Preview

ကျောက်တော်တွင် စစ်ဇက်ရေယာဥ် ၂ စီးကို AA ကတိုက်ခိုက်၊ စစ်ဇက်ရေယာဥ်များကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်

နိုဝင်ဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :2869
ရခိုင် သတင်း

နိရဥ္စရာ၊နိုဝင်ဘာ ၄/ ၂၀၂၂

၇ခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်ထဲတွင် စစ်ဇက်ရေယာဥ်၂ စီးကို ရက္ခိုင့်တပ်တော် (AA)ကတိုက်ခိုက်ခဲ့ပြီး စစ်ဇက်ရေယာဥ်များကလည်း အနီးအနားကျေးရွာများသို့လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်  ပြန်လည် တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်တွေဘက်မှ ကုလားတန်မြစ်အတိုင်းတက်လာသည့် အဆိုပါစစ်ဇက်ရေယာဥ်များကို AA တပ်ဖွဲ့ဝင်များကကျောက်တော်မြို့အရှေ့ဘက်ကမ်းရှိ သကြားစက် မော်ထောက်အနီးတွင်ယနေ့ နိုဝင်ဘာလ ၄ ရက် နံနက် ၉ နာရီ ၁၀မိနစ်ခန့်တွင်စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဒေသခံများက ဆိုသည်။

ယင်းသို့တိုက်ခိုက်ခံ၇၍ စစ်ဇက်ရေယာဥ်များဘက်ကလည်း လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အနီးအနားဝန်းကျင်သို့ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

"သူတို့က ကုလားတန်မြစ်ကြောင်း အတိုင်း ကျောက်တော် စကခ (၉)တပ်မကိုလာတာ။ အဲဒီမှာတိုက်ခိုက်ခံ၇လို့ သူတို့က အဲဒီကနေ ဖြိုပစ်နေတာ။ စစ်သားတွ အပေါ်ကိုတော့မတက်ကြသေးဘူး"ဟု ပြောသည်။

ယင်းသို့ပစ်ခတ်နေမှုကြောင့် အနီးအနားကျေးရွာများသို့ လက်နက်ကြီး၊ လက်နက်ငယ်များ ကျရောက်ပေါက်ကွဲလျက်ရှိပြီးဒေသခံများလည်း အထူးစိုးရိမ်ကြောက်လန့်နေရကြောင်း သိ၇သည်။

ဒေသခံတစ်ဦးက"လောလောဆယ် ခေါင်းတုတ်ရွာမှာ လက်နက်ကြီးတစ်လုံးကျတယ်လို့ သိ၇တယ်။ ပြီးတော့ ရွှေပြည်သစ်ရွာထဲလမ်းကြားမှာတစ်လုံးကျတယ်။ ကွမ်းသီးပင်တွေ ပြိုလဲသွားတယ်။နောက်ပြီး ရွာပြင်မှာတစ်လုံးကျတယ်။လူအထိအခိုက်တွေတော့လောလောဆယ်မရှိသေးဘူး"ဟု ယနေ့နံနက် ၁၀ နာရီ ၁၀ မနစ်တွင် ပြောသည်။

အဆိုပါစစ်ဇက်ရေယာဥ် ၂ စီးပေါ်တွင် ရိက္ခာများနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပါရှိပြီးတပ်ဖွဲ့ဝင်အင်အားမည်မျှပါရှိသည်ကို ပစ်ခတ်မှုများရှိနေဆဲဖြစ်သည့်အတွက်သွားမကြည့်ရဲ၍ မသိနိုင်သေးဟုလည်း ပြောသည်။

ပြီးခဲ့သည့်စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းကလည်းစကခ(၉)တပ်မအနီး ကုလားတန်မြစ်တွင် ရပ်နားထားသည့် စစ်ဇက်ရေယာဉ် ၂ စီးသည် AA ၏ တိုက်ခိုက်ခြင်းကို ခံခဲ့၇သည့်အတွက်စခက(၉)က လူနေကျေးရွာများသို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယင်းသို့ပစ်ခတ်ခဲ့မှုကြောင့် နဂရာကျေးရွာမှ ရွာသားအချို့လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့၇ပြီး အနီးအနားကျေးရွာအချို့မှရွာသားအချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ( NN-2)

#အေအေ/စစ်ရေး/ နိုင်ငံရေး# စစ်ကောင်စီ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.