီးတန်းစာရေးတစ်ဦးဖြစ်သူ ဝင်းမောင်မောင်ဖြိုးခေါ် ကိုဖြိုးဆိုသူကိုလည်း သံတွဲမြို့နယ် အိမ်ထောင်စုစာရင်း၊လုပ်ငန်းများစာရင်းနှင့် အုပ်ချုပ်ရေးမှူးစာရင်း များကိုရက္ခိုင့်တပ်တော်ထံ ပေးပို့ခဲ့ပြီး ဌာနဆိုင်ရာ အစည်းအဝေး များတွင်လည်း အသံဖမ်းကာ AA ကို ပေးပို့ခဲ့သည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှုဆိုင်ရာ ဥပဒေပုဒ်မ၁၇(၁)နှင့်၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် အမှု ဖွင့်ထားသည်။

ထို့အတူသံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကျေးစာရေးတစ်ဦးဖြစ်သူသံတွဲမြို့နယ် ဆိတ် ကြီးကျေးရွာမှ လှိုင်ဝင်းထွဋ်ခေါ် ဝင်းထဋ်ကိုလည်းကျောက်ဖြူနှင့်သံတွဲမြို့နယ်ရှိ ULA/AA အဖွဲ့ဝင်များနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ် လှုပ်ရှားမှုသတင်းများကို ပေးပို့သည်ဟုဆိုက မတရား အသင်း အက်ဥပဒေပုဒ်မ ၁၇(၁)နှင့်အမှုဖွင့်ထားကြောင်းလည်းသိ၇သည်။

၎င်းတို့အား အမှုဖွင့်ထားကြောင်းကို ၇ခိုင်ပြည်နယ်စစ်ကောင်စီ၏ ၇ခိုင်နေ့ စဉ်တွင် ဖော်ပြထားသည်။

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.