၇ခိုင်ပြည်နယ်၊ စစ်တွေမြို့၊စက်ရုံစုရပ်ကွက်မှဖမ်းဆီးခံထား၇သည့် ဦးလေမောင်သိန်းကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်တရားစွဲဆိုထားပြီး နောက်ထပ် ဖောက်ခွဲရေးမှုနှင့် စစ်ဆေးနေ၍မိသားစုဝင်များနှင့်လည်းတွေခွ
အသက်(၄၂)နှစ်အရွယ်ဦးလေမောင်သိန်းကို ယမန်နေ့အောက်တိုဘာ ၃၁ရက်နေ့ နေ့လယ် ၂ နာရီခန့်အချိန်တွင်စစ်တွေမြို့ခရိုင်တရားရုံးတွင် ပထမအကြိမ် စတင်ရုံးထုတ်ခဲ့သော်လည်း တစ်စုံတစ်ရာ စစ်ဆေးမှုမရှိကြောင်း ဦးလေမောင်သိန်းနှင့် နီးစပ်သူတစ်ဦးက နိ၇ဉ္စရာသတင်းဌာနကို ပြောသည်။
" မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇(၁)နှင့် တရားစွဲဆိုထားတယ်။ မနေ့က ရုံးထုတ်ပေမယ့်ဘာမှစစ်ဆေးမှုတော့ မရှိသေးပါ
ဦးလေမောင်သိန်းကို စ၇ဖထောက်လှမ်းရေးကရဲလက်ကို ပြီးခဲ့သည့် အောက်တိုဘာ ၁၉ရက်နေ့က လွှဲအပ်ခဲ့ပြီး၊ မြန်မာစစ်တပ်ကအရာရှိတစ်ဦးက တရားလိုလုပ်ကာ မတရားအသင်း ဆက်သွယ်မှု ဥပဒေပုဒ်မ၁၇(၁)ဖြင့် တရားစွဲဆိုထားသည်ဟု သိ၇သည်။
လက်ရှိတွင်စစ်တွေမြို့၊ အမှတ် (၁)ရဲစခန်းတွင် ဖမ်းဆီးချုပ်နှော
" သူကအခုကျန်းမာရေးသိပ်မကောင်းဘူး။ ရဲ
ဦးလေမောင်သိန်း ဇနီးဖြစ်သူဒေါ်ဦးခင်သိန်းက သူမမှာ ကျန်းမာရေးမကောင်းဖြစ်နေပြီး၊မိသားစုများ နေထိုင်သည့် နယ်ဘက်ရောက်ရှိနေသဖြင့်ယမန်နေ့က ရုံးချိန်းကို မတက်ဖြစ်ခဲ့ကြောင်း၊ သူမ၏ ယောကျာ်းဖြစ်သူအား ဖောက်ခွဲရေးနှင့် မိုင်းလုပ်သည်ဆိုခြင်းမှာလည်းတမင်သက်သက် စွပ်စွဲချက်သာဖြစ်ကြောင်း ပြောဆိုသည်။
ဇနီးဖြစ်သူဒေါ်ဦးခင်သိန်းကို ဖုန်းဖြင့် ဆက်သွယ်ရာ သူမက " ရုံးချိန်းတဲ့ရက်ကဒီလနိုဝင်ဘာ ၃ ရက်နေ့ကို ချိန်းထားပြီးတော့၊ မနေ့က ရုတ်တရက် ရုံးထုတ်လိုက်တာပေါ့နော်။ အဲ့ကြောင့် မိသားစုဘက်ကတစ်ယောက်မှမသွားဖြစ်ပါဘူး။ သူကျန်းမာရေးမကောင်းဘူးလို့သိ
ဦးလေမောင်သိန်းဇနီးမောင်နှံ၂ ဦးစလုံးအားပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့ ညဉ့် ၁၁နာရီ အချိန်ဧည့်စာရင်းစစ်စဉ် ဖမ်းဆီးခေါ်ဆောင်ခံ၇ပြီး ဇနီးဖြစ်သူကို စစ်တွေအမှတ် (၁)ရဲစခန်းတွင် မေးမြန်းစစ်ဆေးပြီး၊ နောက်တစ်ရက်အကြာ အောက်တိုဘာ ၆ရက်နေ့တွင် ပြန်လည်လွှတ်ပေးခဲ့သော်လည်း ဦးလေမောင်သိန်းကိုစစ်တပ်က ဆက်လက်ဖမ်းဆီးထိန်းသိမ်းကာ ပြင်းပြင်းထန်ထန် ညှဉ်းပမ်းနှိပ်စက်ကာ စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သိ၇သည်
ဦးလေမောင်သိန်းသည်ပေါက်တောမြို့နယ် ဂြင်းချောင်းကျေးရွာဇာတိဖြစ်ပြီ