Preview

ကုလားတန်မြစ်အတွင်း စစ်ဇက်ရေယာဉ် ၂စီးကို အေအေက တိုက်ခိုက်ပြီးနောက် လက်နက်ကြီးများပစ်ခတ်မှုကြောင့် ကျောက်တော်တွင် ဈေးနှင့် ကျောင်းများပိတ်လိုက်ရ

နိုဝင်ဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :1285
ရခိုင် သတင်း

နိရဉ္စရာ၊ နိုဝင်ဘာ ၄/၂၀၂၂

 

ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အတွင်းတွင် စစ်ရေယာဉ်ကို ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်မှုများကြောင့် အခြေအနေမှာ စိုးရိမ်စရာ အဆင့်ထိ ရောက်ရှိလာသဖြင့် ဈေးနှင့် ကျောင်းများကိုယာယီအရေးပေါ်ပိတ်လိုက်ရကြောင်း သတင်းရရှိသည်။

 

ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၉  နာရီကျော်တွင်  ကျောက်တော်မြို့နယ်၊ ကုလားတန်မြစ်အတွင်းမှ စစ်ဇက်ရေယာဉ်၂ စီးကို အေအေက တိုက်ခိုက်ပြီးနောက်  လက်နက်ကြီးကျည်များပစ်ခတ်သံများကြောင့်   ကျောက်တော်မြို့မဈေးနှင့် စာသင်ကျောင်းများကို ယာယီအရေးပေါ်ပိတ်ထားခဲ့၇ကြောင်း မြို့ခံများက ပြောသည်။

 

"မနက်ကလေ ခဏနေ သုံး၊ လေးချက်၊ တော်ကြာနေ သုံး၊ လေး ချက် ပစ်သံတွေ ဆက်တိုက်ကြားတော့ ဈေးထဲမှာ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ပြီး အကုန်ပိတ်ပြီး အိမ်ပြန်ကြတာ"ဟု ဈေးသည်တစ်ဦးက ပြောသည်။

 

ယင်းအပြင် ပစ်ခတ်မှုများကြောင့် စာသင်ကျောင်းများကိုပါ ယာယီပိတ်ထားခဲ့၇ကြောင်းကျောင်းသားမိဘ တစ်ဦးဖြစ်သည့် ဒေါ်ဌေးဌေးက ပြောသည်။

 

"ဇက်တက်လာတယ်လို့ ကျမတို့သိရကတည်းက သတိထားနေတာပေါ့နော်။ ထင်တဲ့အတိုင်းပဲ ပစ်သံတွေကြားတော့ ကိုယ့်သားသမီးကိုအမြန်သွားခေါ်ကြရတာပဲ။ ရွှေပြည်မှာဆို လူတွေပါထိတယ်လို့ ကြားတယ်"ဟု ပြောသည်။

 

ကုလားတန်မြစ်အတိုင်းတက်လာသည့် စစ်ဇက်ရေယာဉ်များကို AA တပ်ဖွဲ့ဝင်များက ကျောက်တော်မြို့အရှေ့ဘက်ကမ်းရှိ သကြားစက် မော်ထောက်အနီးတွင်ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင်စတင်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

 

ယင်းသို့ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ရွှေပြည်ရွာသစ်ကျေးရွာနှင့် မြင်းကပ်ကျေးရွာထဲသို့စစ်ကောင်စီဇက်ရေယာဉ်က လက်နက်ကြီးကျည်များ ပစ်ခတ်ကာကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အသက်၈၀ အရွယ် အဖိုး ၁ ဦးအပါအဝင် ဒေသခံ ၅ ဦး ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟု သိ၇သည်။ (NN-7)

#လက်နက်ကိုင်တော်လှန်ရေး#စစ်ကောင်စီ# မြန်မာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.