Preview

ကျောက်ဖြူတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ဦးနှင့်ရာအိမ်မှူး ၁ဦး အပါအဝင် မြို့ခံ ၄ဦးကို စစ်တပ်ကဖမ်းဆီး

နိုဝင်ဘာ ၀၃/ ၂၀၂၂ | ကြည့်ရှုသူ :3974
ရခိုင် သတင်း

နိရဉ္စရာ၊နိုဝင်ဘာ ၃/ ၂၀၂၂

 

၇ခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ဦး၊ ရာအိမ်မှူး ၁ဦးအပါအဝင် မြို့ခံ ဦးကို စစ်ကောင်စီတပ် ယမန်နေ့ ညဉ့်အချိန်က ဝင်ရောက်ဖမ်းဆီးသွားသည်ဟုသိ၇သည်။

 

ဖမ်းဆီးခံရသူတို့မှာကျောက်ဖြူမြို့၊ ပြင်ဖြူမော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်း(၅၆)နှစ်၊ စေတီတောင်ရပ်ကွက်ရာအိမ်မှူး ဦးဝင်းမောင်(၅၆)နှစ်၊အရှေ့ပိုင်းရပ်ကွက်မှ ဦးမောင်မောင်ထွန်း(၃ရ) နှစ်နှင့် စေတီယျရပ်ကွက်နေရေခဲစက်တွင် အလုပ် လုပ်ကိုင်နေသည့် ဦးထွန်းနေဝင်း(၃၈)နှစ် ဖြစ်ကြသည်ဟု  သိ၇သည်။

 

သူတို့ ၄ဦးကိုယမန်နေ့နိုဝင်ဘာလ ၂ ရက်၊ ည ၁၀ နာရီကျော်အချိန်တွင် သူတို့၏ နေအိမ်အတွင်း ရှိနေစဥ် စစ်တပ်မှ ာရောက်ပြီး အသီးသီးဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိ၇သည်။ 

 

"ကျောက်ဖြူမှာ မနေ့ ည၁၀နာရီကျော်လောက်မှာဧည့်စာရင်းစစ်ဖို့ဆိုပြီး စစ်တပ်ကရပ်ကွက်ထဲကို ဝင်လာတယ်။  အဲဒီအချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရာအိမ်မှူးပါဖမ်းဆီးခေါ်ဆောင်သွားတယ်။  အရပ်သားလည်း ၂ ဦးပါသွားတယ်။အများပြည်သူတွေကိုပါ ဘာမှမဆိုင်ဘဲ ဖမ်းဆီးနေတာကို ကြုံနေ၇တယ်။အခုဖမ်းသွားတာကလည်း အေအေနဲ့ မကင်းဘူး။ရိတ်စခတွေ ကူညီ ထောက်ပံ့ပေးတယ်ဆိုတဲ့ သတင်းနဲ့ ံသယမကင်းလို့  ဖမ်းသွားတာလို့သိ၇တယ်"ဟု ၎င်းတို့နှင့် နီးစပ်သူ တစ်ဦးကပြောသည်။

 

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာသံသယဖြင့် ဖမ်းဆီးခံ၇သူ ၎င်းတို့ ၄ဦးကို ကျောက်ဖြူမြိုမရဲစခန်းတွင် လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားသည်ဟုလည်း သိ၇သည်။

 

ကျောက်ဖြူတွင်ပြီးခဲ့သည့် အောက်တိုဘာလ ၂၅ရက်နှင့် ၂၆ရက်တို့က ကျောက်ဖြူမြို့နယ်မြေစာရင်းဦးစီးမှူးနှင့် မြေတိုင်းစာရေး ၃ ဦး၊ စုစုပေါင်း ၄ ဦး တို့ကိုလည်း စစ်တပ်က ဖမ်းဆီးခဲ့ပြီးမြေတိုင်းစာရေး ၂ ဦးဖြစ်ကြသည့်  ဦးခင်မောင် (၃၉)နှစ်နှင့် ဦးညီညီတင်(၄၅)နှစ်တို့ကိုပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်၊ ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ကာ မြေစာရင်းရုံးမှမြေစာရင်းဦးစီးမှူး ဦးထွန်းထွန်းဝင်း(၅၂)နှစ်နှင့် ဦးထွန်းထွန်းနိုင်(၄၅) နှစ်တို့ကိုဆက်လက် ဖမ်းဆီးထိန်းသိမ်းထားဆဲ ဖြစ်သည်။

 

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်ကအဖမ်းကြမ်းနေပြီး လက်ရှိဖမ်းခံထား၇သူ ၃၀ ကျော်အထိ ရှိလာပြီး မဆိုင်သူများကိုလည်း ဖမ်းဆီးကာ ညှဉ်းပမ်းနှိပ်စက်စစ်ဆေးမှုများ၊ငွေညစ်မှုများရှိနေသည်ဟု သတင်းရရှိသည်။ (NN-12)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.