English Edition
သောကြာနေ့၊ မေလ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ကျောက်တော်တွင်အကြမ်းဖက်စစ်ကောင်စီလက်နက်ကြီးကျည်စထိမှန်၍ မိသားစုဝင် ၃ ဦး ပွဲချင်းပြီးသေဆုံး
နိုဝင်ဘာ ၀၁/ ၂၀၂၂ | ကြည့်ရှုသူ :5733
ရခိုင် သတင်း
နိရဉ္စရာ၊ နိုဝင်ဘာ ၁/၂၀၂၂
၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ညဥ့်အချိန် အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှု
ကြောင့် လက်နက်ကြီးကျည်စထိမှန်ကာ တစ်အိမ်တည်းနေထိုင်သူ မိသားစုဝင် ၃ ဦးနှင့် သူတို့ပိုင်ဆိုင်သည့် နွား ၄ ကောင် သေဆုံးသွားပြီး လူနေအိမ် ၃ ဆောင်လည်း ပျက်စီးသွားသည်ဟု သိ၇သည်။
လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးသွားသူတို့မှာ ကျောက်တော်မြို့နယ်၊ ပီစိကျေးရွာမှ ဦးစိုးဝင်း(၄၅)နှစ်၊ ဒေါ်သန်းသန်းဝေ(ခ)ဒေါ်ပုကေ(၄၄)
နှစ်နှင့် သမီးဖြစ်သူ ဆဋ္ဌမတန်းကျောင်းသူ မဖြိုးဖြိုးဝေ(၁၄)နှစ်ဖြစ်သည်ဟု သိ၇သည်။
ယမန်နေ့ အောက်တိုဘာ ၃၁ ရက် ည ၁၁ နာရီခန့်တွင်
ကျောက်တော်၊ စခက(၉)တပ်မှ
လက်နက်ကြီးများ အလုံး(၁၀)ကျော်ခန့် ရမ်းသမ်းပစ်ခတ်ပြီး ပီစိ(ရခိုင်)ကျေးရွာမြောက်ပိုင်
း၌ သီးသန့်ရှိသော လူနေအိမ် ၃ အိမ်အနက် အလယ်အိမ်သို့ လက်နက်ကြီးကျည်များကျရောက်ပေါက်
ကွဲရာမှ ကျည်စထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု
သူတို့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
"အဲ့ဒီအချိန်ဆိုတော့ အားလုံးအိပ်နေကြပြီ။ သူတို့အိမ်အနီးမှာ လာကျတာ။ ကျည်စတွေထိပြီး သားမိသားဖ ၃ ယောက်ပွဲချင်းပြီးသေသွားတာ။ သူတို့နွား ၄ ကောင်လည်းသေသွားတယ်။ ၂ ကောင် ဒဏ်ရာ၇တယ်။ သူတို့မှာ မိသားစု ၄ ယောက်ရှိတာ။ သားက မလေးရှားမှာ အလုပ်လုပ်နေတယ်။ လက်နက်ကြီးပစ်တုန်း ဘေး၂ အိမ်က ဗုံးကျင်းထဲဝင်လို့ရသွားတယ်။ သူတို့ကထိတာပဲ။ ရစရာမရှိအောင်ကို ထိထားတယ်" ဟု ပြောသည်။
လက်နက်ကြီးကျည်စထိမှန်၍ ဦးစိုးဝင်းနှင့် သမီးဖြစ်သူ မဖြိုးဖြိုးဝေတို့တွင် ဘယ်ဘက် ရင်ဘတ်တို့်နှင့် တစ်ကိုယ်လုံးတွင်ထိမှန်ပြီး ဒေါ်သန်းသန်းဝေ(ခ)ဒေါ်ပုကေတွင် ဦးခေါင်ဦးနှောက်များပွင့်ပြီး ဘယ်လက်တို့၌ ကျည်စထိမှန်ကာ ပွဲချင်းပြီးသေဆုံးသွားခြင်းဖြ
စ်သည်။
ကျောက်တော်တွင် ပြီးခဲ့သည့်အောက်တိုဘာလ ၂၉ ရက်၊ ည ၈ နာရီကျော်အချိန်ခန့်ကလည်း ကန်စောက်အခြေစိုက် ၅၃၉တပ်မှ လက်နက်ကြီးပစ်ခတ်၍ ဆင်မကျော်(မြို)ကျေးရွာသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲ
ကာ လူနေအိမ် ၂ ဆောင်ပျက်စီးသွားပြီး န၀မတန်းကျောင်းသူ ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။(NN-12)
#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.