Preview

ပလက်၀တွင် အသက် ၇၀ နီးပါးရှိနေပြီဖြစ်သည့် လူကြီးတစ်ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် ၃ နှစ်ချ

နိုဝင်ဘာ ၀၂/ ၂၀၂၂ | ကြည့်ရှုသူ :10020
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာလ ၂/၂၀၂၂

ချင်းပြည်နယ်၊ပလက်၀မြို့နယ်၊ အဘောင်သားကျေးရွာမှ အသက် ၇၀ နီးပါးရှိနေသည့်ကျန်းမာရေးချို့ယွင်းနေသည့် သက်ကြီးပိုင်းတစ်ဦးကို မြို့နယ်စစ်ကောင်စီတရားရုံးက နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် နှစ်ချမှတ်လိုက်ကြောင်း သိ၇သည်။

ထောင်ဒဏ်ချမှတ်ခံရသူမှာအဘောင်သားကျေးရွာဒေသခံတစ်ဦးဖြစ်သူ ဦးချစ်စံ (၆၈) နှစ်ဖြစ်ပြီးအောက်တိုဘာလ ၂၆ ရက်တွင် ထောင်ချလိုက်ခြင်းဖြစ်သည်။

ဦးချစ်စံသည် ဖမ်းဆီးခံခဲ့၇စဉ်က စစ်ကောင်စီ စစ်ကြောရေးတွင်နှိပ်စက်ခံခဲ့၇သဖြင့် ဏ်များလည်း ရရှိခဲ့ပြီး ရောဂါအခံလည်းရှိခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာများလည်းချို့ယွင်းနေပြီး ကျန်းမာရေးဆိုးဝါးနေကြောင်း၎င်း၏မိသားစုဝင်တစ်ဦးက ပြောသည်။

"စိတ်ကလည်း သိပ်မခိုင်တော့ဘူး။ ကျန်းမာရေးလည်းမကောင်းဘူး။ ရောဂါတွေကလည်းနှစ်မျိုးသုံးမျိုးပါ။ အူကျရောဂါလည်းရှိတော့ထမင်းကို ဗိုက်တင်းအောင်လည်း စားလို့မ၇ဘူး။ ဒီလိုဆိုတော့ဘယ်လိုကိုယ်ခံအားရှိမလဲနော်။ ဆေးတွေကမပြတ်အောင် လိုက်ထည့်ပေးနေ၇ပါတယ်။ ကြောက်စိတ်နဲ့ စိတ်ကဖောက်သွားသလိုမျိုးဖြစ်သွားတယ်။ သူထောင်ကျပြီးရင် လွတ်လာရင်ပြန်ဖမ်းခံ၇မယ်ဆိုပြီး သူကပြောနေတယ်။ သူက နားမကြားလို့တရားသူကြီးက သူ့ကိုထောင်ချတာကိုတောင်အပြင်ကိုရောက်လို့ မိသားစုတွေကပြောမှ သိတယ်" ဟုပြောသည်။

ထို့အတူသက်ကြီးပိုင်းတစ်ဦးဖြစ်သည့်အပြင်ကျန်းမာရေးလည်းမကောင်းမွန်သည့် လူတစ်ဦးအနေဖြင့် နိုင်ငံတော်ဆူပူလှုံ့ဆော်စေရန်အရည်အချင်းလည်းမရှိကြောင်းနှင့် ပြန်လွှတ်ပေးသင့်ကြောင်းလည်းမိသားစုဝင်များက ပြောသည်။

၄င်းဦးချစ်စံအပါအဝင်အဘောင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားဦးအိုင်လှတို့၃ ဦးကို ပြီးခဲ့သည့် မေလ ၂၆ ရက်တွင်စစ်ကောင်စီတပ်များကအဘောင်သားကျေးရွာမှ ခလ၇ ၂၈၉ တပ်ရင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟုဒေသခံများက ဆိုသည်။

လက်ရှိတွင်ဦးချစ်စံအား ပလက်၀မြို့မရဲစခန်းတွင်ထိန်းသိမ်းထားဆဲဖြစ်ပြီး လမ်းခရီး အခြေအနေကြောင့် စစ်တွေမြို့ရှိ အကျဉ်းထောင်သို့မပို့ဆောင်ရသေးကြောင်း သိ၇သည်။

ဦးချစ်စံသည်အဘောင်သားရွာတွင် တောင်ယာလုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကာ ဒူးမကောင်းသဖြင့်လမ်းလျှောက်ရာတွင် တုတ်ကိုအားပြု၍ သွားနေရသူဟု သိ၇သည်။ (NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.