Preview

ကျောက်တော်မြို့နယ်တွင် လက်နက်ကြီးကျည်ထိမှန်ပြီး တစ်ရက်အတွင်းဒဏ်ရာ၇သူ ၂၆ ဦးရှိပြီး ယင်းအထဲက ၃ ဦးသေဆုံး

နိုဝင်ဘာ ၀၄/ ၂၀၂၂ | ကြည့်ရှုသူ :7753
ရခိုင် သတင်း
နိရဉ္စရာ၊နိုဝင်ဘာ ၄/၂၀၂၂

၇ခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကလက်နက်ကြီးကျည်များကို လူနေကျေးရွာများထဲသို့ပစ်ခတ်၍ ယနေ့တစ်ရက်တည်းအတွင်းလူပေါင်း ၂၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ယင်းအထဲက သေဆုံး ၃ဦးသေဆုံးသွားပြီဖြစ်ကြောင်း သိ၇သည်။

သေဆုံး ဒဏ်ရာ၇သူများမှာရွှေပြည်သစ်ကျေးရွာက ၂ ဦး သေ ၆ဦးဒဏ်ရာရ၊ ပိန္နဲချောင်းရွာက ၅ ဦးဒဏ်ရာရ၊ မြို့မရွာလက်ဆောင်ကောက်မူဆလင်ရွာက ၁ဦးဒဏ်ရာ၇၊ြင်းကပ်ကျေးရွာမှ၂ ဦ ဒဏ်ရာ၇   အလယ်ရွာက ၄ ဦး ဒဏ်ရာရ၊ ဝက်မှိုင်းရွာမှ ၁ ဦးသေ ၁ဦး ဒဏ်ရာရ၊ အုန်းပတီးရွာက ဒဏ်ရာ၇ ၄ ဦးတို့ ဖြစ်ကြသည်။

ယနေ့ နိုဝင်ဘာ၄ ရက် နံနက်ပိုင်းတွင် ကုလားတန်မြစ်အတွင်းမှ စစ်ဇက်ရေယာဉ် ၂ စီးကို ရက္ခိုင့်တပ်တော်အေအေက ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ၎င်းတိုက်ခိုက်မှုကို လက်တုံ့ပြန်ရာတွင် စစ်ကောင်စီတပ်သည်တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် လူနေကျေးရွာများကို လက်နက်ကြီးကျည်များဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်။

ရွှေပြည်သစ်ကျေးရွာထဲတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ ဦးမောင်တူ (၈၀) နှစ်နှင့် မောင်အောင်မင်းနိုင်(၈)နှစ်အရွယ်ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ခိုင်မှအမည်မဖော်လိုသူလူမှုရေး လှုပ်ရှားသူတစ်ဦးက ပြောသည်။

"လောလောဆယ် အသက်၈၀ အရွယ်အဖိုးတစ်ယောက်နဲ့(၈) နှစ်သားလေးတစ်ယောက် ဆုံးပါပြီ။ ကလေးက သူ့အမေနဲ့  ဗုံးတွင်းထဲဝင်ပုန်းရာမှာလက်နက်ကြီးကျည်ထိလို့ အခုလိုဖြစ်သွားတာ။ ကလေးက ဦးခေါင်းပွင့်ထွက်သွားပြီးပွဲချင်းသေသွားတယ်။ အမေဖြစ်သူမှာတော့ နောက်ကျောမှာ ဒဏ်ရာတွေ၇တယ်"ဟုပြောသည်။ 

ရွှေပြည်သစ်ကျေးရွာမှ ဒဏ်ရာ၇သူများမှာ တစ်အိမ်တည်းနေထိုင်ကြသည့် ကိုနိုင်နိုင်ဦး (၃၁နှစ်)၊ ဇနီး ဖြစ်သူဒေါ်ခိုင်ခိုင်မိုး(၃၂ နှစ်)နှင့် ဘေးနားအိမ်မှ မမိုးမိုးရီ (၂၂ နှစ်)တို့ အပါအဝင် ၆ ဦးဖြစ်ကြသည်။

မြင်းကပ်ကျေးရွာမှဦးကျော်လှိုင်(၅၀ နှစ်)နှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပြီး  လက်ဆောင်ကောက် မူဆလင်ကျေးရွာမှလည်း အမျိုးသား ၁ ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟုသိ၇သည်။

ဝက်မှိုင်းကျေးရွာက ၂ ဦးဒဏ်ရာ၇ပြီး ယင်းအထဲက သေသွားသူမှာအသက် ၅၁နှစ် အရွယ် ဒေါ်အေးသန်းနုဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

" အိမ်မှာနိန်ရင်း နေ့လယ် ၂ နာရီလောက်မှာ  ထမင်းချက်ဖို့ပြင်နေတုန်း ကျောက်တော် တောင်ထက်မှာရှိတဲ့ စစ်တပ်က  စ်လိုက်တဲ့ လက်နက်ကြီးကျဥ်ထိမှန်ပြီးတော့ ၁၅မိနစ်လောက်အကြာမှာသေသွားတာပါ " ဟုပြောသည်။

အုန်းပတီးကျေးရွာတွင်လည်း  ဦးဒဏ်ရာ၇ကာ ယင်းအထဲကအမျိုးသမီးတစ်ဦးကို ကျောက်တော်မြို့ သို့ဆေးကုသရန် ယူဆောင်လာခဲ့သည်ဟု သိ၇သည်။

လက်ရှိတွင်လက်နက်ကြီးပစ်ခတ်မှုများရှိနေဆဲဖြစ်ပြီး ဒဏ်ရာရသူကိုလည်း နာရေးကားများက ဆေးရုံသို့ ပို့ဆောင်ရန် အရဲစွန့်၍ ွားရောက်ယူဆောင်နေသည်ဟုသိ၇သည်။ 

စစ်တွေဘက်မှ ကုလားတန်မြစ်အတိုင်းတက်လာသည့် စစ်ဇက်ရေယာဉ်၂ စီးကို AA တပ်ဖွဲ့ဝင်များကကျောက်တော်မြို့အရှေ့ဘက်ကမ်းရှိ သကြားစက် မော်ထောက်အနီးတွင်ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင်စတင်တိုက်ခိုက်ခဲ့ရာမှ အထိအခိုက်များခဲ့ည်ဟုဒေသခံများက ဆိုသည်။ 

ယင်းသို့တိုက်ခိုက်ခံ၇၍ စစ်ဇက်ရေယာဉ်များဘက်ကလည်းလက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အနီးအနားဝန်းကျင်သို့ ရမ်းသမ်းပစ်ခတ်နေသဖြင့်  လူနေကျေးရွာများထဲ ကျရောက်၍  အပြစ်မဲ့ဒေသခံရွာသားများထိခိုက်သေဆုံးမှုရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

 ပြီးခဲ့သည့် စက်တင်ဘာလ၁၉ ရက် ညနေပိုင်းကလည်း စကခ(၉)တပ်မအနီး ကုလားတန်မြစ်တွင် ရပ်နားထားသည့်စစ်ဇက်ရေယာဉ် ၂ စီးသည် AA ၏တိုက်ခိုက်ခြင်းကို ခံခဲ့၇သည့်အတွက် စခက(၉)က လူနေကျေးရွာများသို့လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။ 

ယင်းသို့ပစ်ခတ်ခဲ့မှုကြောင့် နဂရာကျေးရွာမှရွာသားအချို့ လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့၇ပြီး အနီးအနားကျေးရွာအချို့မှရွာသားအချို့လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။(NN-7)

#စစ်ကောင်စီ#အကြမ်းဖက်#ရခိုင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.