Preview

တောင်ကုတ်တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို AA က မိနစ်အနည်းငယ်ကြာ ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သားများအကျအဆုံးများဟုဆို

နိုဝင်ဘာ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :3769
ရခိုင် သတင်း


နိရဉ္စရာ၊နိုဝင်ဘာ ၂/၂၀၂၂

၇ခိုင်ပြည်နယ်၊တောင်ကုတ်-သံတွဲကားလမ်းမအနီးတွင်ယမန်နေ့နံနက်က စစ်ကောင်စီ စစ်ကြောင်းတစ်ခုကိုရက္ခိုင့်တပ်တော်(AA)က အလစ်ဝင်တိုက်ခဲ့၍ မိနစ်အနည်းငယ်ကြာပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများအကျအဆုံးရှိခဲ့ကြောင်း သိ၇သည်။

ယမန်နေ့နိုဝင်ဘာလ ၁ ရက်၊ နံနက် ၈ နာရီခွဲခန့်ကတောင်ကုတ်-သံတွဲကားလမ်းမဘေး သက်ကယ်ပြင်ရွာအနီးတွင် အင်အား ၂၀ ကျော်ခန့်ပါဝင်သော စစ်ကောင်စီ စစ်ကြောင်း တစ်ခုကိုAA က အလစ်ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀ မိနစ်ခန့်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

"စကစဖက်ကလည်း လက်နက်ကြီးပစ်ပါတယ်။ AA ဘက် အရင်ထိုးစစ်ဆင်ပြီး ပစ်ပါတယ်။ စကစဘက်ကULA နဲ့ဆက်စပ်တဲ့သူတွေကိုရွာတွေ၊ မြို့တွေမှာပါ လိုက်လံဖမ်းဆီးနေတာတွေရှိလို့ဒီလိုမျိုးပြန်ပြီးလုပ်တာထင်ပါတယ်။ AAဘက်ကလက်နက်ကြီးတစ်လုံးအရင်ဦးသွားပါတယ်။ ၁၀ ကျော်လောက်တော့အကျအဆုံးရှိတယ်လို့သိ၇တယ်။သူတို့လမ်းလျှောက်လာတာမှာတော့ စစ်သား  ၂၆ယောက်လောက်ပါတယ်လို့သိ၇တယ်"ဟုပြောသည်။

ထိုသို့အလစ်ဝင်တိုက်ခံရပြီးနောက်တွင်တောင်ကုတ်မြို့အခြေစိုက်တပ်ရင်းများက မိနစ်အနည်းငယ်ကြာ လက်နက်ကြီးများပစ်ကူပေးခဲ့ပြီး စစ်ကားအနည်းငယ်လည်း တပ်ကူပေးရန် ရောက်ရှိလာခဲ့ကြောင်း သိ၇သည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အများအပြားကျဆုံးသည်ဟု သတင်းရင်းမြစ်ကပြောသော်လည်း နိရဉ္စရာ သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

ထို့အပြင်ယင်းတိုက်ပွဲဖြစ်ပွားခဲ့ရာ နေရာအနီးရှိကျေးရွာများမှ ရွာသားများကိုလည်း စစ်ကောင်စီက အစည်းအဝေးခေါ်ယူပြီးသတိပေးပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း သိ၇သည်။


ပြီးခဲ့သည့်သြဂုတ်လ ၂၅ ရက်ကလည်း တောင်ကုတ်မြို့နယ်AA ယာယီအခြေစိုက်စခန်း တစ်ခုကို စစ်ကောင်စီက လာတိုက်ခဲ့ပြီး AA က တန်ပြန်ပစ်ခတ်မှုများပြုလုပ်ခဲ့၍အထိအခိုက်အကျဆုံးများဖြင့် ပြန်ဆုတ်ခွာခဲ့ရကြောင်း သိ၇သည်။

လက်ရှိ၇ခိုင်ပြည်အနှံ့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် မြန်မာစစ်တပ်တို့၏စစ်ရေးအခြေအနေမှာ တင်းမှာနေပြီးတောင်ကုတ်မြို့နယ်အထိ တိုက်ပွဲများ ဖြစ်ပွားလာကြောင်း သိ၇သည်။ (NN-8)

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.