Preview

မဟာမုနိဘုရားကိုအကာအကွယ်ယူထားသည့်စစ်ကောင်စီတပ်က ဘုရားတွင် ပန်းရန်လုပ်ကိုင်နေသူ ၃၀ခန့်၏ ဖုန်းများကိုသိမ်းယူစစ်ဆေး

နိုဝင်ဘာ ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :5234
ရခိုင် သတင်း
နိရဉ္စရာ၊နိုဝင်ဘာ ၃/၂၀၂၂

 

၇ခိုင်ပြည်နယ်ကျောက်တော်မြို့နယ်မှသမိုင်းဝင်မဟာမုနိဘုရားကိုအကာအကွယ်ယူကာ စခန်းချ နေ၇ယူထားသည့် စစ်ကောင်စီတပ်သည် ဘုရားမွမ်းမံပြုပြင်ရေးလုပ်ငန်းများကိုလုပ်ဆောင်နေသည့် ပန်း၇န်အလုပ်သမားအယောက် ၃၀ ခန့်၏ ဖုန်းများကို သိမ်းယူသွားကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသတင်းရရှိသည်။

 

၎င်းပန်း၇န်သမားများ၏ ဖုန်းများကို ယနေ့နံနက်ကစစ်ကောင်စီတပ်သားများမှ သိမ်းဆည်းသွားပြီး စစ်ဆေးမှုများပြုလုပ်ပြီးနောက်ပိုင်း ယနေ့နေ့လယ်တစ်နာရီခန့်တွင် ဖုန်းများအားပြန်လည် ပေးအပ်ခဲ့ကြောင်း မဟာမုနိဘုရားအနီးရှိဒေသခံတစ်ဦးကပြောသည်။

 

ဘုရားဖူးလာသူ တစ်ဦးက " ပန်းရန်အလုပ်သမားတွေဆီကဖုန်းတွေကို သိမ်းသွားတယ်။အားလုံးစိုးရိမ်စရာဖြစ်သွားတယ်။ သုံလေးနာရီစစ်ပြီးတော့ ပြန်လို့တော့ ပေးတယ်။ သူတို့ပန်းရန်သမားတွေကိုလည်း သင်္ကာမကင်းလို့ စစ်တယ်နေမှာပေါ့" ဟုပြောသည်

 

လက်ရှိတွင်မဟာမုနိဘုရားရင်ပြင်ကို အကာအကွယ်ယူပြီး စစ်ကောင်စက ဘုရားပရိဝုဏ်အထဲတွင်တပ်စခန်းချထားသဖြင့် ဘုရားဖူးလာရောက်သူများလည်း ယခင်ကထက် နည်းပါးလျက်ရှိကားဘုရားသိမ်းတော်ပြုပြင်သည့် လုပ်သားများအနေ့ဖြင့်လည်း လုံခြုံရေး စိုးရိမ်စရာဖြစ်နေ၇သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

 

အခုက ဘုရားဖူးဖို့ဘာညာလာမယ်ဆိုရင် ဖုန်းတွေပါလို့ မရဘူး။ ဖုန်းပါရင်လည်း သူတို့ရှေ့မှာ ပေါ်တင်ကိုင်ပြီးတွေ့တာနဲ့ ဖမ်းစစ်တော့တာပါဘဲ။ ဖုန်းထဲမှာ အေအေကရုပ်ပုံတွေပါလို့မရဘူး။ သူတို့က မသင်္ကာရင်စစ်မယ်၊ ပြီးရင်ဖမ်းကြမယ်။ အခုလူတွေ ဖုန်းကိုင်ရမှာကိုတောင် ကြောက်နေ၇တဲ့ ဘ၀ကိုရောက်နေကြ၇တယ်။ ဦးလေးတို့လည်း ဘုရားဖူးရင်း ဓာတ်ပုံရိုက်ချင်ပေမယ့်ပြဿနာ တက်မှာစိုးလို့ ဖုန်းမယူခဲ့၇ဘူး။ ဖုန်းယူမလာဘဲအလွတ်လာတာဖြစ်တယ်။ အရင်က ဒီလို မဟုတ်သေးဘူး။အခုတလောမှ ပိုပြီး အာဏာပြပြီး တင်းကျပ်လာတယ်ဟုပြောဆိုသည်။

 

အဆိုပါပန်း၇န်အလုပ်သမားများသည် မဟာမုနိဘုရားသိမ်တော်အားပြုပြင်မွန်းမံ လုပ်ကိုင်နေသူများဖြစ်ကြပြီး ယခင်နှစ်များကပင် အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြကာယခုအခါ ပန်းရန်လုပ်သားများကိုပါ စစ်တပ်က မယုံသင်္ကာဖြစ်လာနေသည်ဟု ဆိုသည်။

 

ထို့အပြင်အဆိုပါဘုရားရင်ပြင်ပေါ်တွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်သားများသည် ညအချိန်တွင်သောက်စားမူးယစ်ကာ သေနတ်ပစ်ခတ်မှုများလည်း မကြာခဏ ပြုလုပ်လေ့ ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။

 

ကျောက်တော်မြို့နယ်သည်အေအေနှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေသည့် မြို့နယ်တစ်ခုဖြစ်ပြီး မကြာခဏ စကခ (၉)နှင့် အခြားစစ်ကောင်စီအခြေစိုက်တပ်ရင်းများမှတိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်များကို လူနေကျေးရွာများထဲသို့ပစ်ခတ်မှုပြုလုပ်သဖြင့် အောက်တိုဘာ ၃၁ ရက်နေ့ ညဉ့်အချိန်က အိမ်ထဲကျသဖြင့် အိပ်နေသည့်သားမိသားဖ ၃ ဦး အသက်ဆုံးပါးသွားခဲ့၇သည်။(NN-8)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.