နိရဉ္စရာ၊နိုဝင်ဘာ ၃/၂၀၂၂
ချင်းပြည်နယ်၊ပလက်၀တွင် ကျောင်းဆရာတစ်ဦးကို စစ်တပ်က တစ်လနီးပါးဖမ်းဆီးထိန်းသိမ်းထားပြီယမန်နေ့ကမှ ဒေသခံ ၃ ဦးနှင့် အတူ ပလက်၀ရဲစခန်းသို့ လွှဲပြောင်းခဲ့ပြီး ယနေ့တွင် တရားရုံးထုတ်ကာရမန်ယူခဲ့သည်ဟု သတင်းရရှိသည်။
၎င်းကျောင်းဆရာမှာ နှမဒါကျေးရွာမှ အလယ်တန်းပြကျောင်းဆရာဦးမောင်ဝင်းသန်းဖြစ်ပြီး ၎င်းနှင့်အတူ ရဲစခန်းသို့ လွှဲပြောင်းပြီး ယနေ့၇မန်ယူခဲ့သူများမှာ ပလက်၀မြို့အထက (၁)ကျောင်းမှ ကျောင်းအထွေထွေလုပ်သား ဦးအောင်သိန်းလှ၊ သာယာ၀ရပ်ကွက်မှ ဦးမောင်ဖြူနှင့်မြို့မရပ်ကွက်မှ ကိုမောင်ဆန်းဖြိုးတို့ဖြစ်ကြသည်။
ဒေသခံတစ်ဦးက “ သူတို့ကိုဒီနေ့ပလက်၀မြို့နယ် တရားရုံးမှာရုံးထုတ် ရမန်ယူတယ်လို့ သိ၇ပါတယ်။ ပလက်၀ အခြေစိုက်တပ်ရင်း၂၈၉ ထဲမှာ ကျောင်းဆရာကို ဖမ်းဆီးခံထားတာဆိုရင်တစ်လနီးပါး ရှိနေပါပြီ။ အခုမှ ထပ်ရမန်ယူတယ်ဆိုတာကတော့ ဥပဒေကြောင်းအရ မှန်ကန်မှုရှိသလားပေါ့။မနေ့က ရဲစခန်းကို ကျောင်းဆရာအပါအဝင် ဒေသခံ ၄ ဦးကို ပလက်၀မြို့မရဲစခန်းကို လွှဲပြောင်းခဲ့ပါတယ်”ဟု ပြောသည်။
၎င်းတို့ကိုယမန်နေ့ နိုဝင်ဘာလ ၂ ရက်၊ နံနက် ၁၁ နာရီခန့်က ပလက်၀အခြေစိုက် ၂၈၉ တပ်ရင်းမှ ပလက်၀မြို့မရဲစခန်းသို့ပို့ဆောင်လိုက်ခြင်းဖြစ်ပြီး မည်သည့် ပုဒ်မများဖြင့် အမှုဖွင့်ထားပြီး မည်သို့ဆက်လက်ဆောင်ရွက်သွားမည်ကိုမိသားစုဝင်များအနေဖြင့် မသိရှိ၇သေးကြောင်း ၎င်းတို့၏ မိသားစုဝင်တစ်ဦးကပြောသည်။
"အခုတော့ မိသားစုတွေနဲ့တွေ့ခွင့်မပေးသေးဘူး။ထမင်းတွေ အဝတ်အစားတွေတော့ ပို့ပေးရတယ်။ နောက်ပြီး ဘယ်လိုပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်ဆိုတာလဲမပြောသေးပါဘူး တခုမှ။ တွေ့ခွင့်လည်း မရသေးတော့ ကျန်းမာရေးအခြေအနေတွေလည်း မသိရဘူး။ ရဲစခန်းကိုပို့တာဆိုတော့ သူတို့က ဆက်ပြီးတရားစွဲ ထောင်ချသွားမယ့်ပုံစံမျိုးလား မသိတော့ဘူး"ဟုပြောသည်။
လက်ရှိတွင်ရဲစခန်းသို့ လွှဲပြောင်းထားသည့် ဒေသခံလေးဦးမှာ ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဖမ်းဆီးခံထား၇သူများဖြစ်ကြသည်။ ကျောင်းဆရာ မောင်ဝင်းသန်းမှာ အောက်တိုဘာလ ၆ ရက်က ဖမ်းဆီးခံခဲ့၇ပြီးကိုမောင်ဆန်းဖြိုးမှာအောက်တိုဘာ ၁၃ရက်က ဖမ်းဆီးခံခဲ့၇ကာ ဦးမောင်ဖြူနှင့်ကျောင်းလုပ်သားဦးအောင်သိန်းလှတို့မှာ အောက်တိုဘာလ ၂၀ ရက်ကဖမ်းဆီးခံခဲ့၇သည်။
အောက်တိုဘာလ၁၈ ရက်၊ ဖမ်းဆီးခံ၇သူ ပလက်၀မြို့ အထက(ခွဲ)မှ ကျောင်းအုပ်ဆရာကြီးဦးကျော်ဝင်းနိုင်မှာ ယနေ့အချိန်ထိမိသားစုနှင့် အဆက်အသွယ်မရရှိသေးသဖြင့် မိသားစုများ စိုးရိမ်နေကြသည်ဟု သိ၇သည်။
ပလက်၀တွင်ရဲစခန်းသို့မလွှဲပြောင်းပေးသေးဘဲ ၂၈၉ တပ်ရင်းထဲတွင် ဆက်လက်ဖမ်းဆီး စစ်ဆေးခံနေ၇သော ဒေသခံအများအပြား ကျန်ရှိနေသေးကြောင်း ဒေသခံများကပြောသည်။
ပလက်၀မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်အေအေတို့အကြား တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး ရခိုင်လူမျိုးအများအပြားကို အေအေကို ထောက်ခံပံ့ပိုးသည့် သံသယဖြင့် ပစ်မှတ်ထားဖမ်းဆီးထိန်းမှု အများအပြားရှိနေကြောင်း သတင်းရရှိသည်။(NN-8)