နိရဥ္စရာ၊ နိုဝင်ဘာ ၃/ ၂၀၂၂
၇ခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်ချုပ်ရေးမှူးကို မြို့နယ်ထွေအုပ်အစည်းအဝေးမှ ဆိုင်ကယ်ဖြင့်အပြန်အိမ်ပြန်လမ်းတွင် မျက်နာဖုံးစွပ်ထားသူ၅ ဦးကသတ်ဖြတ်သွားခဲ့သည်ဟု သတင်းရရှိသည်။
အသတ်ခံရသည့် ကျေးရွာအုပ်ချုပ်ရေးမှူးမှာ အသက်၆၀ကျော်အရွယ် ဦးမောင်သန်းတင် ဖြစ်သည်ဟုသိ၇သည်။
၎င်းသည် နောက်ထပ် အတူးကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သံတွဲမြို့နယ်ထွေအုပ် အစည်းအဝေးတက်ပြီး ဆိုင်ကယ်နှင့်ရွာကို ပြန်သည့်အပြန်လမ်းတွင် လူ ၅ဦးက ဓါးဖြင့်ခုတ်သတ်သွားခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နီးစပ်သူတစ်ဦးက နိ၇ဉ္စရာသတင်းဌာနကိုပြောဆိုသည်။
“ ထွက်ပြေးလွှတ်မြောက်လာတဲ့အုပ်ချုပ်ရေးမှူးကပြောလို့သိ၇တာ။ ဖြစ်တာက အောက်တိုဘာ ၃၁ရက်နေ့ကတည်းက ဖြစ်တာပါ။ ရွာရှည်ကျေးရွာက အုပ်ချုပ်ရေးမှူး နဲ့ အတူးကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ၂ဦးတို့ ထွေအုပ်မြို့နယ်ရုံးက အစည်းအဝေးတက်ပြီး ဆိုင်ကယ်နဲ့ ရွာကို ပြန်လာစဉ် အပြန်လမ်းမှာမျက်နာဖုံးစွပ်ထားတဲ့ လူ ၅ဦးက ထွက်လာပြီး ဓါးဖြင့် ခုတ်သတ်လိုက်တယ်။ တစ်ခါတည်းသေတယ်။ နောက်တစ်ယောက် အုပ်ချုပ်ရေးမှူးက ထွက်ပြေးလွှတ်မြောက်သွားပါတယ်” ဟု ပြောသည်။
ဦးမောင်သန်းတင်၏ နာရေးအား ၎င်း၏ ကျေးရွာတွင် ယမန်နေ့က ပြုလုပ်ခဲ့သည်ဟု သိ၇သည်။
အသုဘကို သွားရောက်ခဲ့သူ တစ်ဦးက "အတူး အုပ်ချုပ်ရေးမှူး ပြောတာက ရွာရှည်ကျေးရွာက အုပ်ချုပ်ရေးမှူး ၂ယောက် ထွေအုပ်ရုံးကို အစည်းအဝေးသွားတက်
သံတွဲခရိုင် ဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးကလည်း အောက်တိုဘာ ၃၁ ရက်နေ့ကဖြစ်ကြောင်း၊ရက်အနည်းငယ် ကြာပြီဖြစ်ကြောင်း၊ ၎င်းအခင်းဖြစ်ပွားပြီးနောက် သေဆုံးသူတစ်ဦး ဆေးရုံကို စစ်ဆေးရန် လာပို့ခဲ့ကြောင်း ပြောဆိုသည်။