Preview

မြောက်ဦးတွင် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ရဲနှင့်စစ်သားများ ဝင်ရောက်စစ်ဆေး

အောက်တိုဘာ ၃၁/ ၂၀၂၂ | ကြည့်ရှုသူ :3424
ရခိုင် သတင်း

နိရဉ္စရာ၊အောက်တိုဘာ ၃၁/၂၀၂၂

 

၇ခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊တိမ်ညိုစစ်ဘေးရှောင်စခန်းကို ယမန်နေ့ နံနက်က  ရဲနှင့်စစ်သား အင်အား ၂၀ ကျော်က လက်နက်များကိုင်ဆောင် ဝင်ရောက်လာပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုသိ၇သည်။

 

တိမ်ညိုစစ်ဘေးရှောင်စခန်းကိုဝင်ရောင်စစ်ဆေးရာ၌ စစ်ဘေးရှောင်စခန်းနေ လူဦးရေ၊ စားနပ်ရိက္ခာများ ရောက်ရှိမူအခြေအနေရှိ ရှိကိုမေးမြန်းစစ်ဆေးပြီး စားရေးသောက်ရေးအတွက်အနီးအနားရှိရွာများနှင့် တောတောင်များတွင် ဟင်းရှာငါးဖမ်း အလုပ် သွားရောက်လုပ်ကိုင်နေသူများ ရှိ မရှိ စသည်တို့ကို  မေးမြန်းစစ်ဆေးခဲ့သည်ဟု သိ၇သည်။

 

"သူတို့တွေက စခန်းထဲကလမ်းကြားတိုင်းကို သွားကြည့်တယ်။ စခန်းတာဝန်ခံတွေ ဘယ်သွားလဲ မေးတယ်။ ပြီးတော့စစ်ဘေးရှောင်အမျိုးသမီးတွေကို ရိက္ခာတွေရောက်လားမေးတယ်။ မရောက်တာက၂လလောက်ရှိဖြစ်လို့ မရောက်ဘူးပြောလိုက်တယ်။ ပြီးတော့ ထမင်းအကျန်လေးတွေနေလှန်းနေတာကိုတွေ့လို့ ဘာလုပ်ဖို့ ထမင်းခြောက်လှန်းနေတာလဲလို့မေးတယ်။ လွင့်ပစ်၇

မှာနှမြောလို့ဆန်နဲ့ရောချက်ဖို့လှန်းနေတာလို့ ပြောလိုက်ရတယ်။ သူတို့စစ်ဆေးဖို့လာတာက ဒီစခန်းမှာလူမရှိတော့လို့။ လူမနေကြတော့ဘူးသတင်းကြားလို့လာစစ်တာလို့တော့ ပြောသံကြားတယ်"ဟု တိမ်ညိုစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးကပြောသည်။

 

အောက်တိုဘာလ၂၉ရက်၊ မနက် ၁၀ နာရီခန့်လောက်တွင်  ရဲနှင့်စစ်သား အင်အားစုစုပေါင်း ၂၂ယောက်ကလက်နက်အပြည့်အစုံဖြင့်ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပြီး  စစ်ဆေးပြီးနာရီဝက်အကြာ၌ ပြန်လည် ထွက်ခွာသွားကြသည်ဟုသိ၇သည်။

 

"သူတို့တွေကအရင်ကလည်းမကြာမကြာရောက်တယ်။ ဒီတစ်ခါဆို ၃ခါ။ ၄ခါလောက်တော့ရှိပြီ။စစ်ကြောင်းထွက်လာတာလို့လည်းပြောတယ်။ စခန်းမှာ လူဦးရေဘယ်လောက်ရှိလဲ မေးတယ်။ကျွန်မတို့ကစစ်သားတွေရောက်နေတော့ အပြင်မထွက်ဘူး။အထဲမှာပဲနေလိုက်တယ်" ဟု တိမ်ညိုစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးကပြောသည်။

 

တိမ်ညိုစစ်ဘေးရှောင်စခန်းတွင်အိမ်ထောင်စု စုစုပေါင်း ၁၁၆၄ စု၊ စုစုပေါင်း ကျား၊ မ လူဦးရေ ၄၀၀၁ ယောက်ရှိသည်ဟုသိ၇သည်။

 

တိမ်ညိုစစ်ဘေးရှောင်စခန်းတာဝန်ခံက "အဲ့နေ့က စခန်းကိုလာရောက်စစ်ဆေးကြတဲ့စစ်သားတွေကတော့ စခန်း တာဝန်ခံတွေနဲ့တွေ့ချင်တယ်လို့ပြောတယ်လို့စခန်းကလူတွေဆီက သိ၇တယ်။ စစ်ဘေးရှောင်တွေကိုနေရပ်ပြန်ခိုင်းဖို့လည်း ပြောထားတယ်။ စစ်ဘေးရှောင်တွေကလည်းမပြန်လိုကြသေးဘူး။ သူတို့လည်း ဒီမှာအဆင်ပြေနေကြတယ်။ ရွာပြန်သွားလဲအခြေအနေက မကောင်းဘူး။ အဲ့ဒီကိစ္စနဲ့တွေ့ချင်တာလားတော့မသိဘူး။ကျွန်တော်တို့ကတော့ မတွေ့ဘူး။ စိုးရိမ်စရာ တစ်ခုခုဖြစ်လာမှာကိုမလိုလားတဲ့အတွက် မတွေ့ချင်ဘူး။ ပြီးတော့ စခန်းမှာနေတဲ့လူတွေကိုလည်း စားနပ်ရိက္ခာတွေ ဘယ်အဖွဲ့အစည်းက လာရောက်ကူညီထောက်ပံ့ပေးလဲ။အဲ့ဒါတွေလည်း မေးတယ်။ ကျွန်တော်တို့ စခန်းကို စားနပ်ရိက္ခာ မထောက်ပံ့တာ၂လ၊ ၃လ လောက်တော့ရှိပြီ။ စစ်ဘေးရှောင်တွေက သူတို့ဘာသာ ရှာဖွေလည်ပတ်စားသောက်နေကြ" ဟု ပြောသည်။

 

မြောက်ဦးတွင်ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်နေ့၊ နံနက် ၈ နာရီခန့်ကလည်းစစ်ကောင်စီတပ်သား(၃၀)ခန့်က ကားတစ်စီးနှင့် မြတန်ဆောင်းဘုန်းကြီးကျောင်း အနီး စုံစမ်းစစ်ဆေးမှုများရှိခဲ့ပြီးကျောင်းအတွင်းသို့ (၆) ဦးခန့် ဝင်လာကာ ဆရာတော်အားမေးမြန်းစစ်ဆေးမူများရှိခဲ့သည်။(NN-12)

#စစ်ဘေးရှောင်#စားဝတ်နေရေး#စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.