Preview

ဖမ်းဆီးခံစက်လှေပိုင်ရှင် ၉ ဦးအထဲမှ၂ဦးကို ပုဒ်မ၁၇(၁)ဖြင့် အမှုဖွင့်၊ နှစ်ဦးအထဲမှတစ်ဦးကို စစ်တွေမြို့နယ်တရားရုံးသို့ အမှုရင်ဆိုင်ရန်လာစဉ်ရဲကဖမ်းဆီး

နိုဝင်ဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :8944
ရခိုင် သတင်း
နိရဥ္စရာ၊ နိုဝင်ဘာ ၄/ ၂၀၂၂


စစ်တွေမြို့နယ်၊ မင်းချောင်းတံတားအောက်တွင် ဖမ်းဆီးခံခဲ့၇သည့်
အရပ်သား စက်လှေ ၉ စီးအနက်က စက်လှေပိုင်ရှင် ၂ ဦးကို ရက္ခိုင့်တပ်တော် (AA)ကို အခွန်ဆောင်၍ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့်အမှုဖွင့်လိုက်ပြီး ၎င်းတို့နှစ်ဦးအထဲက တစ်ဦးကို စစ်တွေမြို့နယ်တရားရုံးသို့ အမှုရင်ဆိုင်ရန်လာစဉ် ရဲကဖမ်းဆီးသွားခဲ့သည်ဟု သတင်းရရှိသည်။  

ပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ခံလိုက်ရသည့် စက်လှေပိုင်ရှင် ၂ ဦးမှာရသေ့တောင်မြို့နယ် အငူမော်ကျေးရွာမှ ဦးသိန်းထွန်း (၄၂ နှစ်)နှင့်အငူမော်ကျေးရွာအနီးရှိ မကျည်းချောင်းကျေးရွာမှ ဦးသန်းဝင်း (၅၆ နှစ်)တို့ဖြစ်
ပြီး ဦးသိန်းထွန်းသည် ယခင်ဖွင့်ထားသည့်အမှု ၇ေကြောင်း ဥပဒေပုဒ်မ (၄၃) ကို တရားရုံး၌ ရင်ဆိုင်ရန် နိုဝင်ဘာ ၂ ရက်က လာရောက်စဉ်ရဲက ဖမ်းဆီးသွားခဲ့သည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။


ကျန်တစ်ဦးဖြစ်သူ ဦးသန်းဝင်းမှာ ယမန်နေ့ ရုံးချိန်းစစ်တွေမြို့နယ်တရားရုံးသို့ခရီးလွန်နေသည့် အတွက် တရားရုံးသို့ရောက်မလာခဲ့သဖြင့် ဖမ်းဆီးမခံ၇ကြောင်း ၎င်းက ပြောသည်။


"စ၇ဖရဲ့ ဘုတ်ပိုင်ရှင် ၉ ဦး စစ်ချက်မှာ AA ကိုဆက်သွယ်ဖူးလား၊ AA နဲ့အပေးအယူ လုပ်ဖူးလားပေါ့။ ဘုတ်မောင်းခတစ်နှစ်မှာ ဘယ်လောက်ပေး၇လဲ အဲလိုဟာတွေကိုစစ်တယ်တဲ့။စစ်တဲ့အခါ သူတို့ ၂ ဦးက  ပေးဖူးတယ်ပေါ့။ အဲလိုသဘော။ ဘုတ်ရှင် ၂ယောက်ပေးဖူးတယ် ဆိုတာကို ထွက်ဆိုတယ်။ ဒါကြောင့် သူတို့ကို ၁၇ (၁) နဲ့စွဲတာ"ဟုပြောသည်။


သူတို့ ၂ ဦးသည်
အေအေကိုအခွန်ဆောင်သည်ဟုထွက်ဆိုသည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇(၁)ဖြင့်  စစ်တွေအခြေစိုက် ခမ၇ ၂၃၂ တပ်ရင်းမှ ဗိုလ်ကြီးတစ်ဦးကတရားလိုလုပ်ကာ စစ်တွေ အမှတ် ၁ ရဲစခန်းတွင် ပုဒ်မ ၁၇ (၁)ဖြင့် ထပ်မံအမှုဖွင့်လိုက်ခြင်း ဖြစ်သည်ဟုလည်း သိ၇သည်။

၎င်းတို့နှစ်ဦးသည် ယခင် အမှုဖွင့်ခံထား၇သည့် ရေကြောင်းဥပဒေပုဒ်မ (၄၃) အပြင် မတရားဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် ထပ်မံအမှုဖွင့်တရားစွဲဆိုခံ၇ခြင်းဖြစ်သည်။

 

ပြီးခဲ့သည့်အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီကျော်က စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာအနီးရှိ မင်းချောင်းတံတားအောက်၌ဆိုက်ကပ်ထားသည့် ခရီးသည်တင် စက်လှေ ၉ စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်အင်အားစုစုပေါင်း၄၀ ခန့်က ာရောက် ဖမ်းဆီးပြီး ရေချမ်းပြင်ဆိပ်ကမ်းသို့ ဆွဲယူသွားခဲ့သည်။

ဘုတ်ပိုင်ရှင်၉ ဦးကိုလည်း စစ်တွေမြို့နယ် အမှတ် (၁) ရဲစခန်းတွင် ချုပ်နှောင်ကာ ရဲတပ်ဖွဲ့ကရေကြောင်းဥပဒေပုဒ်မ (၄၃) ဖြင့် အမှုဖွင့်ခဲ့သည်။ သို့သော် ၎င်းအမှုမှာ အာမခံပေးနိုင်သဖြင့် ဖမ်းဆီးပြီး ၁၀ ရက်အကြာသူတို့ကို ရဲက လွှတ်ပေးခဲ့သည်။


အဆိုပါစက်လှေများသည် ဘူးသီးတောင်၊ ရသေ့တောင်နှင့်ပေါက်တောမြို့များကို ခရီးသည်များနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးနေသည့်
အရပ်သား စက်လှေများဖြစ်ကြပြီး မည်သည့် တရားမဝင် ကုန်ပစ္စည်းများကိုတင်ဆောင်ခြင်း၊ သယ်ယူခြင်း မရှိဟု ဘုတ်ပိုင်ရှင်များက ပြောသည်။

 

သို့သော်လည်း စစ်ကောင်စီသည် ရခိုင်ပြည်တွင် ရခိုင်လူမျိုးများကိုအေအေတပ်တော်ကို ထောက်ခံကောင်းရလားဟုဆိုကာ အငြိုးအတေးဖြင့် မတရားဖမ်းဆီးဖိနှိပ်မှုများ ပြုလုပ်နေရာအဆိုပါ စက်လှေပိုင်ရှင် ၉ ဦးမှာ စစ်ကောင်စီတပ်၏ သားကောင်များဖြစ်ခဲ့၇ခြင်းဖြစ်ကြောင်းမြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက အင်တာဗျူးမေးမြန်းစဉ်ပြောဆိုသည်။

လက်ရှိတွင် စက်လှေ ၉ စီးစလုံးသည် ဖမ်းဆီးခံထားရဆဲဖြစ်ပြီးစက်လှေပိုင်ရှင် ရ ဦးသည် ရေကြောင်းဥပဒေပုဒ်မ (၄၃)ဖြင့် အာမခံဖြင့်အမှုရင်ဆိုင်နေ၇ကာ ကျန် ၂ ဦးမှာ ရေကြောင်းဥပဒေပုဒ်မ (၄၃)နှင့်မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)တို့ဖြင့် အမှုရင်ဆိုင်နေ၇
ခြင်းဖြစ်သည်။ (NN-2)

#တရားဥပဒေ# စစ်ကောင်စီ# ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.